Showing posts with label Mid-East အရှေ့အလယ်ပိုင်း. Show all posts
Showing posts with label Mid-East အရှေ့အလယ်ပိုင်း. Show all posts

Tuesday, July 12, 2011

ကာတာနိုင်ငံ - ဒိုဟာမြို့တော်

ကာတာနာမည်ကတော့ ကာတာလေကြောင်းလိုင်းက မြန်မာပြည်နဲ့လည်း ပျံသန်းနေတာမို့ ကာတာနာမည်ကိုတော့ ကြားဖူးနေပါတယ်။ နောက်ပြီး မြန်မာနိုင်ငံသား တချို့လည်း အလုပ်လုပ်နေကြတာ ရှိပါတယ်။


ကာတာဟာ အာရပ်နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဒိုဟာဆိုတာကတော့ အာရဗီ ခေါ် အာရပ် ဘာသာလို သစ်ပင်ကြီးလို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။ ကာတာဟာ ပင်လယ်ဝိုင်းတဲ့ ကျွန်းဆွယ် နိုင်ငံ ဖြစ်ပေမယ့် ပူပြင်းတဲ့ နိုင်ငံတနိုင်ငံပါ။ ပါရှန်း ပယ်လယ်ကွေ့ရဲ့ အလယ်လောက်မှာ ရှိပြီး ဘေးမှာတော့ ဆော်ဒီအာရေးဗီးယား၊ အထက်မှာ ဘာရိန်း နဲ့ အောက်ဘက်နားမှာ ယူအေအီး နိုင်ငံတွေ ရှိပါတယ်။ ဆောင်းတွင်းမှာ မြန်မာပြည် ရှမ်းပြည်နယ်လောက် အေးသလို နွေမှာတော့ မန္တလေးထက် ပိုပူပါတယ်။ ဧပြီကနေ စက်တင်ဘာလောက်ထိက ၄၀ ဒီဂရီ စင်တီဂရိတ်အောက် မကျပါဘူး။ တခါတရံ ၄၉ ဒီဂရီထိ ရှိတတ်ပါတယ်။

လူဦးရေက စုစုပေါင်းမှ ၂ သန်းလောက်ပဲ ရှိပြီး အဲဒီထဲမှာ ၁ သန်းခွဲလောက်က ဒိုဟာ မြို့တော်မှာ ရှိပါတယ်။ သမိုင်းတလျောက် ဆော်ဘွားတွေ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပေမယ့် ၂၀ ရာစု အစပိုင်းမှာတော့ ဗြိတိန် ကိုလိုနီ ဖြစ်ခဲ့ရပြီး ၁၉၇၁ ကမှ လွတ်လပ်ရေး ပြန်ရတာ ဖြစ်ပါတယ်။

နိုင်ငံသေးသေးလေးထဲမှာ ခေတ်မီတိုက်တာ အဆောက်အအုံတွေ၊ မိုးမျှော် တိုက်တွေကတော့ ဆောက်လုပ်ကို မပြီးနိုင်အောင်ပါပဲ။ နိုင်ငံတကာ ဟိုတယ်ကြီးတွေကလည်း ဟီးထနေပါတယ်။











-

စမ်းသပ်တည်ဆောက်ဆဲ Under Construction

-

စမ်းသပ်တည်ဆောက်ဆဲ Under Construction

Thursday, February 4, 2010

dubai testing

စရာ

Wednesday, February 3, 2010

အရှေ့လယ်ပိုင်း

အရှေ့အလယ်ပိုင်းက ဒူဘိုင်း၊ ဒိုဟာ၊ ဘာရိန်း၊ အစ္စရေး၊ ဆော်ဒီအာရေးဗီးယား