Monday, April 19, 2010

မဲဆောက် ခရီးစဉ်အချက်အလက်များ

ဝင်းမြင့် (ရိုးသံလွင်)
တည်နေရာ ဘန်ကောက်မြို့ အနောက် မြောက် အရပ်


အကွာအဝေး 520 ကီလိုမီတာ


ခရီးကြာမြင့်ချိန် 7 နာရီ


ယာဉ်ဗီအိုင်ပီဘတ်စ်ကား၊ လေအေးစက်အထူး
ဘတ်စ်ကား နှင့် လေအေးစက် ရိုးရိုးကားတို့  ဖြစ်တယ်။
လေယာဉ်ခရီးစဉ် ဘန်ကောက်မှ မဲဆောက်သို့  တပါတ် 3ရ က်။
တနင်္လာ၊ ဗုဒဟူး၊ သောကြာ။

ကားဂိတ် ဘန်ကောက် မော်ချစ်စောင် ကားဂိတ် နှင့် မဲဆောက်ကားဂိတ်


ကားထွက်ချိန်နှင့်ကားခ
ဘန်ကောက် မှ မဲဆောက် သို့ 

ဗီအိုင်ပီဘတ်စ်ကားခ
613 ဘတ်၊ ထွက်ချိန် ည 9 နာရီခွဲ နှင့် ည 10 နာရီခွဲ

လေအေးစက်အထူးကားခ
394 ဘတ်၊ ထွက်ချိန် နံနက် 9နာရီ နှင့် ည 9 နာရီ၊
ည 10 နာရီ 20 မိနစ်

လေအေးစက် ရိုးရိုးကားခ
307 ဘတ်၊ ထွက်ချိန် နံနက် 8 နာရီ 15 မိနစ်
ည 7 နာရီ 15 မိနစ် ၊ ည 8 နာရီ 50 မိနစ်၊
ည 10 နာရီ


ကားထွက်ချိန်နှင့်ကားခ
မဲဆောက်မှဘန်ကောက်သို့ 

ဗီအိုင်ပီ ကားခ
613 ဘတ်၊ ထွက်ချိန် ည 9 နာရီ 15 မိနစ်နှင့် ည 9 နာရီခွဲ

လေအေးစက် အထူးကားခ
694 ဘတ်၊ ထွက်ချိန် နံနက် 8 နာရီ
ည 9 နာရီနှင့် ည 9 နာရီ 20 မိနစ်

လေအေးစက်ရိုးရိုးကားခ
307 ဘတ်၊ ထွက်ချိန် နံနက် 8 နာရီ 15 မိနစ်
နံနက် 10 နာရီ
ည 7 နာရီ နှင့် ည 8 နာရီ

Thursday, April 1, 2010

လီဆိုသို မှာဝေတဲ့နှင်း × ဆရာစိုးမြင့် (မေ့ဆေး)

Sunday, March 21, 2010


 
ကျွန်တော်ရောက်ခဲ့ဘူးတဲ့ Mohale Dam
  
မှတ်မိပါသေးတယ်၊ ကျွန်တော် နမီးဘီးယားနိုင်ငံ မှာတုန်းကပါ။ အဲဒီတုန်းက ဂျာမန်ဆေးကျောင်းသား တွေနဲ့တစ်နေ့စကားစပ်မိ လို့ကျွန်တော်က (ဆီး)နှင်းကိုတသက် နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဘူးဘူး ဆိုတော့သူတို့အားလုံးက အံ့သြသွားကြတယ်။ သူတို့ဂျာမနီ အလည်လာခဲ့ပါ၊ နှင်းရေအ၀တိုက်ပါမယ်တဲ့။ ဟုတ်တယ်လေ ကျွန်တော် တို့ဆီမှာ နှင်းဆိုတာ ဟိုးမြောက်ဖက်ဖျား ခါခဘိုရာဇီ နားတစ်ဝိုက်လောက် မှာသာ ရှိတတ်တာမို့ ကျွန်တော်ပြော တာလွန်မယ်မထင်ပါ။ နောင်မှာလည်းနှင်းနဲ့ ရေစက်ဆုံဖြစ်
လိမ့်မယ်လို့ ယောင်လို့မျှမတွေးခဲ့မိ တာလည်းအမှန်ပါ။

                                                  နှင်းစတွေ့ရတဲ့ Pitsang မြို့လေးသို့ အ၀င်

ဒါပေမဲ့ လူ့ဘ၀ဆိုတာက အဆန်းသား၊ မထင်မှတ်တဲ့အရာတွေက တစ်ချိန်ချိန်မှာဖြစ်ဖြစ် လာတတ်တာမို့ ခုတော့ ဒီနိုင်ငံမှာနှင်းနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံခဲ့ရပါပြီ။ အာဖရိက ဆိုလျှင်လူတိုင်းလိုလိုက သဲကန္တာရနဲ့  ပူပြင်းခြောက်သွေ့တဲ့ ဒေသလို့ထင်တတ်ကြ တာချည်းပါ။ ဒါပေမဲ့လီဆိုသို ဆိုတာက Mountain Kingdom တောင်ပေါ်နိုင်ငံပါ။ တောင်ပိုင်း အာဖရိကမှာ အမြင့်ဆုံး တောင်တွေ ပေါ်ရှိတာမို့ Roof of Africa လို့ တင်စား ခေါ်ဝေါ်တာလည်းရှိပါတယ်။ အာဖရိကတိုက် တစ်တိုက်လုံး မှာနိုင်ငံပေါင်း ၅၆ နိုင်ငံရှိတဲ့အနက်
တစ်ခုတည်းသော ပုံမှန်နှင်း ကျတတ်တဲ့၊ အပူချိန် သုညဒီဂရီ အောက် မှာရှိတတ်တဲ့ နိုင်ငံပါ။ ဒါကြောင့်မို့ ဒီနိုင်ငံမှာနှင်းနဲ့ ဆုံစည်း ရတာမဆန်းပါ။ တစ်ကယ်တမ်း ဆုံစည်းရ တော့ နှင်းကစိတ်ကူးယဉ် ထဲကလို ချစ်စရာလုံးဝမကေါင်းပါ။

                                             ဆီးနှင်းဖုံးနေတဲ့တောင်ပေါ်ရွာလေး

ဒေသန္တရ ဗဟုသုတအနေ နဲ့ပြောရရင်တော့ ဒီနိုင်ငံရဲ့မြေအနေအထားက အနောက်တောင် ဘက်ကနေ အရှေ့မြောက် ဘက်ကိုမြင့်တက်သွား ပါတယ်။ မြို့တော် Maseru နဲ့အဓိက မြို့ရွာအတော်များများ ကနိုင် ငံရဲ့အနောက် တောင်ဘက် မြေနိမ့်ပိုင်း Low land မှာရှိတာပါ၊ ဒါသည်ပင် ပေပေါင်း ၄၈၀၀ (မီတာ ၁၆၀၀) မြင့်နေပါပြီ။ (Maseru မှာပုံမှန်အားဖြင့်တော့ နှင်းကျလေ့မရှိပါ)
တကယ့်  မြေမြင့်ပိုင်း High land တွေကျတော့ ပေပေါင်း တစ်သောင်းကျော် ထိမြင့်ပြီး ဆောင်းမှာ ၄-၅ လခန့် နှင်းကျလေ့ရှိပါတယ်။ အဲဒီလိုမြင့်တဲ့ တောင်တွေကြားမှာ ဆည်ကြီးတွေ ဆောက်ထားတာ အံ့သြ စရာကောင်းလောက်အောင် ကြီးမားပြီး ကမ္ဘာ့ အမြင့်ဆုံးဆည်တွေ စာရင်း ၀င်ပါတယ်။ ဒီထဲမှာ Katse Dam ဆိုတာက အာဖရိကတိုက် တစ်ခုလုံးမှာ မှာ အမြင့်ဆုံး နဲ့ အရွယ်အစားမှာတော့ ဒုတိယအကြီးဆုံးပါ။  ဒီဧရာမ ဆည်တွေက tourist attraction sites တွေပါ။ ဒီဆည်ရေတွေကိုပဲ တောင်အာဖရိက နိုင်ငံကို ရောင်းစား တာအတော် စီးပွါးဖြစ်ပါတယ်။  အခြားသယံဇာတ ဆိုလို့ဘာမှမယ်မယ်ရရ မရှိတဲ့ ဒီနိုင်ငံအဖို့ အဓိက ၀င်ငွေရလမ်းပါ၊ (ရေအားလျှပ်စစ် ကိုတော့ ပြည်တွင်းမှာအဓိကသုံးပါတယ်)

ကျွန်တော် နှင်းနဲ့ ဆုံစည်းခဲ့ရပုံကို စကားပြန်ဆက် ရရင်တော့ အဲဒီနေ့က ၂၀၀၉- သြဂုတ်လ ၁-ရက် နေ့ပါ။ ရုံးပိတ်ရက် မို့ထုံးစံအတိုင်း ကျွန်တော့ မိတ်ဆွေကြီး UK နိုင်ငံသား Dr Tuppin ကခရီးထွက်ဖို့ အဖေါ်စပ် တာနဲ့ ကျွန်တော်တို့  Katse Dam ခါဆေး ဆည် ကြီးဆီညအိပ် ခရီးထွက်ခဲ့ကြတာပါ။ သူတို့လင်မယား
နဲ့ ကျွန်တော် ပေါင်း၃ယောက်ပါ။ ခရီးစဉ်က အရှေ့မြောက်ဘက် ကီလိုမီတာ ၁၂၀ ဝေးတဲ့ Leribe မြို့လေး ဆီ ရောက်အောင် ပထမမောင်းပြီး နောက်၊ တောင်ဘက် ၂၆ ကီလို ဝေးတဲ့ Pitsang မြို့လေး ကိုဖြတ် မောင်းရမှာပါ။ ခရီးကသိပ်မဝေးလှပေမဲ့ ထုံးစံအတိုင်း တောင်ပေါ်လမ်းမှာ ပေတစ်သောင်း ခန့် (၂၉၅၀ မီတာ) မြင့်တဲ့ Mataika Lisiu passဆိုတဲ့တောင်ကြား ကိုကျော်ပြီးမှ ဆည်ကြီးရှိရာ ပေ ၆၀၀၀ အမြင့် ပြန်ဆင်းရမှာပါ။ ဒီတော့ကာ တော်ရုံကားမရုန်းနိင်ပါ။ သူ့ Pajaro 4x4 နဲ့ဆိုတော့အံကိုက်ပါပဲ။

သြဂုတ်လ ဆိုတာဆောင်းတွင်း ဆိုပေမဲ့ အဲဒီရက်တွေတုန်းက အအေးပေါ့ပြီး သာသာယာယာ ရှိတာမို့ ကျွန်တော်တို့ ဘာအပူအပင်မျှမရှိပါ။  တစ်လမ်းလုံး ဓါတ်ပုံတွေ ရိုက် စကားတွေပြောနဲ့ ပျော်စရာကေါင်း ပါတယ်။ ဒါနဲ့ Pitsang မြို့လေးကို နံက် ၁၁ နာရီလောက် ရောက်တော့ တည်းခိုခန်းတစ်ခုမှာ နံက်စာ ၀င်စားကြပါတယ်။ အဲဒီမြို့လေးက အတော်လေး မြင့်နေပြီမို့ မြို့ထဲလမ်းဘေးဝဲယာမှာ ယခင်နေ့များ ကကျထားတဲ့ နှင်းအကြွင်းအကျန် တွေကိုစတွေ့ရပါတယ်။ ဒီမြို့လေးကနေရှေ့ခရီး ဆက်တော့ တောင်တက်လမ်း ကပိုပြီးမတ် လာတာတွေ့ရပါတယ်။ အခြားဆလွန်းကား တွေတောင် သွားနေတာမို့ ကျွန်တော်တို့ ကားအဖို့တော့ ဒါကအသေးအမွှားပါ။ ဒါပေမဲ့ အခါမဟုတ်တဲ့ မိုးကတဖွဲဖွဲနဲ့ စ၊ရွာလာတာမို့ သတိတော့ ထားမောင်းရပါတယ်။ မောင်းယင်းမောင်းယင်း နဲ့မိုးသီးလိုလို နှင်းလိုလို စကျလာတာသတိ
ထားလာမိပြီး လမ်းကလဲသိသိသာသာ မတ်လာပါတယ်။ လမ်းပေါ်မှာလည်း ပထမ မိုးရေစိုနေရာကနေ တစ်ဖြည်းဖြည်း ဖြူလိုက်လာတာမို့ ငါတို့တော့နှင်းတောထဲ ကားမောင်းနေရပြီ ဆိုတဲ့အသိနဲ့ ပျော်သလိုလို ပါပဲ။ ပူရမှန်းလည်းသတိမရပါ။ ဒါနဲ့ ရှေ့ဆက်မောင်းလာလိုက်တာ ရှေ့က သွားတဲ့ကားဘီးရာတွေ ပိုပိုနက်လာတာ မြင်ရတော့ နှင်းထုကပိုပို ထူလာတယ်ဆိုတာသတိထားမိလာပါတယ်။ သိပ်မကြာပါဘူး နှင်းတွေ တဖွဲဖွဲပိုများလာ ပြီးလမ်းပေါ်မှာလည်း ရှေ့ကားဘီးရာ တွေ မတွေ့ရတော့။ တစ်နေရာမှာတော့ ဆလွန်းကားတစ်စီးလမ်းလည်ခေါင်မှာရပ်နေတာတွေ့ရပါတယ်၊ တကယ်တော့ ဒီလမ်းမျိုးနဲ့ သူတို့ကားနဲ့ ကဘယ်လိုမှမအပ်စပ်ပါ၊ ဘယ်လိုများဆက်မောင်းကြမလဲမသိ။ ကျွန်တော်တို့ ကားကတော့ခပ် ကြွားကြွား ပဲသူတို့ ကိုဖြတ်ကျော်ပြီးဆက်မောင်းလာလိုက်တာ တောင်ထိပ်ကိုပင်လှမ်းမြင်ရတဲ့နေရာရောက်နေပါပြီ။ နှင်းကတော့ ဆက်အားကောင်းဆဲ ကျွန်တော်တို့ ပါဂျရိုကလဲ ဆက်ရုန်းဆဲပဲ။ ဒါနဲ့ ဘာမှမကြာလိုက်ပါဘူး သွားယင်းနဲ့ ကားကလက်ယာဘက်ကို လည်ထွက်သွားလို့ အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ တလျှောက်လုံးမောင်းလာတာက Tuppin ရဲ့ မိန်းမ Andy ပါ။ Tuppin လဲလန့်သွားပြီး ကားကို ချက်ချင်း ပဲရပ်ခိုင်းပြီး အားလုံးဆင်းလိုက်ကြပါတယ်။  ကားကလမ်းပေါ်မှာ ကန့်လန့်ကြီး ဖြစ်နေပြီးတောင်နံရံ ကို ဦးတည်နေတာကို တွေ့ရပါတယ်။ ၀ဲဘက်မှာတော့ တောင်စောင်း ဆင်ခြေလျှောကြီးပါ၊ လမ်းပေါ်မှာရေခဲ ထုကလဲ တစ်ပေလောက်ရှိပါတယ်။ တကယ့် ကိုထိတ်လန့် စရာမြင်ကွင်းပါ။ အကယ်၍သာ ကားက ယာဘက်မဟုတ်ပဲ ဘယ်ဘက်ကိုသာ ဆွဲသွားမယ်ဆိုရင် တော့ ကျွန်တော်တို့ အားလုံးတောင်စောင်း မှာရေခဲပြင်လျှောစီးသွားဖို့ပါ၊ ဒါဆို တောင်အောက်ပြန်ရောက် သွားဖို့ပါ။

                                         ကန့်လန့်ဖြစ်နေတဲ့ ကျွန်တော်တို့ကားလေး

Tuppin ကတော့စိတ်အေးအေး ပါပဲ သူကိုယ်တိုင်စတီယာရင် ၀င်ကိုင်ပြီးကါးကို ပြန်တည့်ဖို့ကြိုးစားပါတယ်။ ရေခဲရဲ့မျက်နှာပြင် ဆိုတာက သိတဲ့အတိုင်းပဲ ချောမွတ်နေတာမို့ ကားတာယာနဲ့ ရေခဲမှုံတွေကြား မှာစလစ် ဖြစ်တာ ဗွက်နစ်တာထက်အပြန် တစ်ရာ ပိုဆိုးမယ်ထင်ပါတယ်၊ နောက်တာယာ၂လုံးက ပန်းအထူအပါးမညီ ၀ဲဘက်ကပိုများပြီး ယာဘက် ကပါးနေတာမို့ ယာဘက်ဘီးက စလစ်ဖြစ်နေပြီး မရုန်းနိုင်ပဲ ကားကယာဘက် ဆွဲသွားတာပါ။ သူဘယ်လိုပဲကြိုးစား ရုန်းရုန်ုး ကားက ရှေ့သွားမည့်အစား တစ်နေရာထဲမှာ တင်ပတ်ချာ လည် နေတာပါ။ Tuppin ကတော့တော်ရုံနဲ့လက်လျှော့ တတ်တာမဟုတ်လို့ မရရအောင် ဆက်ကြိုးစား ပါသေးတယ် ဒါပေမဲ့မရပါ။



                                             နောက်ကြောင်းပြန်လှည့်တဲ့ခရီးအစ

နောက်ဆုံးတော့ ကျွန်တော်တို့ လက်လျှော့ပြီး လာရာလမ်း အတိုင်းပြန်မောင်း ခဲ့ရပါတယ်။ တောင်ထိပ် ကိုမြင်နေရ တဲ့နေရာထိရောက်ပြီးမှ ဆုတ်ပြန်ခဲ့ရတဲ့အဖြစ်ကတော့ အသဲယား စရာပါ။ အပြန်လမ်းကျတော့ သူ့ဘီးရာအတိုင်း ပြန်မောင်းလာရတာမို့ လို့လားမသိ စလစ်လုံးဝမဖြစ်တော့ပါ။ လမ်းပေါ်မှာရေခဲထုက တဖြည်းဖြည်း ထူရာက နေပါးလိုက်လာပြီး Pitsang မြို့ရောက်တော့ ရေခဲလုံးဝမမြင်ရတော့ပါ။ အပြန်လမ်း မှာ ဆလွန်းကား ၃-၄စီး  တောင်ထိပ်ဘက်ကို ဦးတည် မောင်းတက်လာတာ တွေ့ရပါ သေးတယ် သူတို့ လည်း ကျွန်တော် တို့လိုပဲနှင်းတောထဲမှာ ဂေါ်ပြားလေးတွေနဲ့ ရေခဲတွေရှင်းနဲ့ ကားဆင်းတွန်း နေကြတာပါ။ ကျွန်တော်တို့ ရဲ့ 4x4 Pajero ပင်မမောင်း နိုင်တဲ့လမ်းကိုသူတို့ ဘယ်ပုံဆက်မောင်းကြမယ် မသိပါ။ ကံကောင်းတယ်လို့ ဆိုရမှာပါ နောက်နေ့မှာ ကားအက်စီးဒင်း နဲ့တစ်ယောက်မှ ဆေးရုံရောက်လာတယ်လို မကြားမိပါ၊ ရောက်လာရင်လဲ ကျွန်တော်နဲ့တွေ့မှာပါ။


                                           အပြန်လမ်းမှာဆုံရတဲ့ဘ၀တူ ခရီးသွားများ

နောင်ကိုကျွန်တော့ ဂျာမန်ကျောင်းသား တွေနဲ့ပြန်ဆုံ ခဲ့လျှင်၊ ငါတော့နှင်းတောတိုးခဲ့ဘူးပြီ မင်းတို့ ဆီလာလည်စရာမလိုတော့ဘူး လို့ကြွားနိုင်သွားပါပြီ။

                                        ကျွန်တော်တို့ ကပ်လွဲသွားခဲ့တဲ့  Katse Dam  ကြီး


စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Lesotho
21 Mar 2010

ဒေါက်တာစိုးမြင့်ရဲ့ ဘလော့ဂ်ကနေ ပြန်လည် မျှဝေပါတယ်။ 
More story here:
http://www.soemyint.com/2010/03/blog-post.html#more