Showing posts with label Taiwan ထိုင်ဝမ်. Show all posts
Showing posts with label Taiwan ထိုင်ဝမ်. Show all posts

Tuesday, July 12, 2011

ထိုင်ဝမ်က မြန်မာရပ်ကွက် (ချင်းမိုင်သူ စီထောင်း - မိုးမခ)

ချင်းမိုင်သူစီထောင်းရေးထားတဲ့ မိုးမခက ဆောင်းပါးကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။

မေ ၂၇၊ ၂၀၁၁
ထိုင်ဝမ်မှာ မုန့်ဟင်းခါး စားလို့ ရပြီတဲ့။ ဟုတ်ပါတယ်။ CNN ရဲ့ ခရီးသွားလမ်းညွှန် ၀က်ဆိုက် CNNGo မှာ ရေးထားတာပါ။ ဒါကို ပြန်ပြီး ဖောက်သည် ချရရင် မုန့်ဟင်းခါးဆိုင် အပါအ၀င် ရွှေတွေ နှစ်သက်တဲ့ အစားအစာ အသုံးအဆောင်တွေ ရနိုင်တဲ့ နေရာက မြန်မာရပ်ကွက်မှာလို့ ဆိုပါတယ်။
MRT ရထား စီးသွားမယ် ဆိုရင် Nan Shi Jiao ဘူတာမှာ ဆင်းပါ။ ဒါဆို မြန်မာရပ်ကွက်ကို ရောက်ပါပြီ။ မြန်မာလို ရေးထားတဲ့ ဆိုင်းဘုတ်တွေ တွေ့ရင် အဲဒါ Little Burma လို့ အင်္ဂလိပ်တွေ ခေါ်ကြတဲ့ မြန်မာရပ်ကွက်ပဲပေါ့။ Hua Xin လမ်းတ၀ိုက်မှာ အခြေစိုက်တဲ့ လူဦးရေ တသိန်းဟာ မြန်မာပြည်က ရွှေ့လာသူတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါသတဲ့။ မြန်မာပြည်မှာ မွေးဖွားတဲ့၊ နေခဲ့ဖူးတဲ့ တရုတ်တွေရဲ့ မျိုးဆက်တွေပေါ့။
Mr. Chao က တရုတ်မြန်မာ ကပြား ဖြစ်တယ်။ တိုင်ပေမြို့ရောက်နေတာတော့ အနှစ် ၃၀ ကျော်ပါပြီ တဲ့။ အခု သူ့စားသောက်ဆိုင်မှာ မြန်မာအစားအစာ ရောင်းပါတယ် ဆိုပဲ။
သူချက်တဲ့ မုန့်ဟင်းခါးက မနက် ၁၀ နာရီဆို သုံးဆောင်ဖို့ ရယ်ဒီ ဖြစ်ပါပြီ တဲ့။ မြန်မာအစားအစာ၊ အသုံးအဆောင်တွေလည်း ဒီရပ်ကွက်မှာ ၀ယ်နိုင်တာပေါ့။
ဟော - ဟောဒီမှာ ဦးစိန်ဝင်း ကုန်စုနံဆိုင် ဆိုပါလား!
မုန့်ဟင်းခါး ဟင်းရည်ထဲ ထည့်ဖို့ ငှက်ပျော်ဖတ်တွေ ရအောင် ဟောသလို - ဟောသလို ---
နားနားနေနေ သောက်သောက် စားစား
"ဟောဒီက မြန်မာတို့ဟူးသုပ်"
အင်း - ဒီဆိုင်မှာ ဂျူးမြစ်၊ တိုဟူးဖြူတို့လည်း ရတယ်။ ဗန်းထဲကဟာ ငါးဖယ်ကြော်လား၊ တိုဟူးကြော်လား တခုခုပဲ။
ကဲ - ကဲ - ထိုင်ဝမ်ရောက်ရင် မြန်မာရပ်ကွက်ကို သွားလိုက်ကြပါစို့။

ထိုင်ပေမြို့တော်၊ ထိုင်ဝမ် - အချက်အလက်အကျဉ်း


တည်ရှိရာနိုင်ငံ

ထိုင်ဝမ် (သို့မဟုတ်) တရုတ် ထိုင်ဝမ် (သို့မဟုတ်) Republic of China - ROC
အကျယ်အ၀န်း

စတုရန်းကီလိုမီတာ 271.7997 sq km (104.9 sq mile)
လူဦးရေ

၂.၆ သန်း
အချိန်ဇုန်

GMT +8 (မြန်မာထက် ၁ နာရီခွဲစော)
အပူချိန်

14-34 C (၁၄ ကနေ ၃၄ ဒီဂရီ စင်တီဂရိတ်)
ဖုန်းကုတ်

+886
ဘာသာစကား

တရုတ် မန်ဒရင်း၊ အင်္ဂလိပ်
ကိုးကွယ်ဘာသာ

မဟာယာန ဗုဒ္ဓဘာသာ၊ အစ္စလမ်၊ ခရစ်ယံ၊ တာအို
သုံးစွဲငွေ

ထိုင်ဝမ်ဒေါ်လာ (၁ ဒေါ်လာ = ပျှမ်းမျှ ၇၀၀-၈၅၀ ကျပ်)
အင်တာနက်ဒိုမိန်း

.tw
ဝက်ဘ်ဆိုက်

taipei.gov.tw
လည်ပတ်စရာ

ချန်ကေရှိတ်ရင်ပြင်၊ အမျိုးသားနန်းတော်ပြတိုက်၊ တိုင်ပေ ၁၀၁ မိုးမျှော်တိုက်၊ လုံရှန်ဘုရားကျောင်း

ဈေးဝယ်စရာ

Ximending ညဈေး၊ Shilin ညဈေး၊ Bellavita Shoppint Centre at Xinyi Business Area,
အထူးပွဲတော်များ

မီးပုံးပွဲတော် (Lantern Festival)
ရထားဂိတ်

ကားဂိတ်

လေဆိပ်


ကိုယ်သိလိုတဲ့အချက်၊ ကိုယ်သိထားတဲ့အချက် ရှိရင် ပြောပြ၊ ဖြည့်စွက်ကြဖို့ ဖိတ်ခေါ်ပါတယ်။