Showing posts with label Kachin ကချင်. Show all posts
Showing posts with label Kachin ကချင်. Show all posts
Saturday, July 9, 2016
ကချင် အထူးဒေသ ၁ မှ လန်နရေတံခွန် (ဧရာဝတီ)
အပန်းဖြေစခန်းကောင်း တခုဖြစ်လာမယ့် ကချင် အထူးဒေသ ၁ မှ လန်နရေတံခွန်
လန်နရေတံခွန်
လန်နရေတံခွန်(ဓာတ်ပုံ – ထွန်းထွန်း/ဧရာဝတီ)
ကချင်ပြည်နယ် အထူးဒေသ(၁) နယ်မြေ ဆဒုံးမြို့နယ်ခွဲအတွင်း စိမ်းလန်းတဲ့တောတောင်ရှုခင်းတွေကြား တည်ရှိနေတဲ့ လန်နရေတံခွန် (ဒေသခံများအခေါ် ဆဒုံးရေတံခွန်) ဟာ သဘာဝအတိုင်းလှပနေတဲ့ အပန်းဖြေနေရာတခု ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ကနေ ကားနဲ့တောင်ကြောပေါ်ကလမ်းအတိုင်း မောင်းနှင်းဖြတ်ကျော်ပြီး ၁ နာရီခွဲခန့်အကြာမှာတော့ လန်နရေတံခွန်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ လန်နရေတံခွန်ဟာ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ဆနာကျေးရွာ အုပ်စု၊ အင်ဝမ်ခေါင်ဖွံ့ဖြိုးရေးကျေးရွာအပိုင်ထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ကနေ တရုတ်ပြည်နယ်စပ်အထိ လမ်းပေါက်နေတဲ့ ဝိုင်းမော်-ကန်ပိုက်တီးလမ်းမကြီး ဖောက်လုပ်ခဲ့စဉ် လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က လန်ဒရေတံခွန်ကို စတင်တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လန်နရေတံခွန်
(ဓာတ်ပုံ – ထွန်းထွန်း/ဧရာဝတီ)
ရေတံခွန်သွားရာလမ်းတလျောက် တောတောင်သဘာဝအလှတွေကို မြင်တွေ့ခံစားနိုင်ပြီး ရေတံခွန်ဟာ လမ်းမကြီးရဲ့ တဖက်တောင်ကြောမှာ တည်ရှိတာဖြစ်တဲ့အတွက် လွယ်ကူစွာသွားရောက်လည်ပတ်နိုင်ဖို့ ဟိုယခင်ကတည်းက တည်ရှိနေတဲ့ ဝါးလုံးတံတားနေရာမှာ ကြိုးတံတားအသစ်ကို အစားထိုးတည်ဆောက်ပေးနေတာကို တွေ့ရပါတယ်။
လန်နရေတံခွန်
လန်နရေတံခွန်(ဓာတ်ပုံ – ထွန်းထွန်း/ဧရာဝတီ)
ကြိုးတံတားသစ်ရဲ့ဖွင့်ပွဲကို တရားဝင်ဖွင့်လှစ်ခြင်း မပြုသေးပေမယ့် ဖြတ်ကျော်ခွင့်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ရေတံခွန်ဝင်ကြေးကို တရားဝင်သတ်မှတ် ကောက်ခံခြင်းမျိုးမရှိသေးပေမယ့် အထူးဒေသ(၁) အဖွဲ့က ရေတံခွန် သန့်ရှင်း ရေး လုပ်ငန်းအတွက်ဆိုပြီး တဦးကို ကျပ် ၅၀၀ ကောက်ခံတယ်လို့ ရေတံခွန် ထိန်းသိမ်းကြီးကြပ်ရေးတာဝန်ခံ ဦးလချမ်လွမ်ဒေါင်က ပြောပါတယ်။
ဒေသခံတွေ အဆိုအရတော့ လန်နရေတံခွန်ဟာ ၇ ဆင့်ရှိတယ်လို့ဆိုကြပြီး တချိုးကလည်း ၉ ဆင့်အထိ ရှိတယ်လို့ ဆိုကြပေမယ့် ရေတံခွန်ကို လာရောက်လည်ပတ်သူတွေအနေနဲ့ အဆင့် ၅ ဆင့်လောက်သာ မြင်တွေ့ရမှာဖြစ်တယ်လို့ ဦးလချမ်လွမ်ဒေါင်က ဆိုပါတယ်။
ရေတံခွန်အပေါ် တက်ရာလမ်းကြောင်းကို သစ်သားချောင်း၊ ကျောက်တုံးလေးများနဲ့ ၄ ဆင့်အထိ ပြုလုပ် တည် ဆောက် ပေးထားပြီး လာရောက်လည်ပတ်သူတွေ အနားယူအပန်းဖြေနိုင်ဖို့ နှစ်ထပ်ဘန်ဂလိုတခုနဲ့ သစ်သားတဲများ၊ ခုံတန်းလေးများကိုလည်း ဆောက်လုပ်ပေးထားပါသေးတယ်။
လန်နရေတံခွန်
လန်နရေတံခွန်(ဓာတ်ပုံ – ထွန်းထွန်း/ဧရာဝတီ)
လန်နရေတံခွန်ကို လာရောက်လည်ပတ်တဲူသူတွေအတွက် ညအိပ်တည်းခိုစရာ နေရာမရှိသေးပေမယ့် စားသောက် အပန်းဖြေဖို့အတွက် စားသောက်ဆိုင် ၅ ဆိုင်ခန့် ဖွင့်လှစ်ရောင်းချနေတာကို တွေ့ရပါတယ်။ စားသောက်ဆိုင်တွေမှာ ထမင်း၊ဟင်းနဲ့ ကချင်ရိုးရာအစားအစာတွေကို ၀ယ်ယူစားသောက်နိုင်ပါတယ်။
လတ်တလောက မိုးရာသီကာလရောက်နေတော့ လန်နရေတံခွန်ကို လာရောက်လည်ပတ်သူ နည်းပါးနေပြီး ပွင့်လင်း ရာသီနဲ့ သင်္ကြန်ကာလတွေမှာတော့ ရေကစားကြသူတွေနဲ့ စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုံးပိတ်ရက် တွေမှာတော့ လာရောက်လည်ပတ်သူ ၁၀၀ ခန့် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လန်နရေတံခွန်ကို ထိန်းသိမ်းကြီးကြပ်နေကြတဲ့ အထူးဒေသ (၁) အဖွဲ့ရဲ့တာဝန်ရှိသူတွေက လာရောက် လည်ပတ်သူ တွေ ဘေးအန္တရာယ်ကင်းစွာနဲ့ အချိန်မရွေးရေကစားနိုင်ဖို့ မကြာခင်ကာလအတွင်း ရေချိုးရေကူးရာ နေရာတွေကို သတ်မှတ် ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
“ရေတံခွန်ထဲမှာ ရေချိုး၊ ရေကစားလို့ရအောင် နှစ်နေရာလုပ်ပေးမယ်၊ ဘေးဘက်တွေ မှာလည်း ပန်ခြံသဘောမျိုး အပင်လေးတွေ စိုက်မယ်၊ ဟိုဘက်ဒီဘက်ကူးဖို့ တံတားလဲ ထိုးပေးဖို့ရှိတယ်”လို့ ဦးလချမ်လွမ်ဒေါင်က ပြောပါတယ်။
လန်နရေတံခွန်ကို ခရီးသွားအပန်းဖြေနေရာတခုအဖြစ် ဖန်တီးပြောင်းလဲဖို့ ပြင်ဆင်တဲ့နေရာမှာ လည်ပတ်သူတွေ တနေ့တာအနားယူအပန်းဖြေနိုင်ဖို့ ဘန်ဂလို၊ တည်းခိုခန်းတွေ ထပ်မံတည်ဆောက်ရမှာ ဖြစ်သလို့ ရေတံခွန်ပေါ် တက်ရာ လမ်းတွေကိုလည်း သစ်သားတံတားတွေ တည်ဆောက်ပေးဖို့ ရှိတယ်လို့ သူကဆိုပါတယ်။
ရေတံခွန်ကို အဆင့်မြင့်တင်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ့်အချိန်နဲ့ တည်ဆောက်ပြီးစီးမယ့် အချိန်ကို တော့ ကြီးကြပ်သူတွေက အတိအကျ ပြောဆိုခြင်းမရှိပါဘူး။ ရေတံခွန်ကို ထိန်းသိမ်းကြီးကြပ်တဲ့အဖွဲ့က လန်န ရေတံခွန် ကို အများပြည်သူ လွတ်လပ်စွာလည်ပတ်နိုင်တဲ့ အပန်းဖြေခရီးသွား နေရာတခုအဖြစ် ဖန်တီးတည်ဆောက်ဖို့ လိုအပ်တာတွေကို ပြင်ဆင်စုဆောင်းနေပြီလို့ ပြောဆိုပါတယ်။
လန်နရေတံခွန် တည်ရှိတဲ့နေရာက ပြည်တွင်းခရီးသွားဧည့်သည်တွေ အလွယ်တကူသွားလာလို့ မလွယ်ကူပေမယ့် မြစ်ကြီးနားခရိုင်အနီးတဝိုက်က ဒေသခံတွေအတွက် သွားရောက်တဲ့လမ်းခရီးမှာ လုံခြုံရေး အနည်းငယ် တင်းကျပ်ပေမယ့် အပန်းဖြေလည်ပတ်နိုင်တဲ့ နေရာကောင်းတခုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
မူရင်း ဆောင်းပါး - http://burma.irrawaddy.com/lifestyle/2016/07/09/118164.html
Saturday, February 9, 2013
ပူတာအိုက အဆင့်မြင့်တည်းခိုအိမ် - Malikah Lodge
Malikha Lodge လို့ခေါ်တဲ့ ဒီ မလိခစံ တည်းခိုအိမ်ငယ်ကတော့ ကချင်ပြည်နယ် မြောက်ဖျား ပူတာအို အနီးမှာ တည်ရှိပြီး သဘာဝအလှတွေ ခံစားနိုင်တဲ့ တည်းခိုအိမ်တွေပါ။ မရောက်ဖူးပေမယ့် အတော် စိတ်ကူးယဉ်ချင်စရာ ကောင်းတာမို့ သူ့ရဲ့ မူရင်း ၀က်ဘ်ဆိုက်နဲ့ တခြား ရီဗျူးတွေ ဖတ်ပြီး အနည်းငယ် ပြန်မျှဝေပါရစေ။
ဒီဟိုတယ်ကို ဒီဇိုင်းဆွဲတာကတော့ နာမည်ကျော် ဗိသုကာ ဒီဇိုင်းပညာရှင် Jean-Michel Gathy ဆွဲတာလို့ သိရပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒေသတွင်းက ဟိုတယ်ကြီးတချို့ကို ဒီဇိုင်းဆွဲပေးခဲ့သူလည်း ဖြစ်ပါတယ်။ 
အိမ်လေးတွေ ကြည့်ရတာကတော့ ခြေတံတို သစ်သားအိမ်လေးတွေလို့  ထင်ပါတယ်။ သစ်သားအပြင် ၀ါးနဲ့ သက်ကယ်တွေလည်း အသုံးပြုထားပုံပါပဲ။ ပရိဘောကတွေကလည်း သဘာဝ သစ်ပင် ကြိမ်ပင်တို့နဲ့ လုပ်တဲ့ ပရိဘောဂတွေ တွေ့ရတယ်။ ဘေးနားက တောရိပ် တောင်ရိပ်နဲ့တော့ လိုက်ဖက်နေပါတယ်။ ရာသီဥတုအေးတဲ့အခါမှာလည်း လျပ်စစ်အပူထက် သဘာဝ မီးဖိုလေးတွေ လုပ်ပေးထား ပါတယ်။ ရေချိုးဖို့အတွက်လည်း သစ်သားနဲ့ လုပ်ထားတဲ့ Bathtub တွေကို ထည့်ပေး ထားတာ တွေ့ရပါတယ်။ ပုံကြည့်ရတာကတော့ တော်တော်လေး လန်းပါတယ်။ နောက်ပြီး ခပ်လှမ်းလှမ်းမှာတော့ ဟိမ၀န္တာ အရှေ့ဖျားက (ခါကာဘိုရာဇီလို့ ယူဆရတဲ့) ရေခဲတောင်တွေ လှမ်းမြင်နေရပါတယ်။ ဟိုတယ်မှာ အပမ်းဖြေတာအပြင် လမ်းလျောက်ခရီး၊ တောင်တက်ခရီး၊ စက်ဘီးခရီး၊ သဘာဝ ပတ်ဝန်းကျင် လေ့လာရေးခရီး၊ ဒေသခံတွေရဲ့ ရိုးရာ လေ့လာရေး ခရီး .... စသည်ဖြင့် လုပ်နိုင်မယ် ထင်ပါတယ်။
ဤခရီး မနီးပါ
ပူတာအိုနားမှာဆိုတော့ ခရီးကတော့ အတော်ဝေးဝေး သွားရပါလိမ့်မယ်။ ရန်ကုန်ကနေဆိုရင် လေယာဉ် သုံးဆင့် စီးရမှာပါ။ ရန်ကုန်ကနေ မန္တလေး၊ အဲဒီကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို သုံးဆင့်ပါ။ စုစုပေါင်း လေယာဉ်စီး ကြာချိန်က ၅ နာရီလောက် ဖြစ်နိုင်ပါတယ်။ ဒါတောင် စောင့်ရတာတွေ မပါသေးဘူး။
ကုန်ကျစရိတ်ကတော့ လေယာဉ်ခရီးရယ်၊ နိုင်ငံတကာ အဆင့်မီ ဟိုတယ်ခရယ်ကြောင့် မသေးနိုင်ပါဘူး။ ၂၀၁၂ ဈေးနှုန်းကိုတော့ ဟိုတယ် ၀က်ဘ်ဆိုက်ကနေ ကူးပြီး ဖော်ပြလိုက်ပါတယ်။ အသေးစိတ်ကိုလည်း အဲဒီမှာ သွားပြီး စုံစမ်းနိုင်သလို သွားဖူးသူတွေရဲ့ မှတ်ချက် ကွန်မန့်တွေကို TripAdvisor မှာလည်း ဖတ်နိုင်ပါတယ်။
Malikha Lodge မလိခ စံအိမ် အပမ်းဖြေ ဟိုတယ် 
Prices do not include any drinks from our special reserve list, private laundry, and beauty treatments.The following rates are valid until April 30th 2012
2 night                          USD 1500 Per person
3 night                          USD 1990 Per person
4 night                          USD 2450 per person
7 night                          USD 3600 per person
Scheduled departures are every Tuesday and Friday from October to April inclusive
Yangon Reservation Office
    Kandawgyi Palace Hotel (Annexe), Kan Yeik Tha Road,
    Mingalar Taung Nyunt Township, Myanmar.
    Tel: (95-1) 399334~7
    Fax: (95-1) 399338
    Email:rsvmalikha@myanmar.com.mm
    Malikha Lodge
    Mulashidi Village, Putao Township,
    Northern Kachin State, Myanmar.
    Tel: 09 860 0659, 09 840 1065
    Email:malikhalodge@gmail.com
TripAdvisor Reviews
Sunday, February 3, 2013
အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်
တည်နေရာ
ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ခါကာဘိုရာဇီတောင် သည် ဟိမ၀န္တာတောင် တန်းနှင့်
ဆက်စပ်နေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ)မြင့်ပါသည်။
အချို့မှတ်တမ်း မူကွဲများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြပါသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' ကြားတွင်ရှိသည်။ သည်တောင်ရှိရာ ဒေသ သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ အစဉ်ဖုံးလွှမ်းနေပါသည်။တိဗတ်နှင့် မြန်မာ နယ်စပ်လည်းဖြစ်ပါသည်။
အမည် ၏ အဓိပ္ပာယ်
ခါခါဘိုရာဇီ သည် တိဗတ်အမည်ဖြစ်ပြီး  ခါဆိုသည်မှာ နှင်းဖြစ်ပြီး ခါဘို မှာ အဖြူဟု သတ်မှတ်သည်။
ခါကာဘိုရာဇီ အမည်သည် ကချင်ပြည်နယ် ရ၀မ်လူမျိုးများ ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံ
ထွက်ခြင်း /ပြောခြင်း ၊ ရာဇီမှာ တောင်ကို ခေါ်သည်။အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။
စတင်ရောက်ရှိသူများ
ခါကာဘိုရာဇီတောင် ကို ၁၉၂၃ တွင် အိန္ဒိယမြေတိုင်း အဖွဲ့ အလုပ်သဘောလာရင်း စတင်တွေ့ရှိခဲ့သည်
ဟု ဆိုကြသည်။ဒီတောင်ပေါ်သို့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသား တစ်ဦးသည် လမ်းပြ တိဗတ်လူမျိုး
မြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် တတ်ရောက်နိုင်ခဲ့သည်။ မှတ်တမ်းအရ ထိုနှစ်ဦးသာ ဖတ်ဖူးပါသည်။ ၁၉၉၆ လောက်ဟုထင်ပါသည်။(ကျွန်တော်ဖတ်ဖူးသာ ကြာပြီဖြစ်သဖြင့် ခုနှစ်လွဲမှားလျှင်
ခွင့်လွှတ်ကြပါ)ယနေ့ခေတ် ၂၀၁၃ လောက်တွင် မြန်မာ တောင်တက်အသင်းမှ အဖွဲ့တစ်ဖွဲ့ တောင်ခြေ
အထိရောက်ခဲ့သည် ဟု ဂျာနယ်တစ်ခုတွင် ဖတ်လိုက်ရပါသည်။
ပေါက်ရောက်ရာအပင်များ
ဒီတောင်ရှိရာ ဒေသ တွင် အသက်ရှည်ဆေးဟု နာမည်ကြီးသော မချစ်ဥ များပေါက်ပါသည်။
ရေခဲတောင်ဒေသတွင် အမြင့်ပေ ၄၀၀၀ ၀န်းကျင်မှစ၍ အပင်ကြီးများ မပေါက်ရောက်နိုင်ပေ။ ကျူဝါးပင်များနှင့် တောင်ပေါ်မြက်ခင်းများ ပေါက်ရောက်လေသည်။ ကျူဝါး မြက်ဂေဟ စနစ်သည် ရေခဲလိုင်းကို သတ်မှတ်ပေးသည်။ ယင်းဂေဟစနစ် ကြောင့်လည်း ရေအရင်းအမြစ်ရှိနေသည်။ ကျူဝါးမြက်ဂေဟစနစ်နှင့် အတူ မီတာ ၃၀၀၀ တွင် ၀က်သစ်ချ၊ ထင်းရှူး၊ မေပယ်လ်နှင့် မိုးမခပင်များ ပေါက်ရောက်သေးသည်။ အပြန် အလှန်အကျိုးပြုနေသော ဂေဟစနစ် များပင်ဖြစ်သည်။
လူမျိုးများ
ဒီတောင်ရှိရာဒေသတွင်တိဘတ် ၊ ကချင် ၊ ထလု ၊ ထရုန် လူမျိုးများနေထိုင်ကြပါသည်။
ထရုန်လူမျိုးသည် မျိုးဆက်ပျောက်ကွယ် မတက် ဖြစ်နေသည်။
ယနေ့ အခြေအနေ
ယခု အခါတွင်တော့ သစ်ပင်သစ်တောများ ထုတ်ယူသုံးစွဲမှု၊ ရှားပါး အပင်များ၊ ရေခဲတောင်ဒေသတွင် ပေါက်ရောက် သည့်အပင်များအား ထုတ်ယူသုံးစွဲမှု များလာခြင်းက ဂေဟစနစ်ကို ပျက်စီး လာစေသည်။ ရေခဲလိုင်းများကို မြင့်တက်လာစေသည်။
  ယခုအခါ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီ တောင်ခြေဒေသတို့၌ ထင်း နှင့် အခြားအသုံးပြုမှု၊ စီးပွားဖြစ် ထုတ်ယူသုံးစွဲလာမှုတို့က ဂေဟစနစ် ကို ပျက်စီးလာစေခဲ့ပြီ။
ကျူဝါးမြက်ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် အခုဆိုအပူချိန်တွေ  မြင့်တက်လာသည်။  ရေခဲဖုံးဒေသ တွေမှာ ရေခဲတွေအချိန်စော အရည်ပျော်ကျလာသည်။  ရေခဲလိုင်းတွေက လည်း အမြင့်ပေ ၃၅၀၀ ကနေ ၄၀၀၀ လောက်အထိ မြင့်တက် သွားသည်။ အရင်တုန်းက ရေခဲလိုင်းကို အမြင့်ပေ ၇၀၀၀ လောက်မှာစပြီး တွေ့နိုင်ပေမယ့် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကစပြီး ရေခဲလိုင်းတွေကို ပေ ၁၀၀၀၀ ကျော် လောက်မှာမှ စတွေ့ရပါတော့သည်။
(မှတ်ချက်။ ။ ဓာတ်ပုံနဲ့ အချက်အလက်တွေကို နေခရမ်းရဲ့ ဘလော့ဂ်ကနေ ပြန်လည် မျှဝေပါတယ်။)
Saturday, February 2, 2013
ဆဒုံး (ခေါ်) လန်နခ ရေတံခွန်၊ ကချင်ပြည်နယ်
ဒီနေရာလေးကတော့ မြစ်ကြီးနားမြို့ ကိုအလည်ရောက်လာတဲ့ မိတ်ဆွေ များကို လည်ပတ်ဖို့ တစ်နေရာအဖြစ် တည်ရှိခဲ့ တာမကြာသေးပါဘူး။
တည်နေရာ
လမ်းခရီး နှင့် အတွေ့ အကြုံ
မြစ်ကြီးနားမှ ဆဒုံးသို့ မိုင်(၄၀)ကျော် ကွာဝေးပါတယ်။  လမ်းခရီး ကောင်းပြီး တောတောင်များကို ဖောက်လုပ်ထားတဲ့  လမ်းမကြီး တစ်လျောက်ကလည်း
အကွေ့ အကောက်အတက်အဆင်းများနဲ့ စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။ နေ့ စဉ် တရုတ်ပြည်နယ်စပ်တို့ ကုန်သွယ်ခရီးသွားလာသူများမပြတ်တာကြောင့်..ခရီးလမ်းစည်ကားပါတယ်။
ဆဒုံးရေတံခွန် ဟာ ယခင် မထင်မရှားတည်ရှိခဲ့ စဉ်က စားသောက်ဆိုင် နဲ့ ဓာတ်ဆီ အရောင်းဆိုင်များကျဲပါးပြီး..ထိုစဉ် က စားသောက်စရာများ၊ဓာတ်ဆီများကို မြစ်ကြီးနား(သို့ )၀ိုင်းမောမြို့ ဘက်ကနေ အပြည့် ထည့်ပြီး အပျော်ခရီး သွားလာခဲ့ ကြပါတယ်။
ယခုကတော့….ထိုနေရာကိုအပန်းဖြေနေရာတစ်ခုအဖြစ်တည်ရှိစေလိုသောကြောင့် …လန်နခဟု အမည်တွင်စေပြီး ဆိုင်ကယ်၊ ကားရပ်နားရန်နေရာ နှင့် စားသောက်ဆိုင်များ၊ ဓာတ်ဆီအရောင်းဆိုင်များဖြင့် စည်ကားနေပါတယ်။
ရေတံခွန်အသွင်အပြင်
တောင်မြင့်ပေါ်မှ သဘာဝအတိုင်းစီးဆင်းလာတဲ့ ၊ကျဆင်းလာတဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ရေတံခွန်မှာ မတ်စောက်သောတောင်ပေါ်မှစီးကျလာပြီး(၈)ဆင့်မျှရှိသည်ဟုပြောဆိုကြသော်လည်း
တကယ်တမ်းရေတံခွန်မှာမတ်စောက်ခြင်း၊ကျောက်ဆောင်ပေါ်တွင်တည်ရှိသောကြောင့်အလွတ်တမ်း ဆင်းတက်ရန်အနည်းငယ်ခက်ခဲပါတယ်။တက်ရောက်သူများလည်းမတော်တဆမှုများရှိခဲ့သောကြောင့် တာဝန်ရှိသူများမှအသိပေးဆိုင်းဘုတ်များဖြင့်မတက်ကြရန်လည်းသတိပေးထားပါတယ်။ထိုကြောင့် လာရောက်သူအများစုမှာ…အဆင့်(၄)ဆင့်ထိသာတက်ရောက်ကြတာများပါတယ်။
တောင်ကြားပေါ်မှ ကျဆင်းလာသောရေဟာ ကြည်လင်အေးမြလျက်ရှိပါတယ်။လာရောက်အပန်းဖြေသူများရေဆော့ကစားတက်ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးရန်အတွက်နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ယခင် ရေတံခွန် သို့ အတက်အဆင်းနေရာများ၊ချောင်းသို့ ကူးရန်နေရာများမှာ အဆင်သင့်မရှိသော်လည်း၊ယခုအခါ လေလံဆွဲထားသော ကုမ္ပဏီမှ အဆင်းအတက်လမ်းများဖောက်လုပ်ခြင်း၊တံတားထိုးထားခြင်းကြောင့်
ရေတံခွန်သို့ သွားရောက်ရန်လွယ်ကူလာပါတယ်။တောတောင်အလှအပများ ကိုခံစားရင်းခရီးသွားလာခြင်းနှစ်ခြိုက်တက်သူများ၊ခရီးဆန်းဆန်းသွားလာတက်သူများအတွက်ဆဒုံးရေတံခွန် သို့ အလည်အပတ်ခရီးဟာအပန်းပြေစိတ်လန်းဆန်းစေမှာအသေအချာဖြစ်ပါတယ်။
ဆဒုံး(ခေါ်)လန်နခရေတံခွန်အနီး ၀ါးတံတားပေါ်တွင် Shayi Fashion အတွက်အဆိုတော် မော်ဒလ် ချမ်းချမ်းမှ အလှပြရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။
(မှတ်ချက်။ ။ ဒီဆောင်းပါးကို http://www.myitkyinaonline.com ကနေ ပြန်လည် ကူးယူ မျှဝေပါတယ်။
Monday, July 25, 2011
ကချင်ပြည်နယ် နဲ့ မြို့တော်မြစ်ကြီးနား
sign of welcome to Myitkyina
Myitkyina, Kachin State
Kachin State (Jingphaw Mungdaw) is the northernmost state of Myanmar. It is bordered by China to the north and east; Shan State to the south; and Sagaing Division and India to the west. The capital of the state is Myitkyina and other important towns include Bhamo. The ethnicities group includes Kachin, Myanmar, Shan, Naga, Indians, and Chinese, live together peacefully. Major religions are Theravada Buddhism and Christianity, but other religions such as animism, Hinduism and Islam are also practiced.
Myitkyina, the capital city of Kachin State, is located 919 miles from Yangon, or 487 miles from Mandalay. In Burmese it means “near the big river”, and in fact “Myitkyina” lies on the west bank of the Ayeyarwady River, just below 25 miles from Myit-son (Burmese for confluence) of its two headstreams (the Mali and N’mai rivers). It is the northernmost river port and railways terminus in Myanmar.
Myitkyina has been an important trading town between China and Burma since ancient times. American Baptist missionary George J. Geis and his wife arrived in Myitkyina in the late 1890s and in 1900 requested permission to build a mission there.images of a Christian church
In August 1944 during World War II, Myitkyina fell to the Allied forces under General Joseph Stilwell after a prolonged siege and heavy fighting between Nationalist Chinese divisions, the Chindits, and Merrill’s Marauders of the Northern Combat Area Command and the besieged elements of the 33rd Imperial Japanese Army under General Masaki Honda. The town was strategically important not only because of its rail and water links to the rest of Burma, but also because it was on the planned route of the Ledo Road.
As the capital of the state, it has government offices and a greater population than other cities in the state. The city has a population of approximately 200,000, with a mix of Kachin, Shan, Bamar, Chinese and Indians.
The Kachin language is the common language among the Kachin, but Burmese is the national language and everyone can speak Burmese. It has two big markets. The city is home to Myitkyina University, Computer University, a teachers college, a nurses training school, and various Christian theological seminaries and colleges affiliated with several seminaries in the U.S. and Asia, notably Kachin Theological College (Nawng Nan).
Foreigners are now free to visit Myitkyina without prior government permission.
Things to Do
image of Myit Sone LaySince Kachin is located at the northern part of the Myanmar, the main river called Ayeyarwaddy is rooted from two small rivers, the Maykha and Malikha, in this state. One of the famous and interesting places for Tourist is Myitsone where the two rivers, the Malikha and Maykha meet together and flow as the Ayeyarwady River. Ayeyarwaddy, the main river in Myanmar has its source from this confluence and flows 1325 miles to the mouth of the river. Myit Sone with the beauty of nature is beyond the expression of words and will definitely be a fine attraction to tourists.
Although Christianity is major religions, there are many pagodas in Myitkyina. Su Taung Pyi and Shwe Thar Layoung Pagoda are well known. Su Taung Pyi pagoda and Shwe Thar Layoung pagoda are situated at downtown of Myitkyina. Most of Buddhists come there on Buddhist religious days. They worship and pray for their good wishes.
image of Su Taung Pyi pagoda
Every day in early morning especially during winter time (Nov – Feb), many people adults and young are taking a walk, jogging, and doing exercise along the river bank road. You can see small groups of people work out together near Su Taung Pyi pagoda. River bank road next to the Ayeyarwaddy River, where the air is fresh and clean, is a perfect spot to catch beautiful sunrise view as well.
Nowadays, it takes only about 4 hours to get to border of Yunnan State, China by cars, and the road is in great condition now. There is a ground transportation station (private cars/vans/station wagons) near Si Tar Pu Bridge. The cost for Myitkyina to Lai Zar (China border) is around 10,000 Kyats. From Lai Zar, you can continue to Yunnan border cities, Ying Jiang and Shwe Li, by cars.
(1US$ = 890 Kyats, and 100 Kyats = 0.75 China Yuan as of March 2011, and exchange rate may vary day to day) (Updated: March 22, 2011)
 မြစ်ကြီးနားမြို့ဖြစ်စဉ်သမိုင်း
(ပြုစုသူ။ ဒေါ်ခင်သိန်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်)
မြစ်ကြီးနားမြို့သည် ယခင်ကြေးနန်းရုံး သဲဆိပ်နှင့်ဆုတောင်းပြည့်ဘုရားတလျှောက် ယခင်ဆနာကောင်း၊ ရှမ်းတို့အခေါ် ဆာယာကုန်း (သာယာကုန်း) ရွာငယ်လေးမှ စတင်ပေါ်ပေါက်လည်သည်ဟု ဆိုပေသည်။ “ဆာနာကောင်း“ (SaNaKawng) ဟု ခေါ်တွင်ခဲ့ခြင်းမှာ “ဆာနာဒူဝါ“(SaNa DuWa) နေထိုင်ခဲ့သောနေရာဖြစ်၍ ပုဂ္ဂိုလ်ကိုအစွဲပြုကာ ခေါ်ဝေါ်ခဲ့ကြသည်ဟုလည်း ယူဆကြသည်။ ဗြိတိသျှတို့ ဗန်းမော်၊ မိုးကောင်းဘက်မှ စစ်ချီဝင်ရောက်လာစဉ်ကလည်း ယင်းနေရာတွင် စစ်စခန်းချရုံးစိုက်ခဲ့သဖြင့် “ဗိုလ်ကုန်း“ ဟုလည်း ခေါ်တွင်ခဲ့ကြောင်းလည်း အဆိုရှိပေသည်။
ယခင်က “အကြံ“(A Chye) အမည်ရှိ ကချင်အမျိုးသားတစ်ဦး လယ်လုပ်ကိုင်ခဲ့သောနေရာကို “အကြဲနာ“ (A Chye Na) ဟုခေါ်ရာမှ မြစ်ကြီးနားဟု တွင်လာကြောင်းလည်း အဆိုရှိပေသည်။ တစ်ချို့ကလည်း ယခု“ဆုတောင်းပြည့်ဘုရား“ ယခင် သာယာကုန်းအရှေ့ဘက် မြစ်ကမ်းသည် ခဲတစ်ပစ်စာမျှသာရှိသည်။ မြစ်ကြောင်းကျဉ်းသည့်နေရာတွင် တည်ထားသောရွာဖြစ်သဖြင့် “မြစ်ကျဉ်းနား“ ဟုခေါ်ရာမှ “မြစ်ကြီးနား“ ဟု ခေါ်တွင်လာကြောင်းလည်း အဆိုရှိပါသည်။
တစ်ချို့လူကြီးများက မြစ်ကြီးနားတည်နေရာတွင် ခြင်နှင့်မှက်များ အလွန်ထူပြောပြီး ကိုက်ခဲလွန်းသောကြောင့် “မကြဲနာ“ ဟုခေါ်ရာမှ မြစ်ကြီးနားဖြစ်လာသည်ဟု ဆိုပါသည်။ ယခင် သာယာကုန်း အနီးတွင် ဗန်းမော်ဘက်မှ ဆန်တက်လာသော လှေသမ္ဗာန်များ နားရာအနီး မြစ်အတွင်းရှိ သစ်ငုတ်၌  ကျီးငှက်များ  နားလေ့ရှိသဖြင့် “ကျီးနား“ ဟုခေါ်ရာမှ မြစ်ကြီးနား ဖြစ်လာ သည်ဟု ဆိုပါသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင် “ထိုမြို့သည် မြန်မာဘုရင်များ လက်ထက်ပင် တည်ရှိခဲ့သည်။ ၁၈၉၂ မတိုင်မီက ရှမ်းမြန်မာရွာမျှသာဖြစ်၍ မြစ်ကြီးနားဟု ခေါ်တွင်ခဲ့သည်မှာလည်း မြစ်ကြီးဧရာဝတီနားတွင် ရှိသောကြောင့် ဟုဆိုသည်။ ဗြိတိသျှတို့ အုပ်စိုးသောအချိန်တွင် အရေးပိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်ခဲ့လေသည်“ ဟု ဖေါ်ပြထားသည်။
၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆) အရ ကချင်တောင်တန်းဒေသနှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော် ခရိုင်တို့ကိုပေါင်း၍ ကချင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာ မြစ်ကြီးနားမြို့သည် ပြည်နယ်မြို့တော် အဖြစ် လည်းကောင်း ခရိုင်မြို့တော် အဖြစ် လည်းကောင်း ဖြစ်ပေါ်ခဲ့သည်။
(မှတ်ချက်။ ။ ဒီဆောင်းပါးကို http://www.myitkyinaonline.com ကနေ ပြန်လည် ကူးယူ မျှဝေပါတယ်။ )
A Train Trip to Remember: Mandalay to Myitkyina by Jodi
(Note: I share this interesting travelogue by Jodi Ettenberg, a Canadian blogger, from her website.)
Posted on
I continuously tell people who want to travel to Myanmar that they ought to avail themselves of information before they go. Read up on the history, learn as much as possible about the complicated geopolitics of the region. And of course, stay updated about any conflicts in the more remote areas, like the Kachin State in the north or Shan State to the east. During my visit to the country, the north was calm and I ended up taking a 24 hour train up to Myitkyina for the Kachin State’s annual manaw (state fair). Arriving in Myitkyina, dazed after the long and bumpy ride, I had a few days to get to know the town before the annual fair began. I’ll post on the fair and Myitkyina itself shortly, but the trip was worth its own entry. Note that from recent news, this ride is temporarily off limits and access to Bhamo is restricted too, due to flare ups in fighting.
Chaos boarding the train midway from Mandalay
Chaos boarding the train from Mandalay
The train was certainly not the most efficient way to get to Myitkyina. I already needed a half-day to recover from the bus to Mandalay, and a flight seemed like the fastest way to arrive (and the easiest too). But I was wary of spending money on flights, both because of where that money went and how little access to funds I had inside the country’s closed monetary system. I made up my mind fairly quickly that I wasn’t going to be leaving anytime soon, and extending my ticket meant that I’d need to spread out my dollars and kyat a little more thinly than planned. So, the train it was. Another centrally-run enterprise, tickets were considerably cheaper and a friend who had taken the ride prior promised an eye-opening experience, full of colour and chaos.
He was right.
Jostling for a place on the train to Myitkyina
Jostling for a place on the train to Myitkyina
The train was terrifically rickety, covered in alternating layers of rust and grime. Spider webs coated the ceilings and the narrow hallways were packed with people and cargo and all sorts of produce. I’ve always advocated public transportation as the best way to get to know a place, and a train ride is no exception;  those 24 hours from Mandalay were a fascinating snapshot into a country I already wanted to know better, both good and bad. The train left in the mid-afternoon and chugged through half-logged forests and tiny towns, stopping every few hours throughout the night to cough out passengers on the side of the dusty tracks.
A contrast of stations:
Train to Myitkyina
Train station outside of Mandalay
and a bit further on:
Shwe Bo station on the way to Myitkyina in Northern Myanmar
Shwe Bo station on the way to Myitkyina
And even later in the afternoon:
Tandem trains on the road to Myitkyina
Tandem trains on the road to Myitkyina
Definitely not a boring ride.
As the afternoon wore on, the scene went from city to forest to smaller towns. Sun-streaked temples were built next to the tracks, their stupas glowing in the late afternoon light. Every tiny stop along the way made for a fun encounter, from buying the samosas and fried corn snacks piled high on the sides of the road, to conversations with those inside the train, what little words we had in common. When I got on the train the police came to say they were here if there was any issue – just let them know. But as the trip went on, I’d see them outside the car, pointing at me to the curious onlookers with a wide smile. Tourists on the train – look! They would catch me watching them and give me a sheepish grin. It wasn’t just the police, either. Popping my head out the window at any given town immediately drew a crowd. From the women selling snacks on head-held wicker baskets to the clusters of children that found their way my window as soon as the train sputtered to a halt, it was an amusing, privacy-free afternoon. While tourists were few and far between in some parts of Mandalay, the trip north made it clear that they were rarer up near Myitkyina.
Sunflower fields on the route to Bhamo
Sunflower fields on the route.
Sun-drenched roads alongside the train to Myitkyina
Sun-drenched roads alongside the train.
In that last stretch before dusk, fields gave way to sparse palms and tried to capture some of the rainbow dusk as the train pushed through toward the north. On my return ferry ride down the Irawaddy, the scenes were completely different, though the parallels remained: crowds of people confused about my presence, piles of snacks and shared food and bright, thanaka-covered faces smiling from ear to ear.
Throughout the day, I was distracted from the chaos outside by a vaguely unquantifiable smell. Sour plums were stuffed in canvas bags under my seat, stinking up the surrounding berths. I actually didn’t realize that they were there until a particularly forceful shove in the middle of the night forced the train to grind to a halt abruptly. Out rolled a dozen tiny plums, the smell growing stronger. Rotting fruit explained my wrinkled nose quite well and I learned an important lesson: check under your seat when you get on the train – you never know what will be there.
Late afternoon on the water, from the train window in Burma
Late afternoon on the water, from the train window
It was a sleepless night. Squished into the train with its loud noises and jarring movements, I was struck by the serious contrast to the infrastructure in far more barren Siberia where I slept quite well, perhaps due to the vodka foisted upon me by my cabinmates. Somewhere in the darkness between Mandalay and Bhamo soldiers got on the train, tromping up and down the aisles and waking people up to look for something, or someone, barking loudly in Burmese. Throughout the night, small stretches of quiet were broken with the hissing of the engine or someone’s radio broadcasting news in staccato bursts. A monk, swathed in his burgundy robes and a matching sweater and hat, stood in the hallway gazing out into the night and talking loudly to his friend. Soldiers came on again, soldiers went off.
At 4am I had to pee and I tiptoed to the end of the car in the darkness, slamming against the walls as the train rocked unevenly along the tracks. Soldiers sat huddled side-by-side in the hallway, pressed together for warmth with their guns laying at their sides. Weaving between them, they looked up in surprise – I’m pretty sure I was the last person they expected to see on that slow train. Their white smiles reflected off the flashes of lights at the side of the tracks; watching their wary friendliness, I wondered what they thought I saw in them. By morning, they were gone.
Dusk from the Mandalay to Myitkyina train
Dusk from the Mandalay to Myitkyina train
The train arrived in Myitkyina as the sun was rising, covering the tiny town’s tracks in a misty haze. The entire place centred around a small space between those tracks and the Irawaddy river just over the horizon. The market stretched out from where the trains stopped, winding its way through town till the water’s edge. It would be a small town to explore but one that brought me great joy (and a terrible bout of food poisoning).
Misty, sun-spotted train tracks in downtown Myitkyina, Burma
Misty, sun-spotted train tracks in downtown Myitkyina
But first things first: there was breakfast to be had.
Breakfast of champions: Shan noodles with silken tofu, peanuts and fresh herbs and spices
Breakfast of champions: Shan noodles with silken tofu, peanuts and fresh herbs and spices.
More to come from Myitkyina, including the State Fair, in my next post.
-Jodi
This article is from http://www.legalnomads.com
Sunday, July 24, 2011
မြစ်ကြီးနားက ပုံရိပ်များ
မြစ်ကြီးနား နဲ့ အနီးဝန်းကျင်
Moe Set Hmaw's Myitkyina
မြစ်ကြီးနားမှာ ၂ ရက်တာ
မိုးစက်မှော် ရဲ့ 'မြစ်ကြီးနား' ခရီးသွားဆောင်းပါးကို ပြန်လည်ကူးယူကာ ဝေမျှလိုက်ပါတယ်။
ကျွန်တော်ငယ်ငယ်က ပထ၀ီဝင် သင်ခန်းစာမှာ ဧရာဝတီမြစ်အကြောင်း သင်ရတော့ ဧရာဝတီမြစ်ဟာ မေခနဲ့ မေလိခ မြစ်နှစ်သွယ် ပေါင်းစုံရာက ဖြစ်လာတယ်၊ မြောက်ဘက် ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီး တောင်ဘက် ပင်လယ်ထဲကို စီးဝင်တယ်လို့ သင်ခဲ့ရဖူးတယ်။ အဲဒီမှာ ကချင်ပြည်နယ်ရယ် မြစ်ဆုံဆိုတာရယ်ကို ကျွန်တော် နည်းနည်း ကြားဖူးနားဝရှိခဲ့ရတယ်။
နောက်တော့ ပထ၀ီဝင် သင်ခန်းစာမှာပဲ မြေပုံဆွဲရပြန်တော့ မြန်မာပြည် မြေပုံခေါင်းထဲက ခရင်းခွနှစ်ခု စဆွဲရတဲ့ ဧရာဝတီ စတည်ရာကို ရောက်ချင်ခဲ့ပြန်တယ်။ ကချင်ကို စွဲလန်းစေတဲ့ နောက်တဆင့်ကတော့ ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာ တွေ့ခဲ့ရတဲ့ ကချင်ဝတ်စုံဝတ်တဲ့ ကောင်မလေးတွေပါပဲ (အဲဒီတုန်းကတော့ အမကြီးတွေပေါ့လေ)။
အဲဒီကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကို ကျွန်တော့် ဘ၀သက်တမ်းတ၀က်ကျိုးချိန်မှ ရောက်ခဲ့ဖူးတယ်။ မြစ်ကြီးနားကို အရှင်လတ်လတ် တွေ့ရတဲ့ ကျွန်တော့်မှာ ရင်ခုန်သံတွေ မြန်နေခဲ့ရတယ်။
မြစ်ကြီးနား လေဆိပ် ဧပြီ ၄၊ ၂၀၁၁
ရန်ကုန်က မနက် ၆ နာရီသာသာထွက်တဲ့ အဲပုဂံလေယာဉ်နဲ့ မြစ်ကြီးနားကို ထွက်ခဲ့တာ မနက် ၉ နာရီလောက်မှာ ရောက်တယ်၊ လေယာဉ်က မန္တလေးမှာ တချက်ဝင် လူတင်လူချ လုပ်တယ်။ ရန်ကုန်-မြစ်ကြီးနားကို တယောက် တသိန်း နှစ်သောင်းကျပ် ပေးရတယ်။ ပိုက်ဆံတွေ အများကြီးပေးလိုက်ရပေမယ့် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ရောက်သွားလို့ သဘောကျမိပါတယ်။
မြစ်ကြီးနားလေဆိပ်ရောက်တော့ လေတပ်ထောက်လှမ်းရေးတွေက လေဆိပ်ထဲမှာ အသင့်စောင့်နေကြတယ်။ ကျွန်တော်က မြစ်ကြီးနားလေဆိပ် ရောက်တုန်းရောက်ခိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ချင်ပေမယ့် ထောက်လှမ်းရေးတွေက ပေးမရိုက်ကြဘူး။ သူတို့က နိုင်ငံခြားသားကို စစ်တာလား၊ နိုင်ငံသားတွေကိုပဲ စစ်တာလားတော့ မသိဘူး။ လေဆိပ်ထဲမှာ ထောက်လှမ်းရေးဗိုလ်တွေ အပါအ၀င် တော်တော်များများတွေ့တယ်။
အဲဒီလေဆိပ်ခန်းမငယ်ကနေ လေဆိပ်ဝင်းအပြင်ကို ခရီးသည်တွေက ခြေကျင်လျှောက်ပြီး ထွက်ပေးကြရတယ်။ အဲဒီလို မထွက်ခင်မှာ အိတ်ရွေးမလား၊ မြန်မြန်ရမယ်၊ ကတ်ပြားပေးပါ… အိတ်ရွေးပေးမယ် ဆိုတာမျိုးတွေကို လူတချို့က တောက်လျှောက် လိုက်မေး၊ ကတ်ပြားလိုက်တောင်း နေကြတယ်။ မိနစ် ၂၀ လောက်ကြာတော့ ဆိုင်ကယ်လေးတွေပေါ်မှာ အထုပ်လေးတွေ၊ ခရီးဆောင်အိတ်တွေ အလျှိုလျှိုတင်ပြီး လေဆိပ်ဝင်းပေါက်ဝကို ရောက်လာကြတယ်။ ခရီးသည်တွေက ကိုယ့်အိတ်ကိုယ်ယူပြီး သူတို့ကိုတော့ ထိုက်သင့်တဲ့ မုန့်ဖိုးတွေ ပေးကြရတယ်။
နောက်ထပ် ၁၀ မိနစ်လောက်ကြာတော့မှ ဟိုင်းလပ်ကားအဖြူကြီးတစီး ထွက်လာပြီး ခုန ဆိုင်ကယ်တွေလို ၀င်းပေါက်ဝ မရပ်ပေးဘဲ လေဆိပ်အပြင်က ၀င်းတခုထဲမှာ ရပ်တယ်။ ဟိုင်းလပ်ကားကြီး တစီးလုံးမှာမှ အိတ်က သုံးလုံးပဲ ပါလာတယ်၊ သုံးလုံးပဲ ပါတော့မှာပေါ့…၊ လေယာဉ်တစီးလုံးက ခရီးသည်တွေရဲ့ အိတ်တွေက ခုနပြောတဲ့ ဆိုင်ကယ်လေးတွေနဲ့ ကဲ့သယ်ပြီး လက်ဖက်ရည်ဖိုးတွေ ဖန်သွားခဲ့ကြပြီ။ ကျွန်တော်ကသာ စာအုပ်ကြီးသမားပေမို့ မပေးဘူးကွာဆိုပြီး ပေစောင့်နေခဲ့တာပါ။
နိုင်ငံခြားသား ခရီးသွားတွေကတော့ ပိုက်ဆံပေးပြီး မရွေးကြဘူးပေါ့၊ သူတို့ အဘိဓာန်ထဲမှာ ဒီလိုမျိုး စည်းကမ်းမရှိတဲ့ လက်ဖက်ရည်ဖိုးပေး အိတ်ရွေးရတယ် ဆိုတာ ရှိမှ မရှိတာကိုး၊ တိုင်းပြည် ဂုဏ်ငယ်စရာ ကောင်းလိုက်ပါဘိ။ လေဆိပ်မှာပဲ ကျွန်တော်တို့ တိုင်းပြည်မှာ လာဘ်ပေး လာဘ်ယူ ဘယ်လောက် ထွန်းကားပါတယ် ဆိုတာကို ချက်ချင်း နားလည်သဘောပေါက်စေဖို့ ခင်းကျင်းပြလိုက်သလိုပါပဲ။
အဲပုဂံဝန်ဆောင်မှုနဲ့ ကျွန်တော်
ကျွန်တော်ကတော့ မကျေနပ်လို့ကို ပိုက်ဆံပေး မရွေးဘူး၊ အိတ်က အ၀တ်အစား နှစ်စုံသုံးစုံနဲ့ လိုအပ်တာလေးတွေ နည်းနည်းပါးပါး ထည့်ထားတာ… ပေါ့ပေါ့လေးရယ်။ ရန်ကုန်လေဆိပ်တုန်းက အပ်လိုက်ပါဆိုလို့သာ အပ်ခဲ့ရတာကိုးဗျ။ အဲဒီတုန်းကလည်း ရန်ကုန်လေဆိပ် အဲပုဂံကောင်တာ ချာတိတ်က မနက်စောစောမို့ ထင်ပါရဲ့… လက်ဖက်ရည် သောက်ချင်နေသေးတယ်။
အဲဒါအိတ်ပြန်ယူတော့ အဲပုဂံလိုဂိုနဲ့ အစိမ်းရောင် စပို့ရှပ်ဝတ်ထားတဲ့ ကိုယ်တော်ချောတွေက လက်ဖက်ရည်ဖိုး နည်းနည်းလုပ်ပါဦးတဲ့။ ဟေ့… မင်းတို့ လေယာဉ် အလကားစီးတာ မဟုတ်ဘူး၊ တယောက်ကို တသိန်း နှစ်သောင်း ကျပ် ပေးစီးတာကွ… တန်ရာတန်ကြေးမက ပေးစီးထားတာ… ဒါနဲ့ မင်းတို့ကို အဲပုဂံက ပိုက်ဆံ မပေးဘဲ အလကား ခိုင်းနေတာလားလို့ သူတို့ဘက်က စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်ထွက်နဲ့ မေးလိုက်မိတယ်။
ငနာလေးတွေက သူတို့ဘက်က နာလို့နာမှန်းမသိဘူး၊ သွား… သွား… သွားတော့တဲ့။ ကျွန်တော့်တောင် ပြန်နှင်လွှတ်လိုက်သေးတယ်။ အဲပုဂံကလည်း အဆုံးအမ တော်ရှာတယ်ထင်ပါရဲ့…။ ကိုယ့်ဝန်ဆောင်မှုယူတဲ့ ဖောက်သည်ကို အဲဒီလို လေးလေးစားစား ဆက်ဆံရှာတယ်။ အော်… မြန်မာပြည်ကိုးလို့ ကျွန်တော် တွေးမိတယ်။ သူတို့မှ မပျံပေး၊ မပြေးပေးရင် ကျွန်တော် ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ မြစ်ကြီးနားကို ရောက်လာမှာ မဟုတ်တော့ဘူး။ ကျေးဇူးကြီးပါ့လို့တောင် စိတ်ထဲဖြစ်ရသေးတယ်။
အဲပုဂံက လေယာဉ်ခသာ ဈေးကြီးတာပါ၊ လေယာဉ်ချိန် မှန်ချင်မှန်မယ်၊ မမှန်ချင် မမှန်ဘူး၊ လေယာဉ်နှစ်စီးစာ ခရီးကို တစီးပျက်လို့ဆိုပြီး နှစ်စီးတစီး ပေါင်းပျံတာက ရှိသေးတယ်။ လတ်လတ်ဆတ်ဆတ် မတ်လ ၂၂ ရက်က ကြုံဖူးထားတဲ့ အဲပုဂံကို ကိုယ်တွေ့။ အင်း… လုပ်ငန်းရှင် အမြဲမှန် ဈေးကွက် စီးပွားရေး မဟုတ်လား၊ ဖောက်သည်က ခံပေါ့။ ဘာမှ ပြန်မပြောနဲ့… ကြိတ်မှိတ်သာခံ…။
ဒေါသထွက်ထွက်နဲ့ အိတ်ဆွဲလာပြီး မြစ်ကြီးနားက တည်းခိုခန်း အရင်သွားမလား၊ လိုင်ဇာဘက် အရင်သွားမလားလို့ တွေးကြည့်ပြီး နည်းနည်းပါးပါး စနည်းနာ မေးကြည့်တော့ လိုင်ဇာကို နေ့ချင်းပြန် သွားလို့ ရတယ်ဆိုတာကို မေးစမ်းလို့ ရတာနဲ့ လိုင်ဇာသွားကြည့်မယ်ဆိုပြီး မြစ်ကြီးနား အဝေးပြေးကားကွင်းကို ထွက်လာခဲ့တယ်။ အဲဒီမှာ စ အဆော်ခံရ တော့တာပါပဲ။
ပုံမှန် လေဆိပ်ကနေ ကားဝင်းကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်လောက် ယူရမှာကို (နှစ်မိုင်လောက် ဝေးတာကိုး) သုံးဘီးဆရာက ၄၀၀၀ ကျပ် ယူပါတယ်။ လုံးဝကို ဈေးဆစ်လို့ မရပါဘူး၊ သူမှ လိုက်မပို့ရင် ဒီဧည့်သည်တွေ ဘယ်လိုမှ မသွားနိုင်ဘူးဆိုတာကို သုံးဘီးဆရာ ကောင်းကောင်း သဘောပေါက် အသုံးချလိုက်တာပါပဲ။ လေဆိပ် အပေါက်ဝက သုံးဘီးဆိုင်ကယ် (တက္ကစီ)က ချတာပါ။ ရန်ကုန်သား လူလည်ခံပေါ့။ မြစ်ကြီးနားမှာ ကျွန်တော်ဟာ ယောင်လည်လည် ဖြစ်ခဲ့ရပါတယ်။
လိုင်ဇာကို လည်ချင်ခဲ့သော်လည်း 
ဒါနဲ့ မြစ်ကြီးနား အဝေးပြေးကားကွင်းရောက်တော့ လိုင်ဇာသွားမယ့် ကားဂိတ်ကို သုံးဘီးဆရာက မပို့ပေးဘူး၊ လမ်းမှာ လှမ်းတားပြီး ခရီးသည်ခေါ်တဲ့ လူတယောက်က အတင်းခေါ်တာနဲ့ ကျွန်တော့်မှာ အဲဒီခေါ်သူ နောက်ကို လိုက်ရပါတယ်။ လိုင်ဇာကို အခုထွက်မယ်၊ တော်ကြာထွက်မယ်လို့ သူက ဆိုပါတယ်။ မြစ်ကြီးနား-လိုင်ဇာ ဗင်ကားနဲ့ ပြေးတာ တယောက် ၁၀၀၀၀ ကျပ်တဲ့။ ဒေသခံတွေ ဘယ်လို စီးပွားဖြစ်ကြလို့ ဘယ်လိုတွေ သွားလာနေသလဲတော့ မသိပါဘူး။ ပိုက်ဆံဆိုတာ ရေလို သုံးတဲ့ မြို့ပါလားလို့တောင် တွေးမိသွားပါတယ်။
ရေလိုသုံးတာက အရေးမကြီးဘူး၊ လိုင်ဇာ တယောက် ၁၀၀၀၀ ကျပ်နဲ့ လူစုတဲ့ ကားဆရာက နာရီဝက်သာ ကြာသွားတယ်။ ဘယ်သူမှလည်း ထပ်မရတော့ဘူး၊ ဒါနဲ့ ကိုယ့်ဆရာ သည်းခံပါဆိုပြီး ကားပေါ်က ဆင်းလို့ လိုင်ဇာကို မြန်မြန်ထွက်မယ့် ကားလိုက်ရှာရပါတော့တယ်။ ကားပေါ်က ဆင်းတော့မှ ကားက ဘရိတ် ပြင်နေတာလို့ သိရပါတယ်၊ ကားရှေ့မှန်က အက်ကွဲနေတယ်၊ ခုန ကားထဲထိုင်ခဲ့တဲ့ နေရာကို ပြန်ကြည့်တော့ စုတ်ပြတ်သတ် နေတာကို တွေ့ရပါတယ်။ နိုင်ငံခြားမှာ ကားသင်္ချိုင်းလို့ ခေါ်တဲ့ နေရာမှာ ကြိတ်ချေပစ်နေတဲ့ ကားတွေကမှ ခုန ကျွန်တော် ၀င်ထိုင်ခဲ့တဲ့ ကားထက် အဆ ၁၀၀ လောက် သစ်လွင် ကောင်းမွန်နေပါဦးမယ်။
ဒါနဲ့ ကားဝင်းထဲ နောက်ဖေးပေါက်က ၀င်ပြီး ပတ်ကြည့်လိုက်တော့ လိုင်ဇာ အခု သွားမယ်၊ တယောက် ၂၅၀၀ ကျပ်တဲ့။ ဟ… သက်သာလှချည်လား၊ ဘယ်တော့ သွားမှာလဲ (နောက် ဘယ်လောက်ကြာရင် သွားမှာလဲ)၊ ဘာကားလဲလို့ မေးလိုက်တော့… ဟိုင်းလပ်ကား၊ နောက်ခန်းက လိုက်ရမယ်။ ခရီးသည်တယောက် မှတ်ပုံတင် ကျန်ခဲ့လို့ သွားပြန်ခေါ်နေတာ ခဏနေ ထွက်မယ်လို့ ဆိုပါတယ်။ (တကယ်တော့ သူပြောတဲ့ စကားဟာ မဟုတ်ပါဘူး၊ ခရီးသည် သွားခေါ်နေတာ ဆိုတာ လိမ်တာပါ)။
ဒါနဲ့ ချက်ချင်းဆိုသလိုပဲ သူကပဲ လက်မှတ်ကောက်ဖြတ်လိုက်တော့ ပိုက်ဆံ ၂၅၀၀ ကျပ်ကို ပေးလို့ သူပြောတဲ့ ခဏကို စောင့်လိုက်တာ နောက်ထပ် ၁ နာရီခွဲလောက် ကြာသွားပါရောလား။ ဟ… ခင်ဗျား ခဏက ကြာလှချည်လား၊ ဘယ်လိုလဲ…၊ ဘယ်မှာလဲ ကား… လိမ်တာလားလို့ မေးတော့ အော်တော့မှ ကားတစီး ရောက်လာပါတယ်။
ဟိုင်းလပ်ကားပါပဲ၊ အောက်နောက်ခန်း အောက်ဘက်အပြည့် ကုန်တင်ထားပြီး ဟိုင်းလပ်ကား ခေါင်မိုးလို နေရာမှာ ထိုင်ခုံတွေ ရိုက်ထားပါတယ်။ တောထဲမှာနေတဲ့ တာဇံလို တွယ်တက်မှပဲ ကားခေါင်းမိုးနေရာလောက်မှာ ရိုက်ထားတဲ့ ထိုင်ခုံတွေဆီကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ ထိုင်နေတဲ့ မိန်းမငယ်လေးတွေ တွေ့လိုက်ရတော့ အော်… သူတို့လည်း ဒီလိုပဲ သွားလာနေရတာပဲလို့ စိတ်မကောင်း ဖြစ်မိပါတယ်။
ရန်ကုန်သား ကျွန်တော် လူပျော့ကတော့ စောင့်ရလို့ စိတ်ကလည်း ဆိုးနေတော့ ကိုယ့်ဆရာ… ပိုက်ဆံ ၂၅၀၀ ကျပ်သာ ပြန်ပေးပါတော့… ကျွန်တော် မလိုက်လိုတော့ပါဆိုပြီး ခေါင်းမိုးနေရာက ထိုင်ခုံမှာ ထိုင်ပြီး လိုက်မစီးရဲတာနဲ့ ပိုက်ဆံပြန်တောင်းလို့ မြစ်ကြီးနားမှာပဲ စတည်းချဖို့ ကားဝင်းကနေ မြစ်ကြီးနား မြို့ထဲ ပြန်လာခဲ့ပါတယ်။ ဝေးခဲ့ပေါ့… လိုင်ဇာရေ၊ အခု ဒီရက်ပိုင်းမှာတော့ လိုင်ဇာဟာ စစ်ရေးတင်းမာမှုအရ အခြေအနေ တည်ငြိမ်မှု မရှိတဲ့ နေရာလိုလို ဘာလိုလို ဖြစ်နေတယ်လို့ ကြားရပါတယ်။
ကားဝင်းကနေ နောက်ထပ် သုံးဘီးဆိုင်ကယ်ဆရာ တယောက်ကို တည်းခိုးခန်းလိုက်ပို့ပါ၊ ဘယ်လောက်ပေးရမလဲ မေးတော့ ၁၅၀၀ ကျပ်တော့ ပေးပါဆိုတာနဲ့ သွားမယ်ကွာ သန့်တဲ့ တည်းခိုခန်းလေး ပို့ပေးပါလို့ ပြောလိုက်တာ… ဈေးနားက တည်းခိုခန်းတခုကို လိုက်ပို့ပါတယ်။ တညကို ၄၀၀၀ ကျပ်လို့ ဆိုပါတယ်။ လျှပ်စစ်မီးလုံးဝ မရှိပါဘူး (ညဖက်တော့ ခဏပေးမလား မသိပါဘူး)၊ လေကောင်းလေသန့် မရနိုင်တဲ့ အလုံပိတ် အခန်းတွေ ဖြစ်ပါတယ်။
တည်းခိုရန် သင့်မသင့် အခန်းကို တချက်ကြည့်ပြီးနောက်မှာတော့ အနံ့အသက်က မကောင်း၊ ရန်ကုန်မှာ အချိန်ပိုင်း တည်းခိုနိုင်တဲ့ အခန်းတွေလို အနေအထားမျိုးပဲ ဆိုတာကို ရိပ်မိလိုက်တာနဲ့ သုံးဘီးဆရာကို ကိုယ့်ဆရာ… ကျွန်တော်ပြောတဲ့ သန့်သန့်ဆိုတာ တကယ်သန့်သန့်လေဗျာ၊ မသန့်တသန့် မဟုတ်ဘူးလို့ ပြောတော့ ဒါဆို ခင်ဗျား… ဟိုတယ်မှာပဲ နေတော့လို့ သုံးဘီးဆရာက ကျွန်တော့်ကို ပြောပြီး မြစ်ကြီးနားက နဂါးနှစ်ကောင် ဟိုတယ်ကို လိုက်ပို့ပေးပါတယ်။ အဲဒီမှာတော့ တညကို နှစ်သောင်းခွဲပေးရပါတယ်။ မနက်စာ သေသေချာချာ ကျွေးပါတယ်။
ချစ်သူလမ်းကြားနဲ့ ဧရာဝတီ
ညနေပိုင်းတော့ ရေမိုးချိုးပြီး ဟိုတယ်နားက ညဈေးတန်းကို လျှောက်၊ ချစ်သူလမ်းကြားလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကြီးကို မေးတင်ထားတဲ့ လမ်းကလေးမှာ လျှောက်၊ အဲဒီလမ်းကလေးက အခုတော့ အစိုးရသစ်ရဲ့ ၀န်ကြီးအိမ်တွေ တည်ဆောက် ပြုပြင်နေတာကို တွေ့ခဲ့ရတယ်။ နောက်ဆို ချစ်သူတွေတောင် အဲဒီလမ်းမှာ လျှောက်လို့ရပါတော့မလား မသိပါဘူး။ 
ကျွန်တော်တော့ ညနေပိုင်း လမ်းလျှောက်ရင်း မြစ်ကြီးနား မြို့ပေါ်မှာပဲ ဧရာဝတီကို တွေ့တော့ ပျော်သွားတယ်၊ ခဏလျှောက်ကြည့်တော့ ဗလမင်းထင် (ဧရာဝတီ မြစ်ကူးတံတား) ကိုလည်း တွေ့ရတယ်။ နည်းနည်းဝေးတော့ မှုံပျပျပဲ တွေ့ရပါတယ်။ ဆုတောင်းပြည့်ဘုရား ဖူးပြီးတော့ လူလည်း တော်တော်ပင်ပန်းသွားတာနဲ့ ပြန်ပြီး အနားယူလိုက်တော့တယ်။
နာမည်ကျော် မြစ်ဆုံ
နောက်တရက်မှာတော့ ရောက်ဖူးချင်လွန်းတဲ့ မြစ်ဆုံကို ဆိုင်ကယ်နဲ့ သွားကြတယ်။ မြစ်ကြီးနား-မြစ်ဆုံက ၁၀ မိုင်လောက် ဝေးတယ်။ ဆိုင်ကယ်တစီး တယောက်စီးကို ၁၅၀၀၀ ကျပ် ပေးရတယ်။ လမ်းမှာ စစ်ဆေးရေး ဂိတ်တခုရှိတယ်။ ဒါပေမဲ့ အေးအေးဆေးဆေးပါပဲ။ လမ်းပိုင်းက တ၀က်သာသာကောင်းတယ်၊ တ၀က်လျော့လျော့ကြမ်းတယ်။ နောက်တော့လည်း နာမည်ကျော်မြစ်ဆုံကို ရောက်သွားတယ်။
မြစ်ဆုံဟာ မလှတော့ပါဘူး၊ ရွှေကျင်သူ လုပ်စားသမားတွေကြောင့် ပျက်နေပါပြီ။ တောင်တွေကို ကိတ်မုန့်လှီးသလို လှီးလှီးချပြီး ရွှေတွေ ထုတ်နေတာကတော့ ကျွန်တော့်အသားတွေ လှီးခံနေရသလို…။ သူတို့ကလည်း အပြေးအလွှား ကျင်နေကြရတာကိုး…၊ ခဏနေ ဒီမှော်တွေ အကုန်လုံးဟာ အခုဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံ ရေကာတာကြီးအောက် ရောက်ကုန်တော့မှာလေ… ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်နေကြတာပေါ့…။
မှော်ထဲလည်း လိုက်လေ့လာကြည့်မိသေးတယ်။ ရွာလေးတရွာလိုပါပဲ…၊ လက်ဖျားငွေသီးတဲ့ မှော်ထဲက ကိုကို၊ မောင်မောင် ရွှေလုပ်သားတွေအတွက် ကာရာအိုကေ၊ အရက်၊ ဘီယာ၊ ဘာညာ သာရကာ အစုံအလင် အပုံအပင် ရနိုင်အောင် စီစဉ်ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ပိုက်ဆံကိုယ်ရှာလို့ ကိုယ့်ပိုက်ဆံကိုယ်သုံးနိုင်ကြတဲ့ နေရာ(မှော်)လေး တခုပေါ့လေ။ ပိုက်ဆံတွေပဲ လွယ်လွယ်ရနေလို့လား မသိပါဘူး…၊ မြစ်ကြီးနားမှာ အကုန်ဈေးကြီးတယ်လို့တော့ ကျွန်တော်ဖြင့် ထင်ခဲ့မိတာပါပဲ။
မြစ်ဆုံဟာ ခဏနေရင်တော့ ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိပြီး ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ကချင်ပြည်နယ်အတွက် မြစ်ဆုံဟာ သဘာဝက ပေးတဲ့ အလှတရားတခုပါ၊ အခုတော့ တဖြည်းဖြည်းနဲ့ ပျောက်သွားတော့မှာပါ။ ကချင်ပြည်နယ်ဟာလည်း အေးမနေတော့ပါဘူး၊ ဧပြီလရဲ့ ကချင်ပြည်နယ်ဟာ ပူလောင်လွန်းလှပါတယ်။ လျှပ်စစ်မီးကလည်း အချိန်နဲ့ပဲ ရပါတယ်၊ ဒါတောင် ဟိုတယ်မှာ နေခဲ့တာပါ။
နောက်တော့ မြန်မာပြည်က သဘာဝအင်းကြီးနှစ်ခုထဲက တခုဖြစ်တဲ့ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားဖူးဖို့ နောက်တရက်မှာ မြစ်ကြီးနား-မန္တလေး ရထားနဲ့ အောက်ဘက်ကို စုံဆင်းလာခဲ့ပါတော့တယ်။ မြစ်ကြီးနားဟာ ကျွန်တော်စွဲခဲ့သလောက်တော့ ချစ်ဖို့မကောင်းဘူးလို့ ခံစားရပါတယ်။ ဒါမှမဟုတ် မြစ်ကြီးနား အရသာအစစ်ကိုပဲ ကျွန်တော် မတွေ့ခဲ့လို့များလား…။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။
ဝး၀၀ နာရီ။
Tuesday, July 12, 2011
ကချင် တရုတ် နယ်စပ်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ (လင်းခိုင် - မိုးမခခရီးသွားဆောင်းပါး)
မိုးမခက ခရီးသွားဆောင်းပါး ၂ ခုကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်။
လိုင်ဇာ အ၀င်
လင်းခိုင်
ဧပြီ ၁၇၊ ၂၀၁၀  တရုတ်မြန်မာ နယ်စပ် လိုင်ဇာမြို့ရှိ စစ်ဆေးရေးဂိတ် မြင်ကွင်း။ ကချင်လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ အပစ်အခတ် ရပ်စဲခဲ့သည့် ၁၉၉၄ ခုနှစ် မတိုင်မီက လိုင်ဇာသည် ရွာလေး တရွာသာ ဖြစ်သည်။ (ဓာတ်ပုံများ - လင်းခိုင်)
ကချင်သူပုန်အဖွဲ့၏ ဌာနချုပ် တည်ရှိရာ ‘လိုင်ဇာ’မြို့ကို မြစ်ကြီးနားက တဆင့် သွားရသည်။ ထိုနေ့က မြစ်ကြီးနားကို ရောက်တော့ နေ့ ၁၂ နာရီ ထိုးပြီ။ ကားနဲ့ ခရီး ဆက်ထွက်မည်။
ဒီတော့ ထမင်းက စားကို စားရမည် ဖြစ်၏။ ဒါနဲ့ ကချင်ထမင်းဆိုင်ဝင်၊ ကြက်သား ကချင်ချက် ခပ်စပ်စပ်ကို ရှူးရှဲ မည်အောင် စားရင်း ဖက်နှင့် ထုပ်ထားသော စီးထွေး မွှေးပျံ့သော ထမင်းက ဗိုက်ထဲ ဘယ်လို ၀င်သွားမှန်း မသိ။ အစပ် ကြောက်လှသော ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စွာနှင့် ဂရိတ်ဖရု ဖျော်ရည်ကို မော့ချမိပြန်တော့ ပါးကြောတွေ တင်းသည် အထိ ချဉ်တော်မူ၏။ မြို့ခံ မိတ်ဆွေများ ကျေနပ်အောင် ဟန်ဆောင်နေရသည်ကလည်း တယ် မလွယ်လှ။
တော်သေးပြီ၊ ကား စထွက်ပြီလေ။ နေ့လယ် တနာရီ ထိုးပြီ။ မြို့အထွက်မှာ ဓာတ်ဆီထည့်တော့ ၀ါကျင်ကျင် တရုတ် ဓာတ်ဆီပဲ ရသည် တဲ့။ ဈေးကြီးသော်လည်း မြင်နေကျ မြန်မာပြည် ဓာတ်ဆီထက် ပါဝါ ပိုပြင်း ဆိုပဲ။ ငါးထောင့် ငါးရာ တဲ့ တဂါလံကို။ ခွက်ချင်ကလည်း ပြည့်မည် မထင်။ ဒီလိုနဲ့ နာမည်ကျော် ဗလမင်းထင် တံတားကို ဖြတ်ပြီ။ တံတားဖြတ်တော့ မဆီမဆိုင် ဓာတ်ရှင် မင်းသမီး ခိုင်သင်းကြည်ကို သတိရသည်။ သူက ဒီတံတား ဆောက်တုန်းက ရိုက်သည့် ပေါ်လစီ ကားထဲမှာ မပွတ်ကျွတ်လို့ ယောင်ရင်း နာမည် ကြီးလာသူ ဖြစ်သည်။
လမ်းတွင် တွေ့ရသည့် ဓာတ်ဆီဆိုင် တဆိုင်
မြစ်ကြီးနား-လိုင်ဇာလမ်း က နှစ်ပိုင်း။ ၀ိုင်းမော်အထိက ဗမာလမ်း၊ မညီမညာ ချိုင့်ခွက် များစွာ။ အဲ… ၀ိုင်းမော်က ထွက်ကတည်းက တရုတ်လမ်း ဖြစ်သွားပြီ။ လမ်းပုခုံးများက သပ်ရပ်စွာ။ သို့သော် ကျောက်ခင်းပြီး ကတ္တရာ တင်မယ် လုပ်တော့ ဒီဒေသမှာ တန်ခိုး အထွားဆုံး ဖြစ်သော စစ်တိုင်းမှူးက ခွင့်မပြုပါ တဲ့။ သစ်ထုတ်တဲ့ အပေးအယူက မတည့်ဘူး ဆိုပဲ။ တိုင်းမှူး၏ ပညာပြမှုကို မည်သို့ နားလည်ရမည် မသိ။ ဒီလိုနှင့်ပင် ကျောက်လမ်း ကြမ်းကြမ်းပေါ်မှာ ကားက ပြေးနေရတော့သည်။ ကားဆရာက တာယာတွေ သိပ်နာတာပဲဗျာ လို့ ညည်းရှာ၏။
လမ်းက မြို့ဆက် ရွာဆက် ဝေးသည်။ သစ်ပင်ကြီး သိပ်မရှိ၊ ၀ါးရုံတွေကတော့ ကြီးသား။ သစ်ထုတ်လုပ်ငန်းက စိနတိုင်းနဲ့ နီးရာက စပုံ ပေါ်၏။ ကြက်ဆူပင်တွေကတော့ ပေါပါပေ့။ အလေ့ကျဆိုပဲ။ သန်စွမ်းလိုက်သည်မှ။ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှာ မင်း အမိန့်ကြောင့် ဂရုတစိုက် ခြင်းခတ်ပြီး ပျိုးခဲ့ရတဲ့ ယတြာ ကြက်ဆူတွေနဲ့ မယှဉ်သာအောင် သန်စွမ်းတာ တွေ့ရတော့ ပြုံးစိစိ ဖြစ်ရပြန်။ တခြား စိုက်ပင် ပျိုးပင်အနေနဲ့ လိမ္မော် အတွေ့များသား။ စပါးလည်း စိုက်ကြသည်၊ သို့သော် ၀ိုင်းမော် ကျော်လာတော့ စပါးပင် သိပ်မတွေ့ပြန်။ တံတားတွေ ကြည့်ပြန်တော့ တယ်ပြီး ကြံ့ခိုင်မှု မရှိ။ သံငုတ်တွေ ထွက်နေတာက ကြောက်စရာ။ ပျဉ်ပြားတွေက ထိုးထိုး ထောင်ထောင်၊ တာယာတွေကို ထိုးခွဲသွားမှဖြင့်။ ဖြတ်သွား ဖြတ်လာကား အတော် နည်းတာကို သတိထားမိလာတော့ ကားဆရာကို မေးကြည့်မိသည်။ နားမသက်သာချေ။ ခရီးသည်တင်ကားမှ အပ ကုန်ကားကြီးများ ခွင့်မပြု တဲ့။ ဘယ်သူကလဲ လို့ မေးစရာ မလို။ အလိုလို နားလည်၏။ ကုန်စည် စီးဆင်းမှု ရပ်သွားရင် လိုင်ဇာကို ချုပ်ကိုင်ထားသော KIA ခေါ် ငြိမ်းချမ်းရေးယူထားသည့် ကချင်သူပုန်တို့ အခွန်အတုပ် မရနိုင်အောင် တဲ့။ ကလေးတွေလို ပါပဲလား။ နင်က ဒါမလိုက်လျောရင် ငါက ဟိုဟာ မလိုက်လျောဘူးပေါ့။ ကျလဲ ကျပါ့။ အခြေအနေက အဲသလို။
KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ထပ်ကာ ထပ်ကာ အချိန် တိုးပေးရင်း ပြောနေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ မသိ၊ ဟိုဘက်နှစ် အောက်တိုဘာလောက်က စသည် ထင်သည်၊ အခု ၂၀၁၀ ဧပြီ ရောက်နေပြီ၊ တိုးတက်မှု မမြင်သေးပေ။ ကိုးကန့်ဒေသတွင်တော့ စစ်ပွဲများ ဖြစ်ပြီးမှ နယ်ခြားစောင့်တပ်အရေး အဆင်ပြေသွားသည်။ ကချင်ဒေသတွင် ဤအရေးက မည်သို့ လာမည်နည်း။
တံတားထိပ်မှ စစ်ဆေးရေးဂိတ်တခု
ဗန်းမော်လမ်းခွဲ ကျော်လာတော့ လမ်းက မသိမသာ မြင့်လာ၏။ ပြောရင်းနဲ့ ကျန်ခဲ့တော့မလို့။ အစစ်အဆေး အမေး အမြန်းက ရှိသည်။ တံတားမှန်သမျှ အစိမ်းရောင်ပေမယ့် သစ်ပင်မဟုတ် သူများက စောင့်ကြပ်ထားသည်။ တံတား တချို့မှာဆို ဘာလုပ်ဖို့မှန်း မသိ၊ သဲအိတ် ဘန်ကာတွေနဲ့ လုံလုံခြုံခြုံ။
“တံတားတွေ ချိုးမှာ စိုးလို့ဗျ။ KIA က အတွင်းလမ်း ရှိတော့ တံတားကျိုးလည်း အရေးမကြီးဘူးလေ။ သူတို့က ဒီလမ်းပဲ ရှိတာ” ဟု ကားဆရာက ရှင်းပြသည်။
ဟုတ် မဟုတ်တော့ မသိ၊ ပြောတဲ့သူက ခုပဲ စစ်ပွဲက ဖြစ်တော့ မယောင်။ ကိုယ်က သာမန်အားဖြင့် အကြောက် အလန့် နည်းသူ။ ဒီတော့ ပြုံးရင်းက “ဟုတ်ပါ့မလား ကိုယ့်လူရာ၊ KIA ဆိုတာ လူအင်အားက ဘယ်လောက် ရှိတာကျလို့။ နင်လားငါလား ဆိုရင် ဘယ်လောက် တောင့်ခံနိုင်မှာမို့လဲ”
ဒီတခါ ဖြေတဲ့ သူ့အဖြေကိုတော့ နည်းနည်း လန့်သွားမိ၏။ လူသူဝေးရာ တောတွေ တောင်တွေမှာ ဖြစ်ဖို့ မရှိ၊ မြို့တွင်းတိုက်ပွဲများသာ ဖြစ်နိုင်မည်တဲ့ လေ။ ကြားဖူးနားဝ ရှိသော ပြောက်ကြားစစ်ပွဲ ဆိုလား။ ဖြိုခွဲရ ခက်လှသည့် တာလီဘန်တွေလိုလားဟု တောင်တောင်အီအီ တွေးမိသည်။ ဒါဆိုရင် ဆိုသော အတွေးနဲ့ ကားဆရာလေးကို အသေအချာ ကြည့်မိပါ၏။ အသက်က ၃၀ မရှိတရှိ။ တောက်ပ ၀င်းလက်သော မျက်ဝန်းများနှင့် ကိုယ့်ကို ပြန်ကြည့်နေသည်။ ပြုံးနေသည့် နှုတ်ခမ်းများ ကြားမှ ကွမ်းစားမထားသော သွားဖြူဖြူများ။ သူက ဆေးလိပ်လည်း မသောက်ပါ တဲ့။ သူ့လို ပညာတတ် ကချင် လူငယ်လူရွယ်များ ဘယ်လောက်များ ရှိမလဲ။ လက်နက်ငယ် သင်တန်းလည်း တက်ဖူးပြီးသားလေ။ ယုံကြည်မှု အပြည့်နဲ့ ကိုယ့်ပြည်နယ်ကို ကိုယ်ကာကွယ်ဖို့ ဘယ်အထိ ဆင်းရမလဲ တဲ့။ မဖြစ်သင့်ပါ။ ကိုယ်တို့က ပြည်ထောင်စုသားတွေလေ။ အချင်းချင်း တိုက်ဖို့မှ မဟုတ်တာ။ ဘာတွေလဲ။
စကားလမ်းကြောင်း ပြောင်းဖို့ မကြိုးစားမိခင်မှာပင် နံပါတ် မပါသော မော်တော်ဆိုင်ကယ် အသစ် ၁၀ စီး ခန့် မျက်နှာခြင်းဆိုင်မှ ခပ်ကြမ်းကြမ်း မောင်းသွားကြလေသည်။ ကားဆရာလေးက စကားစသည်။ “ဒါတွေလည်း ကချင် လူငယ်တွေပဲလေ။ သူတို့ ဘ၀ကတော့ တမျိုးဗျ”
လမ်းတွင် တွေ့ရသည့် ကချင်ဒေသခံတို့၏ နေအိမ်တလုံး
ဆင်းရဲသည်၊ သို့သော် ဆိုင်ကယ် အသစ် တစီးကို ၂ သိန်း လောက်သာ ပေးရသည့် ယခုအခါ ဆင်းရဲသူတို့က ဒီလုပ်ငန်းကို ထွက်ပေါက် အဖြစ် ယူမှတ်လာကြသည်။ ပထမ လူစုသည်၊ ပြီးတော့ ငွေစု (သို့) အရင်းအနှီး ထုတ်ပေးသူရှာသည်။ လိုင်ဇာမှ တဆင့် တရုတ်ပြည်ထဲ ၀င်သည်။ ဆိုင်ကယ် ၀ယ်သည်။ ဒီဖက်ကို ပြန်မောင်းဝင်သည်။ ဈေးရသော ဗန်းမော်ဘက်ကို အထွက်များသည်။ လမ်းကြမ်းပေါ်မှာ မောင်းရတာ အလွန် ပင်ပမ်းပါသည်။ ရင်ဘတ် အလွန် အောင့်ပါသည်။ ညခရီးများလည်း ပါသေးသည်။ ဒီတော့ ခံနိုင်ရည် ရှိရန် အကြောင်းပြချက်ဖြင့် စိတ်ကြွဆေး၊ မူးယစ်ဆေးများ မှီဝဲ ကြပါ၏။ ရောင်းသူတွေကလည်း ဒီအကွက်ကိုပဲ ချောင်းနေကြတာလေ။ ကဲ… ဘိန်းစားတွေ ဖြစ်ကုန်ကြရော။ လူငယ်တွေ။
ဟုတ်ပါသည်။ ကိုယ်တို့ မီလာသည့် ရှေ့က ဟိုင်းလက်ကား နောက်ခန်းမှာ ပိုးလိုးပက်လက်လန်ရင်း အိပ်ရင်း လိုက်ပါလာကြသော အသက် အစိတ် မပြည့် သေးသည့် ကချင်လူငယ်လေးများ။ ဆယ်ယောက် လောက်တော့ ရှိမည်။ တရုတ်ပြည်ကို တက်ပြီး ဆိုင်ကယ်ဝယ် ပြန်ဆင်းမည့် လူငယ်များတည်း။ ဒါမျိုး တနေ့တနေ့ ရာနှင့် ချီသည် တဲ့။ ကိုယ့်ရင်ထဲမှာ နုံးသွားရပြီ။
တိုက်ရင်း ခိုက်ရင်း သေရ ပြတ်ရမည့် လူငယ်များ။ မူးယစ်ဆေးဝါး စွဲ၊ ဘိန်းစားဘ၀နှင့် ဘ၀တုံးမည့် လူငယ်များ။ ဒါတောင် ကျောက်စိမ်းတွင်း မှော်ထဲက အကြောင်း၊ ကျောက်သမားတို့၏ လောဘနှင့် မူးယစ်ဆေးဝါး ကြားက ဘ၀ကြမ်းကြမ်းများ အကြောင်း မပါလာသေး။ သူတို့က ကချင်လူငယ်များလေ။ ကိုယ်တို့ တိုင်းရင်းသား ညီနောင်များ။ သွေးရင်းသားရင်းများပါတည်း။
လိုင်ဇာအနီး ကျေးလက်ရှုခင်းတခု
ကားပေါ်မှ အပြင်ရှုခင်းကို စိုက်ငေးရင်း တွေးနေမိသော ကိုယ့်ကို ခရီးသွားဖော်တဦးက သတိပေးသည်၊ နေညိုနေပြီမို့ အသိ ရွာတရွာမှာ ၀င်အိပ်ဖို့။ နာရီ ကြည့်လိုက်တော့ ဟုတ်ပါသည်၊ မှောင်ရင် လိုင်ဇာ ထိပ်နားက ဆည်ဝစောင့်တဲ့ ဗျိုင်းတွေကို အရှင်းရ ခက်ပေမည်။ (ဒီဗျိုင်းတွေ က သံလွင်စိမ်းရောင် တွေနော်) လိုင်ဇာလမ်း တလျှောက် အပေါ်က စီးပြီး လမ်းကို မြင်သာတဲ့ တောင်ကုန်း တွေ့ပြီ ဆိုရင် သေချာတယ် သူတို့ပဲ။ ထုံးဖြူ အနားသပ် သုတ်ထားသော အုတ်လှေခါးထစ်လေးများ၊ သပ်ရပ်သော ခြံစည်းရိုးလေး နဲ့ ခိုင်ခိုင်ခံ့ခံ့။ သေသပ်လှပမှုကိုတော့ အတော်နှစ်သက်သော၊ ကိုယ်တို့ချစ်ခဲ့ဘူးသော ဟိုတုန်းက ကိုယ်တို့ တပ်မတော် ပေါ့။ သူတို့စခန်းပေါ့။ ကင်းပုံးများလည်း ၀ပ်လို့ဆိုဘဲ။ ကိုယ်တော့ မမြင်ပေါင်။
လိုင်ဇာ မရောက်ခင် ဆယ်မိုင်ကျေုာ် အလိုက တည်းမဲ့ ရွာရောက် တော့ နေလုံးပျောက်စ ပြုပြီ။ အဟဲ.. အတော်အေးတာ မို့ရေကတော့ လုံးဝ မချိုးနိုင်။ တည်းမည့် ရွာတွင် စားရန်အသင့် အိပ်ရန်အသင့် အားလုံး ရယ်ဒီ။ ရန်ကုန်မှ လာသည့် ကိုယ်ကတော့ ဤဒေသတွင် တရုတ်ဖုန်းများ အသုံးတည့်ပုံကိုသာ ငေးကြည့်နေမိတော့သည်။ ။
(ဆက်ပါဦးမည်)
ကချင် တရုတ် နယ်စပ်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ
ဧပြီ ၁၉၊ ၂၀၁၀  လိုင်ဇာမြို့လယ် တနေရာ။ (ဓာတ်ပုံများ - လင်းခိုင်)
လိုင်ဇာ မရောက်ခင် လမ်းပေါ်က ရွာတရွာမှ ခရီးတထောက်နားတယ်။ အဲဒီတုန်းက ဆောင်းမကုန်သေး။ ဧည့်ခန်း အလယ် မီးဖိုဘေးမှာ နေရာချပေးတယ်။ ရွာလူကြီးနဲ့ ရွာသူ ရွာသားတွေရဲ့ ဧည့်ဝတ်ကျေမှု၊ သဘောကောင်းမှုက အံ့မခန်း။ သူတို့ သဘောကောင်းတဲ့ အထဲမှာ ဧည့်သည်ကို ပေးအိပ်ဖို့ အစီအစဉ်တော့ ပါပုံမပေါ်။ ဟိုဘက်ညက မက်ထားသော အိပ်မက်မှန်နေပြီလို့ ဖြတ်ခနဲ သိလိုက်၏။ ခေါင်းကို ဆင်နင်းတယ်လို့လေ၊ အိပ်မက်က။
ဧည့်သည်လာရင် စကားနဲ့ ဧည့်ခံလေ့ရှိတာ ဒါ ကချင်ကျေးရွာတို့ ဓလေ့။ လာကြပြီ၊ ၂၀ ထက် မနည်းသော ရွာသူရွာသားများ အသုတ်လိုက် အသုတ်လိုက်။ ရွာကြီးရင် ကြီးသလို၊ လူရည်လည်သူ၊ မလည်သူ၊ စာတတ်သူ၊ စာ မတတ်သူ၊ လူပေါင်းစုံတည်း။ သူတို့ မေးသမျှ ဖြေစမ်း၊ လူမှုရေး အစ စီးပွားရေး အလယ် နိုင်ငံရေး အဆုံး။ ဘာသာရေးလည်း မကျန်ခဲ့။ ကချင်သံ တ၀ဲဝဲနဲ့ လာလိုက်တဲ့ မေးခွန်းတွေ။ စကား မပေါက်သူတွေကလည်း စကားပြန်က တဆင့် မေးသည်ပင်။
တလေးတစား နားထောင်နေတဲ့ အားလုံးရဲ့ မျက်နှာတွေကို ကြည့်ရင်း နည်းနည်းမှ မဖြီးဝံ့။ သတြိ ကီးကြီးနဲ့ ဖြေရ၊ ဆွေးနွေးရနဲ့ ကိုယ့်မှာ ဟောဟဲ လိုက်လာသည်။ ရေနွေးကြမ်းကို တငုံချင်း သောက်ရ၏။ အိမ်သာသွားချင်မှာလည်း ကြောက်တာကိုး။ သောက်ရတာကလည်း အလိုလေး တ ရအောင် အေးလို့မို့ဗျို့။
သူတို့ တော်တော် ပြန်ပြီး ဆွေးနွေးနိုင်တာ မြင်ရတော့ အတိုင်အဖောက် ညီလာပြီး မျက်လုံးတွေပါ ကျယ်လာတော့သည်။ နံနက် ၃ နာရီ ထိုးလောက် ကျတော့ ခရီးသွားဖော်က မနေနိုင်၊ မျက်လုံး ပွတ်ရင်း အိပ်ခန်းထဲက ထွက်လာပြီး ကိုယ့်ခရီး မနီးကြောင်း၊ လိုင်ဇာမှာ ချိန်းထားတာတွေ ရှိသည်မို့ နံနက် စောစော ထွက်ရမည် ဖြစ်ကြောင်း စသဖြင့် နတ်သံ နှောတော့သည်။ ဒီတော့မှပဲ စကား ကောင်းနေသူတွေ ခပ်လေးလေး ထလို့ ပြန်ဖို့ ပြင်ကြ၏။ ကြည့်ဦး၊ ကလေးတွေလည်း ပါသေး။ အိပ်ပျော်နေကြတာမို့ ချီရပိုးရနှင့်။
အိပ်ယာထဲ ရောက်တော့ ၄နာရီ။ တယ်လီဖုန်းဖြင့် နာရီနိုးစက် ပေးလိုက်သည်။ ဂွမ်းကပ် ထူထူ အောက်မှာပင် အေးနေသေးသော ကချင်ဆောင်းကို အံတုရင်း အိပ်လို့မှ ကောင်းကောင်း မပျော်လိုက်မီ တယ်လီဖုန်းက ထူးအိမ်သင် သီချင်းဖြင့် ကိုယ့်ကို နှိုးလေပြီ။
လမ်းမှာ တွေ့ရတဲ့ ခရီးသည်တင် ကားတစီး။ တရုတ်ဆိုင်ကယ်များကို ကယ်ရီလုပ်သည့် လူငယ်လေးများက ခရီးသည်များကြားတွင် အိပ်ပြီး လိုက်ပါသွားသည်။
ကား စထွက်တော့ နေမမြင်ရသေး။ မြူထူလွှမ်းသော လမ်းတလျှောက် လမ်းဘေး ၀ဲယာမှာ အိမ်ကလေးများ ဟိုတချို့ ဒီတချို့ ခပ်ဝါးဝါး မြင်ရသည်။ နောက်တော့ တောင်ကုန်းတွေ များလာ၏။ ကားက အမြင့်ပိုင်းကို တက်နေပြီ။ နေထွက်လာတော့ မြူတွေ ကွဲပြီး ရှုခင်းကို ရှင်းလင်းစွာ မြင်ရပြီ ဖြစ်၏။
ရာဘာစိုက်ခင်းတွေ အများအပြား။ တောင်ကတုံးကို သျှောင်ထုံးဖို့ ခုမှ စိတ်ကူးပေါ်ပုံ ရ၏။ အပင်တွေက ငယ်ငယ် တနှစ်သားမိုင်ကုန် ထင်ရသည်။ ပုဂ္ဂလိက စိုက်ခင်းတွေလေ။ ကုမ္ပဏီ နာမည်တွေကို ဖတ်ရင်း လိုက်လာမိ၏။
နေစမ်းပါဦး၊ ရာဘာ ဆိုတာ ပူအိုက် စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်တာ မို့လား။ ကချင်ပြည်နယ်က သမပိုင်းဇုံ၊ မိုးလည်း အရမ်း မများ။ ဟုတ်ပါ့မလား ကိုယ့်လူရာ ဆိုတဲ့ စကားကို ပြန်ဖြေသည့် ကားဆရာရဲ့ လေသံကို နားထောင်ဦး။ “ကျောက်ကုမ္ပဏီတွေ ဗျ၊ အစိုးရ စိုက်ခိုင်းတာ စိုက်တာ။ ဒါမှ ကျောက်ကွက်က အဆင်ပြေတာလေ” ကဲ … ဆက်မမေးတတ်တော့၊ သြချရင်းသာ လိုက်လာခဲ့ရတော့သည်။ သူ့အရပ်နဲ့ သူဇာတ် ဟပ်လည်း ဟပ်ပါဘိ။
ကြည့်ရင်း ကြည့်ရင်းက ရေမြေက အသွင် ပြောင်းလာပြန်၏။ ငှက်ပျောခြံတွေ ဖြစ်လာပြန်သည်။ ပင်တိုင်းစေ့ ငှက်ပျောခိုင် ရှိသည်။ ငှက်ပျောခိုင်တိုင်းကိုလည်း ကြီးမားသော ပလတ်စတစ် အိတ်အပြာရောင်များဖြင့် လုံလုံ ခြုံခြုံ ထုပ်ထားသေးသည်။ တရုတ်ပြည်မှ ကုန်သည်တို့က မျိုး ပေးသည်။ ငှက်ပျောပင်ကို ကချင်တွေ ပိုင်သည့် မြေကြီးပေါ်တွင် ကချင်တွေက စိုက်ရသည်။ အသီးသီးတော့ လာယူသွား။ ဘယ်လိုပြောမလဲ။ မြေငှား၊ လုပ်အားငှား။ ကိုယ်ပိုင်တာ မြေပဲရှိသည်ပေါ့။
လိုင်ဇာမရောက်မီ လမ်းတွင် တွေ့ရသည့် ကလေးများ။
လမ်းက နည်းနည်း ပြေပြစ်လာသယောင်။ နောက်တော့ ပြောင်ချောနေသည့် ကတ္တရာလမ်းကြီး ဖြစ်သွားပြီ။ မအံ့သြနှင့် မိတ်ဆွေ။ KIA နယ်စပ် ရောက်ပြီ။ လိုင်ဇာမှ ကြိုဆိုသည့် ဆိုင်းဘုတ် ကားကားကြီး မရောက်မီ သူတို့ကို တွေ့ရပြန်ပြီ။ နည်းတဲ့ စခန်းကြီး မဟုတ်၊ ဒါပေမဲ့ စစ်ဆေး မေးမြန်းခြင်းတော့ မရှိ။ မျက်နှာတွေကတော့ ထန်ပေသည်။ လိုင်ဇာ ၀င်ပေါက်က စောင့်နေသည့် အစိမ်းရောင် ဗျိုင်းတပ်ကြီး။
ဘူးသီး ငါးပေါင်းကြော် စာလုံးများနဲ့ ရေးထားသော ဓာတ်ဆီဆိုင် အကြီးကြီးကို ကျော်လာတော့ မြို့ကွက်ကို စတွေ့ရပြီ။ လိုင်ဇာက သိပ် မကြီးပါ။ အဆောက်အအုံ ကောင်းတာတွေ ထည့်မစဉ်းစားရင် တကယ့် မြို့သေးသေးလေး။
သေနတ်ကို ပြောင်ပြောင် တင်းတင်း ထမ်းလျက် လမ်းလျှောက် သွားနေသော၊ မော်တော်ဆိုင်ကယ် စီးသူ နောက်မှာ ထိုင်နေသော၊ ယူနီဖေါင်းပါသော၊ မပါသော ကချင် လက်နက်ကိုင်များကို နေရာအနှံ့ မြင်ရချေပြီ။ အမြင်ဆန်းသည်ပေါ့။
လိုင်ဇာမြို့တွင်းမှာလည်း သူတို့ ရှိသည်။ သို့သော် ဘဏ်တိုက်တွေ၊ အရောင်းခန်းမကြီးတွေမှာတော့ အစောင့် အရှောက် မရှိ။ လွတ်လပ်စွာ ၀င်ထွက်နိုင်သည်။
လိုင်ဇာမြို့ အုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်ကို ကချင်၊ မြန်မာ ဘာသာများအပြင် ဗူးသီးငါးပေါင်းကြော်နှင့် ဆင်တူသည့် တရုတ် ဘာသာဖြင့်လည်း ရေးထားသည်။ လိုင်ဇာဆိုသည့်မြို့က KIA ထိန်းချုပ်သည့်မြို့ ဖြစ်သောကြောင့် ရန်ကုန်မှ လာသူအတွက် ထူးခြားနေမည် ဖြစ်သည်။
အလုပ်ကိစ္စများ မဆောင်ရွက်မီ နံနက်ခင်းစာကို ခေါက်ဆွဲတခွက် စားရင်း အမြန် ဗိုက်ဖြည့်လိုက်သည်။ ရှမ်းပြည် မူဆယ်နယ်စပ်နှင့် မတူသည်က လိုင်ဇာသည် တရုတ်ပြည်နှင့် ဒီမျှ နီးသော်လည်း အစားသောက်၊ အ၀တ်အစား၊ ယဉ်ကျေးမှု စသည်တို့တွင် တရုတ် သိပ် မလွှမ်းမိုးလှ။ ကိုယ်ပိုင်ဟန် ကချင်ပုံစံ တော်တော် ကျန်နေသေးသည်က ချီးကျူးစရာ။ ကချင်လုံချည်ဝတ် မိန်းကလေးငယ်များ တော်တော် များများ တွေ့နေရပေသေးသည်။ ပြည်မ အတိုင်း လက်ဖက်ရည် ကျဆိမ့်၊ ချိုဆိမ့်တို့ကိုလည်း တထပ်တည်းတူအောင် ဖျော်နိုင်ကြလေသည်။
ကချင်ပြည်နယ်တွင် တရုတ်ဖုန်းကို အားကိုးနေကြရသည်။ မြစ်ကြီးနားဘက်တွင် တရုတ်ဖုန်း တလုံးကို ၃-သိန်းလောက်ရှိသည်။ လက်ကိုင်ဖုန်းပေါ့။ နေရာမရွေး ပြောလို့ရသည်။ ၀ယ်လို့လည်း လွယ်တယ်။ မြစ်ကြီးနားဘက်မှာ၊ လိုင်ဇာဖက်မှာ ဒါတွေအသုံးများသည်။ တရုတ်ဖုန်း သုံးသူ အချင်းချင်းဆက်ကြ ခေါ်ကြသည်။ ဈေးသက်သာသည်။ နိုင်ငံတကာမှာသုံးသလိုပဲ ကတ်ပြားဝယ်ထည့်။ ခေါ်ပေတော့ ကတ်ထဲကငွေ ကုန်သည် အထိ။ ကုန်ပြီလား၊ ထပ်ဝယ်။ တရားမ၀င်ဖုန်းမို့ တိုးတိုးသာပေမဲ့ နေရာတကာတွင် ရနိုင်သည်။ ဈေးလည်း မှန်ပါ့။ အပြိုင်အဆိုင် ရောင်းကြသကိုး။ အာဏာပိုင်တွေလည်း သုံးနေတော့ အဖမ်းအဆီး ရှိတယ်လို့ကို မကြားမိပါ။
သို့သော် ဗမာ လက်ကိုင်ဖုန်း၊ လိုင်းဖုန်း ခေါ် ကြိုးဖုန်း တို့ကို တရုတ်ဖုန်း နှင့် ခေါ်လျှင်တော့ ဈေးကြီးသည်။ Oversea call ဖြစ်သွားတာကိုး။ ဗမာဖုန်းနဲ့ဈေး နှုံးကလဲကွာတယ်လေ။ ဗမာလက်ကိုင်ဖုန်း က သိန်း ၂၀ ပတ်လည်၊ ကြိုးဖုန်းက သိန်း-၅၀ အထက်မှာ ရှိလေရဲ့။ တန်ဖိုးက အဲသလို။ ဘာကို ရောင်းစားနေမှန်းမသိ။
တရုတ်ဖုန်းကို စီးပွားရေးသမား၊ နယ်စပ်နှင့် အဆက်အစပ်ရှိသူ၊ ကားသမား၊ အစိုးရ၀န်ထမ်း အရာရှိ-စစ်ဗိုလ် စသည့် ပုဂ္ဂိုလ်တို့ ကိုင်ကြ သုံးကြသည်ကို တွေ့ရသည်။ ဗန်းမော်ဘက် အထိ လိုင်းမိပြီး သုံး၍ရသည် ဟူ၏။ အဲဒီလောက် connection ကောင်းသည်။ ဗမာဖုန်းတွေက အမြဲလိုလို "လူကြီးမင်း" နှင့် တိုးနေချိန်တွင် တရုတ်ဖုန်းကတော့ အေးဆေးပင်။ ခေါ်ချင်တိုင်းခေါ်။
ဤဂိတ်၏ ဟိုတဘက်တွင် တရုတ်နိုင်ငံကို တွေ့နိုင်သည်။ ဂိတ်တွင် KIA စစ်သားတို့ စောင့်ကြပ်နေသည်။ KIA ကို အပစ်ရပ်ထားသည့် သူပုန်အဖွဲ့ဟု ရေးလျှင် စာဖတ်သူတို့ ရှင်းခနဲ နားလည်မည်ထင်သည်။ အစိုးရကို ယခင်က ပုန်ကန်တော်လှန်ခဲ့သူဟု အဓိပ္ပာယ်ရသည်။ သို့သော် ကချင်လက်နက်ကိုင်အဖွဲ့ဟု ရေးလျှင် စာဖတ်သူတို့ ဒွိဟဖြစ်နိုင်ဖွယ်ရှိသည်။ လက်နက် ဆိုသည်မှာ တိုက်ခိုက်ရန်၊ ခုခံကာကွယ်ရန်၊ ဓားပြတိုက်ရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် ကိုင်ကြသည် မဟုတ်လား။
အားလုံးပြီးလို့ အပြန်လမ်းမှာ KIA အလံလေး ထူထားသော ကွပ်ကဲရေးရုံးကို ဖြတ်ရတော့ ကားဆရာလေးက ပြုံးရင်း “ကျွန်တော် သတင်း ပို့ပြီးပါပြီ၊ အားလုံး အဆင်ပြေပါတယ်။ ကားနံပါတ်နဲ့ ယာဉ်မောင်း အမည်ကို မြစ်ကြီးနားက မထွက်ခင် ကတည်းက ပေးပြီးသားပါ” ဟု ဆိုသည်။ တော်တော် အလိုက်သိသည့် သူငယ်ပေပဲ။
ဒါပေမဲ့ သူမသိတာ တခု ရှိနေသေးသည်။ သတင်းသမား ညာဉ် အခုထိ မပျောက်သေးသော ကိုယ့်စရိုက်ကိုလေ။ မြင်သမျှ လက်မြန်မြန်နှင့် ဓာတ်ပုံ ရိုက်တတ်တုန်း။ မ၀င်ရ ဆိုသည်များကို ဘယ်သူမှ မတားနိုင်ခင် ဖြတ်ကနဲ ၀င်တတ်တုန်း။ တော်ရုံ မဟုတ်သော ခွကျကျ မေးခွန်းများကို အားမနာဘဲ ရဲရဲ မေးတတ်တုန်း။
ဟော … ကားက တရုတ်ပြည် ၀င်ပေါက် ရှေ့နား ရောက်ပြီ။ “ကားကို လိမ့်ရုံ မောင်းကွာ”။ ယာဉ်မောင်းက အရှိန် လျှော့သည်။ ဖြတ်ခနဲ ဓာတ်ပုံ အရိုက်တွင် ကားဆရာ ဟာခနဲ ဖြစ်သွားသည်။ နောက်တပုံ။ ပြီးတော့ နောက်ထပ် တပုံ။ အပေါက်ဝ ဒီဘက်က KIA အရာရှိ အတင်း ထွက်လာပြီ။ အချိုသာဆုံး ပြုံးပြလိုက်သောအခါ ကြောင်ပြီး ပြန်အပြုံး သူ့ကို တည့်တည့် နောက်တပုံ။
ကားဆရာ မျက်နှာမှာ သွေးမရှိတော့ပါ။ ကားကိုရပ်ဖို့ တားပြီလေ။ ဟုတ်ကဲ့ ရှင်းရပါပြီ။ ကျေးဇူးရှင်က ဗမာစကား ရသည်။ ယူနီဖောင်းနဲ့ ရပ်နေတာ အချိုးကျလွန်းလို့ မနေနိုင်လို့ ရိုက်မိတာပါလို့ ပြောလိုက်သည်။ သူ့ မျက်နှာက ခပ်တင်းတင်း။
အရှက်မရှိ ပြုံးပြုံးလေး ပြောထွက်နေသော ကိုယ့်ကို ဘာလုပ်ရမှန်း သိပုံ မပေါ်တော့။ သူ့ဓာတ်ပုံကိုလည်း ရစ်ပြီး ပြလိုက်သေး။ ကားဆရာကလည်း ဘာတွေမှန်း မသိ၊ ကချင်လို တတွတ်တွတ် ၀င်ပြောနေသည်။
ပျော့ပြောင်း လာသော သူ့မျက်ဝန်းများကို အကဲခတ်မိတော့ အပြုံးနဲ့ နုတ်ဆက်ကြည့်သည်။ သိပ် မရချင်။ ဓာတ်ပုံတွေ ဖျက်ပေးရမည် တဲ့။ သူ့ပုံလေးကို အလွန် နှမြော တသသည့် ပုံစံဖြင့် ဖျက်ပြတော့ စိတ်မကောင်း ဖြစ်သွားပုံရ၏။ စိတ်ပျက်လက်ပျက်နဲ့ ကင်မရာ သိမ်းနေသော ကိုယ့်ကို နောက်တခေါက် ရောက်ရင် တာဝန်ချိန် ပြင်ပမှာ ရိုက်ခွင့် ပြုပါ့မယ် ဟူသော စကားကို ညင်သာစွာ ပြောနေရှာသည်။ သူ့စကား ဆုံးသည်နှင့် ပါးနပ်သော ကားဆရာက လျင်မြန်စွာ မောင်းထွက်သည်။
လိုင်ဇာမှအပြန် လမ်းပေါ်မှာ ကားက အရှိန်နဲ့ ပြေးနေသလို ကိုယ်အတွေးတွေလည်း အပြေးပြေး အလွှားလွှား။
ကဲ … လိုင်ဇာ ဆိုတာ ဒါပါပဲ။ နောက်တခေါက် ထပ် ရောက်ဖြစ်ဦးမယ် ထင်ပါတယ်။ ။