Saturday, July 9, 2011

ဘရိုက်တန် ကမ်းခြေမြို့မှာ တည်းစရာ


ှဘရိုက်တန်မှာတော့ ဟိုတယ်တွေက ကမ်းနားတလျောက်မှာ အများကြီး တွေ့ရမှာပါ။ ပင်လယ် ကမ်းခြေ ဘက်ကို မျက်နှာမူတဲ့ ဟိုတယ်တွေက ပိုဈေးကြီးပါတယ်။ ပေါင် ၁၀၀ ကနေ ပေါင် ၃၀၀ လောက်ထိ ရှိတတ် ပါတယ်။ ကမ်းခြေတဲ့ ဝေးတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာတော့ အနည်းဆုံး ပေါင် ၃၀ လောက် ထိ ဈေးနည်း တာလည်း ရှိတတ်ပါတယ်။ ပျမ်းမျှ ဟိုတယ်ဈေးနှုန်းတွေ ကတော့ နှစ်ယောက်ခန်းအတွက် ပေါင် ၇၀ လောက်ရှိပါတယ်။
Sandalwood Hotel ဟိုတယ်လေးကတော့ ကမ်းခြေကို မျက်နှာမမူပေမယ့် ကမ်းခြေနဲ့အတော်နီးပါတယ်။ ရထား ဘူတာနဲ့တော့ ကားနဲ့ဆိုရင် ၅-၁၀ မိနစ်လောက်သွားရပြီး လမ်းလျောက်ရင်တော့ မိနစ် ၂၅ မိနစ် လောက် လျောက်ရပါလိမ့်မယ်။ ကမ်းခြေဘက်ကနေ ဖြည်းဖြည်းချင်း လျောက်သွားလို့လည်း ရပါတယ်။ ဒီဟိုတယ်ရဲ့ ဈေးကလည်း အသင့်အတင့်လောက် ရှိပါတယ်။ အခန်းအပေါ်မူတည်ပြီး ပေါင် ၅၀ ကနေ ၁၅၀ ကြားလောက် ရှိတတ်ပါတယ်။ လိပ်စာကတော့

Sandalwood Hotel, 27 Lower Rock Gardens, BN2 1PG, Tel: 01273 682 667


0 comments:

Post a Comment