Friday, July 19, 2013

မြန်မာ့လေကြောင်း ဖုန်းနံပါတ်များ


ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ လေကြောင်းဖြင့် ပြည်တွင်း ခရီးစဉ်များ အတွက် ခရီးသွားကြ သည့် မိဘပြည်သူများ ကြိုတင် လက်မှတ်များ ဝယ်ယူရေး၊ လုပ်ငန်းများ အဆင်ပြေစွာ ဆက်သွယ် ဆောင်ရွက်နိုင်ရန် စီးပွားရေး လုပ်ငန်းများ အတွက် မြန်မာ လေကြောင်းမှ လေယာဉ်များ စင်းလုံး ငှားရမ်းခြင်းများ ဆောင်ရွက်နိုင်ရန် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာပါသည်။
မိမိတို့ နေထိုင်ရာ မြို့များရှိ   မြန်မာ့လေကြောင်း ရုံးခွဲများသို့  ကိုယ်တိုင် ဆက်သွယ် စုံစမ်းနိုင်ရန် အတွက်လည်း ပြည့်စုံစွာ ဖော်ပြ ထုတ်ပြန် ခဲ့ပါသည်။ ပြည်တွင်း ခရီးစဉ်များ အတွက် အောက်ဖော်ပြပါ ဖုန်းနံပါတ် များသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည် -
           ရန်ကုန်           -       ဝ၁-၃၇၈၆ဝ၃၊ ၃၇၈၆ဝ၄၊ ၃၇၈၆ဝ၆၊ ၃၇၈၆ဝ၈၊ ၃၇၄၈၇၄၊ ၃၇၇၈၄၁။
                                      ဝ၉-၄၂၁၁၆၉၅၅၁၊ဝ၉-၄၂၁၁၆၉၅၅၃၊ဝ၉-၄၂၁၁၆၉၅၅၄၊   ဝ၉၄၂၁၁၆၉၅၅၂။
          လေဆိပ်        -        ဝ၁-၅၃၃ဝ၉၅၊ ၅၃၃ဝ၉၆။
          နေပြည်တော်  -        ဝ၆၇-၄၁၁၄၃၃၊ ဝ၉-၈၃ဝ၃၇ဝ၉၊ ဝ၉-၈၃ဝ၃၇ဝ၈။
          မန္တလေး         -        ဝ၂-၃၆၂၂၁၊ ၃၆၂၂၂၊ ၂၇ဝ၄၈၊ ဝ၉-၂ဝ၂၂၉၈၉၊ ဝ၉-၂ဝ၅၇၉၂၄။
          မြစ်ကြီးနား     -        ဝ၇၄-၂၂၅၄၅၊ ဝ၉-၄၇ဝဝ၆၄၄၄။
          ပူတာအို         -        ဝ၉-၈၄ဝ၁ဝ၈ဝ။
          ဗန်းမော်         -        ဝ၇၄-၅ဝ၂၆၉၊ ဝ၉-၄၇ဝ၂၅၈၇၇။
          ကလေး         -        ဝ၇၃-၂၁၁၂၄၊ ဝ၉-၆၄၇၂၇၃၇။
          ခန္တီး               -        ဝ၁ဝ-၄၃၂ဝ၂၄၉။
          ဟုမ္မလင်း       -        ဝ၁ဝ-၄၃၃၈ဝ၃၉။
          မုံရွာ              -        ဝ၇၁-၂၃၅ဝဝ၊ ဝ၉-၆၄၅ဝ၆၄၉။
          ညောင်ဦး       -        ဝ၉-၂ဝ၄ဝ၂၃၁။
          စစ်တွေ          -        ဝ၄၃-၂၃၁၅၇၊ ၂၄ဝ၂၂၊ ဝ၉-၈၅ဝ၁၅ဝ၉။
          ကျောက်ဖြူ     -        ဝ၄၃-၄၆၁၄၃၊ ဝ၉-၈၅၁ဝ၅၁၃။
          သံတွဲ            -        ဝ၄၃-၆၅၃၃၇၊ ၄၂၂၇၄၊ ဝ၉-၈၅၁၅၇၃၇။
          အမ်း             -        ဝ၉-၄၉၆၆၄၇၁၁။
          တောင်ကြီး     -        ဝ၈၁-၂၁၂၁၅၆၅၊ ဝ၉-၅၂၁၄၃၇ဝ။
          ဟဲဟိုး           -        ဝ၈၁-၆၃ဝ၄၇၊ ဝ၉-၈၃၅ဝ၉၃၃။
          တာချီလိတ်    -        ဝ၈၄-၅၁၄၈၉၊ ဝ၉-၅၂၄၂၄၈၉။
          ကျိုင်းတုံ        -        ဝ၈၄-၂၁၁၆၂၊ ဝ၉-၅၂၅၂၅၉၉။
          လားရှိုး           -        ဝ၈၂-၂၃၉၅၄၊ ဝ၉-၅၂၆၂၈၅၉။
          မိုင်းဆတ်       -        ဝ၈၄-၆ဝ၄ဝ၃။
          မြိတ်              -        ဝ၅၉-၄၁ဝ၂၆၊ ၄၁၁ဝ၈၊ ဝ၉-၈၇၆၃ဝဝ၂။
          ကော့သောင်း  -        ဝ၅၉-၅၁၁၁၆၊ ဝ၉-၅၆၄၅၂၉၂။
          ဘုတ်ပြင်း       -        ဝ၅၉-၅ဝဝ၁၄၊ ဝ၉-၈၇၉၂ဝ၅၃။
          ထားဝယ်       -        ဝ၅၉-၂၁ဝ၇ဝ၊ ဝ၉-၈၇၄၂၆၈၉။
          မော်လမြိုင်     -        ဝ၅၇-၂၁၅ဝဝ၊ ဝ၉-၈၇၁၈၂၂ဝ။ 
 မြ၀တီ

Thursday, July 18, 2013

ပြည်တွင်း လမ်းအသုံးပြုခ နှုန်းထားများ

ကားမောင်းပြီး ခရီးသွားသူများအတွက် ပြည်တွင်း လမ်းအသုံးပြုခ နှုန်းထားများ


Monday, July 1, 2013

လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် - ဇန်န၀ါရီ

ဆောင်းပါးရှင်။       ။ ဆုလဏီး  -
                                             မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ အနက် လားဟူတိုင်းရင်းသားမှာလည်း တိုင်းရင်းသား တစ်မျိုးအဖြစ် ပါဝင်သည်။ လားဟူတိုင်းရင်းသားများသည် ရှမ်း(အရှေ့) မြို့များတွင် နေထိုင်သော သူများအတွက်မစိမ်းလှ။

                                             မြို့ကြီးများတွင် နေထိုင်သော လားဟူတိုင်းရင်းသားများ ရှိသလို
တောင်ပေါ်ကျေးရွာများတွင်လည်း အများအပြားနေထိုင်ကြသည်။ မိုင်းပြင်း နှင့် မိုင်းဆတ်ဒေသ၌ လားဟူ အများဆုံးနေထိုင်ပြီး ကွန်ဟိန်း၊ နမ့်စန် နှင့် ရှမ်း(မြောက်)ရှိ လားရှိုး၊ တန့်ယန်း ဒေသများတွင်လည်း နေထိုင်ကြသည်။ တာချီလိတ်ရှိ လားဟူတိုင်းရင်းသားများ စုပေါင်း၍ နှစ်သစ်ကူးပွဲတော်ပြုလုပ်သည်မှာ ယခုအကြိမ်(၂၀၀၉)သည် (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ယခင်အကြိမ်များက တာချီလိတ်ပတ်ဝန်းကျင်ရှိ လားဟူရွာများတွင် အလှည့်ကျ ကျင်းပခဲ့ကြသည်။ ယခုအကြိမ်မှာ တာချီလိတ်မြို့၏ ရှမ်းရိုးမကွင်းထဲတွင် စုပေါင်းဆင်နွဲကြခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ကြသည်။ တာချီလိတ်မြို့နေများအတွက် လားဟူတိုင်းရင်းသားများကို တိုင်းရင်းသား ဝတ်စုံဖြင့် ပထမဆုံးအကြိမ် အများအပြား တွေ့ဖူးခြင်းလည်းဖြစ်ပြီး လားဟူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု 'အတီးနှင့်အကများ' ၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတို့ကို တပေါင်းတစည်းတည်းတွေ့ရခြင်းလည်း ဖြစ်သည်။

    လားဟူတိုင်းရင်းသားတို့၏ အထိမ်းအမှတ် (LOGO) မှာ ' ဘူးပလွေ ' ဖြစ်ပြီး ယခုနှစ်သစ်မှာ နွားနှစ်ဖြစ်သည်။ ကုန်လွန်ခဲ့သော နှစ်မှာ ကြွက်နှစ်ဖြစ်သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ကူးပြောင်းမည့် နှစ်သစ်ကူးပွဲတော်ကို လားဟူလို ' ခေါ့ရှီးကျားပွဲ ' ဟုခေါ်ပြီး အချင်းချင်းတွေ့လျှင် ' ချဲရှာချဲသြောသလား ' ဟု နှုတ်ကြသည်။ အဓိပ္ပါယ်မှာ ' နေကောင်းကျန်းမာပါရဲ့လား ' ဟူ၍ဖြစ်ပြီး ပြန်လျှင် 'ကွေ့အေးယိုမယ်' ဟုနှုတ်ဆက်ကြသည်။ နှစ်သစ်ကူးတွင်ဆိုလေ့ရှိသော သီချင်းမှာ ' သြောပုတေလဲမော် ဒါအာလေး ' ဖြစ်ပြီး ခေါပုတ်ထောင်းရင်းဆုံကြရအောင် ဟုအဓိပ္ပါယ်ရကာ အခြားလားဟူ နှစ်သစ်ကူး သီချင်းများကိုလည်း သီဆိုကြသည်။ ' ခေါပုတ် ' ဆိုသည်မှာ ကောက်ညှင်း၊ နှမ်း၊ ဆားတို့ဖြင့် ပြုလုပ်သောမုန့် ဖြစ်ပြီး အထူတစ်လက်မနှင့် ပြန့်ခြောက်လက်မခန့်ရှိ၍ ' ခေါပုတ် ' သည် 'လားဟူ' တို့ နှစ်သက်သော မုန့်တစ်မျိုးဖြစ်သည်။

    လားဟူတို့၏ ထင်ရှားသောအကမှာ ' ကာခေ့ပွဲ ' ဟုခေါ်သော မြေဝိုင်းအကဖြစ်သည်။ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင် ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ်ကာ ကရသော အကတစ်မျိုးဖြစ်ပြီး ရှေးကပင်ကျင်းပလာ၍ ယခုတိုင် ရိုးရာမပျက်သီဆိုကပြသောအကဖြစ်သည်။ ပွဲတော်တွင် မြေဝိုင်းအကအတွက် သီးသန့်နေရာပြုလုပ်ထားပြီး ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

    ကာခေ့ပွဲမှာ ဘူးသီးခြောက်နှင့် ဝါးဖြင့်ပြုလုပ်ထားသော ' ဘူးပလွေ ' ကို သံစဉ်များဖြင့် မှုတ်ကြပြီး ခြေ၊ လက်များမှာ သံစဉ်အတိုင်းစည်းချက်ကျကျ ဝိုင်းဖွဲ့ပြီး ညီညီညာညာကရသော အကဖြစ်၍ သက်ကြီးလူကြီးများအပြင် လူငယ်များ၊ အမျိုးသား အမျိုးသမီးများ ဝိုင်းဖွဲ့ကကြသည်။ ဧည့်သည်များလည်း ဝိုင်းဖွဲ့ပါဝင်ကကြသည်။

    လားဟူတိုင်းရင်းသားတို့တွင် ယခုနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတို့သည် အဓိကပွဲတော်ကြီးများဖြစ်သည်။ ဤနေရာတွင် အလျဉ်းသင့်၍ လားဟူတိုင်းရင်းသားတို့၏ ဆင်းသက်လာပုံသမိုင်းအကျဉ်းအနည်းငယ်ကို ဖော်ပြလိုပါသည်။ လားဟူဆင်းသက်လာပုံသမိုင်းနှင့် ဓလေ့ထုံးစံယဉ်ကျေးမှုများကို သိရှိနိုင်ရန် လားဟူတိုင်းရင်းသားတစ်ဦးဖြစ်သူ တာချီလိတ်မြို့နယ် လားဟူတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီမှ Dr. ယားဘိုရှီးက ကူညီပေးပါသည်။

     လားဟူတိုင်းရင်းသားတို့သည် တိဗက်-မြန်မာအနွယ်ဝင် ' လိုလို ' မျိုးနွယ်စုမှ ဆင်းသက်လာပြီး မဲခေါင်မြစ်နှင့် သံလွင်မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာကာ တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ထိုင်းနှင့်လာအိုနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ဝတ်စုံမှာ အများအားဖြင့် ပိတ်အနက်ကို အခြေံပြီး ဝတ်ဆင်ကြသည်။ အကျီင်္တွင် အနီရောင်များသော အခြားအရောင်ဖြင့် ဒီဇိုင်းဖော်လေ့ရှိသည်။

    အမျိုးသမီးဝတ်စုံကို ပွဲတော်များတွင် အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီး အမျိုးသမီးတို့က ငွေကို အခြေခံသော လက်ဝတ်လက်စားများ ဝတ်ဆင်လေ့ရှိသည်။ အမျိုးသားများမှာ လွယ်အိတ်၊ ဓါး၊ ဆေးတံ၊ ဒူးလေးနှင့် တူမီးတို့ကို ကိုင်ဆောင်လေ့ရှိသည်။ လားဟူတို့၌ အဓိကစာပေရှိပြီး အင်္ဂလိပ်ဝေါဟာရကို အခြေခံကာ အသံအနိမ့်အမြင့် သင်္ကေတများပါရှိသည်။

    လားဟူအမျိုးသားတို့သည် အမဲလိုက်ခြင်းကို အထူးစွဲလမ်းနှစ်သက်ကြသည်။ လုပ်ငန်းခွင်ပြီးလျှင်
 တမေ့တမောတောတောင်များထဲသို့ အမဲလိုက်ထွက်လေ့ရှိပြီး သားကောင်ရှာဖွေရာတွင် အထူးကျွမ်းကျင်ကြသည်။ အမျိုးသမီးတို့မှာ စီးဆင်းလာသော ချောင်းကိုပိတ်ပြီး ငါးရှာလေ့ရှိသည်။ လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ပေါ်ပေါက်ခဲ့ပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။

    "ရှေးတုန်းက နှစ်သစ်ကူးနေ့ရယ်လို့ သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ ' ထင်းရှူးပင် အညွှန့်၊ အတက် ပေါက်ချိန်ရောက်ရင် နှစ်သစ်ကူးချိန်ရောက်ပြီး၊ မက်မွန် မက်မန်းဖူးပွင့်လာရင် စိုက်ရပျိုးရမယ့် ရာသီအချိန်ဖြစ်ပြီး ယာလုပ်ငန်းဝင်ကြပါ၊ ချယ်ရီပန်းတွေပွင့်လာရင် စပါးရိတ်သိမ်းအချိန်ရောက်ပြီး စပါးတွေကို ကျီထဲသွင်းကြပါ ' လို့ တစ်ဆင့်စကား တစ်ဆင့်နားအဖြစ်နားထောင်လာခဲ့ကြပါတယ်။ ၁၉၇၀ပြည့်နှစ်ကျမှ ကျိုင်းတုံမှာ လားဟူဘွဲ့ရလူငယ်တွေနဲ့ ရွာလူကြီးတွေ စုစည်းပြီး ထင်းရှူးပင် အညွှန့်အတက် ဖူးပွင့်လာနိုင်တဲ့ တပို့တွဲလဆန်းကာလကို နှစ်သစ်ကူးကာလလို့ သတ်မှတ်ခဲ့ပြီး တပို့တွဲလဆန်း၁ရက်နေ့ကို လားဟူတိုင်းရင်းသားတို့ရဲ့ ' နှစ်သစ်ကူးနေ့ ' ဆိုပြီး သတ်မှတ်ခဲ့ရပါတယ်။ လားဟူပြက္ခဒိန်လည်း အဲဒီကနေ စထွက်ပေါ်လာခဲ့ပါတယ်" ဟု လားဟူစုပေါင်း နှစ်သစ်ကူးပွဲတော်၌ မြို့နယ်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ကြိုဆိုနှုတ်ခွန်းဆက်လွှာတွင် တက်ရောက်သူ ပရိသတ်ကို ထည့်သွင်းပြောကြားသွားသည်။ နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသော အစီအစဉ်တစ်ခုပါဝင်သည်။ ရိုးရာလက်ဆေးမင်္ဂလာခံယူခြင်း ဟူ၍ဖြစ်ပြီး အဓိပ္ပါယ်ကို
 အောက်တာယာဘိုရှီးက ရှင်းပြသည်။

    " သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်တွေကို လူငယ်တွေက လက်ဆေးပေးခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်က လူငယ်ကလူကြီးကို အမြဲရိုသေလေးစားခြင်း၊ ဂါဝရပြုခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ခြင်းဖြစ်ပြီး လူကြီးတွေက အဲ့ဒီအချိန်မှာ ဆုံးမသြဝါဒပေးကြတယ်။ လိမ္မာယဉ်ကျေးဖို့နဲ့ လူတော်လူကောင်းဖြစ်ဖို့တွေ ပါဝင်ပြီး ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့လည်း ပါဝင်ပါတယ်။ "
    တာချီလိတ်၌ လားဟူတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများတွင် တာလေမြို့နယ်ခွဲရှိ နာအွန်ရွာ၊ မိုင်းကိုးအုပ်စုရှိ မောတွီရွာတို့သည် ရွာကြီးများဖြစ်ပြီး ကျာကုနီရွာ၊ ရေပူစမ်းစံပြရွာ၊ နားယောင်းရွာ၊ ရန်ကုန်ရွာ၊ ရန်ရှင်းရွာ၊ ကျိုင်းလပ်ရှိ နမ်ဝမ်းရွာ၊ မော်ဝန်းရွာ၊ ကြိုးတံတားရွာ၊ ပါဆန်းရွာ၊ နာတာကျိုရွာ၊ မယ်ပုံးလုံရွာ၊ ဗေသလရွာ၊ ပန်နယ်ရွာ၊ မယ်ပုံးလုံရွာ၊ ကာနရွာ၊ မိုင်းဟဲရွာ တို့သည် လားဟူရွာများဖြစ်ကာ အခြားရွာများလည်းရှိသေးသည်။ မြို့နေ လားဟူတိုင်းရင်းသားတို့မှာ ရပ်ကွက်အသီးသီးတွင်
 နေထိုင်ပြီး နှစ်သစ်ကူးပွဲတော်သို့ အများအပြား လာရောက်ဆင်နွှဲကြသည်။

    ပွဲတော်တွင် စင်မြင့်ကြီးတစ်ခုနှင့် မြက်ခင်းတွင် မြေဝိုင်းအက ' ကာခေ့ပွဲ ' ကရန် လေးထောင့်ပုံနေရာတစ်ခု ပြုလုပ်ထားသည်။ စင်မြင့်သည် စတိတ်ရှိုးနှင့် ရိုးရာအကများ  ဖျော်ဖြေရန်ဖြစ်ပြီး မြက်ခင်းရှိနေရာမှာ မြေဝိုင်းအက ကရန်ဖြစ်သည်။ အလယ်တွင် ၁၅ ပေခန့်ရှိ ထင်းရှူးပင်ပျိုကို စိုက်ထားပြီး ပတ်လည်တွင် စင်ထိုးထားသည်။ ထင်းရှူးပင်ထိပ်အနီးတွင် လားဟူတို့၏ အထိမ်းအမှတ်ဖြစ်သော ဘူးပုလွေအကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ စင်ပေါ်တွင် ' မူခေါက် ' ဟုခေါ်သော ဝါးကြိမ်ခြင်းပြုလုပ်သည်။ ထမင်းစား စားပွဲငယ်လေးတင်ထားသည်။ စားပွဲပေါ်တွင် ဘူးသီးအကြီးအရွယ်ပုံစံ ပြုလုပ်ထားပြီး ဝက်ခေါင်းကြီးတစ်လုံးတင်ထားသည်။
    " ခေါပုတ်နဲ့ ဝက်ခေါင်းကင်ထားတာကတော့ နှစ်သစ်ကူးတိုင်းမှာ လုပ်ရတာပါ။ ' ခေါပုတ် ' ဟာ ဆန်ရေစပါးပေါများဖို့ ရည်ရွယ်ပြီး ' ဝက်ခေါင်း ' ကတော့ သားငါးပေါများဖို့ ရည်ရွယ်တယ်။ တောင်ပေါ်နေ လားဟူအတွက် ဝက်က အဓိက အသားပါပဲ။ တင်ထားတဲ့ ဝက်ခေါင်းကိုတော့
 မြေဝိုင်းအကခေါင်းဆောင်ကိုပေးရပြီး ရွာကိုယူသွားတယ်။ သူက အကအဖွဲ့ဝင်တွေကို ပြန်ပေးရတယ်။ ထင်းရှူးပင်ကို ဝိုင်းပြီး ရွေ့လျားကတာကတော့ စည်းလုံးမှုကို ရည်ရွယ်ပါတယ်။ ကသူတိုင်းက စည်းချက်အတိုင်း၊ ကကွက်အတိုင်း ညီညီညာညာကကြရပါတယ် " ဟု လားဟူတိုင်းရင်းသားလူကြီးတစ်ဦးက ရှင်းပြသည်။

    ဇန်နဝါရီနောက်ဆုံးပတ်သည် ဆောင်းအကုန်နွေအကူး၏ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာခံစားရသည်။ နေ့တွင်ပူပြီး ညတွင်အေးသည်။ ညဥ့်နက်လေ ပိုအေးလေ၊ နံနက်ဆို အအေးဆုံးဖြစ်သည်။ မြေဝိုင်းအကကို ပွဲတော်သုံးရက်စလုံး နံနက် ၁၀ နာရီတွင် စတင်သည်။ ပရိသတ်က ပတ်လည်တွင် အပြည့်ဖြစ်သည်။ ပရိသတ်များ နေပူဒဏ်မခံနိုင်ရန် တဲကြီးများထိုးထားပေးသည်။
 ကျေးရွာများမှ ရောက်လာသော ' လားဟူ ' တိုင်းရင်းသားများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ဝင်ပြီးကကြသည်။ တစ်ခါတစ်ရံ ဝိုင်းကသူများ၍ နှစ်ထပ်၊ သုံးထပ်အထိဖြစ်သွားသည်ကိုလည်းတွေ့ရသည်။ အခြေခံဝတ်စုံမှာ အနက်ဖြစ်သော်လည်း အနက်မဝတ်သော လားဟူတောင်ပေါ်နေ တိုင်းရင်းသားများလည်းရှိပြီး ကာခေ့ဝင်းထဲသို့ ဝင်ရောက်ကကြသည်။ ဝတ်ဆင်သော ဝတ်စုံမှာ အလွန်ထူးခြားပြီးမြို့နေများ
 တွေ့ဖူးသူနည်းသည်။ လက်ရှည်အကျီင်္ဖြစ်သော်လည်း ဝတ်ရုံပုံစံမျိုးဖြစ်သည်။

အကျီင်္မှာ ခြေမျက်စိထိအောင်ရှည်သည်။ ဘူးပလွေကို အမျိုးသားကြီးတိုင်းကျွမ်းကျင်စွာ မှုတ်ကြပြီး ကကွက်များကို ပုံဖော်နိုင်သည်။ ထူးခြားသော အကျီင်္ရှည်နှင့်ဘူးပလွေမှုတ်ပြီး ဗုံတို၊ လင်ကွင်းတို့ဖြင့် ပျော်ရွှင်စွာ ကနေသူများသည် အကကိုသာ အာရုံစူးနစ်ထားပြီး အားလုံးမေ့ထားကြသည်။ ပျော်စရာမြင်ကွင်းမျိုး၊ အပျော်တွေကူးစက်နိုင်သော မြင်ကွင်းမျိုးလည်းဖြစ်သည်။ ဂျင်ပေါက်ခြင်းနှင့် ဂုံညင်းပစ်ခြင်းကဲ့သို့သော ရိုးရာကစားနည်းများလည်း ပါဝင်သည်။
    " သူတို့က တောင်ပေါ်ဒေသတွေမှာ အများဆုံးနေကြတယ်။
 ကျိုင်းတုံမြို့နေတွေကတော့ တွေ့ဖူးသူများပြီး တာချီလိတ်ကတော့ မြင်ဖူးသူနည်းတယ်လို့ထင်တယ်။ " အမျိုးသမီးများကတော့ ဝတ်စုံများမှာလည်း အနက်မပါ၊ ဆံပင်ကို ဆံထုံးထုံးလေ့ရှိသည်။ လုံချည်မှာ အနီရောင်ဖြစ်ပြီး လိုင်းများပါသည်။ အမျိုးသားတို့၏ ကကွက်ကိုကြည့်ပြီး အမျိုးသမီးများက ညီအောင်ကကြသည်။ နေပူသော်လည်း ရေသောက်လိုက်၊ ကလိုက် မမောနိုင်အောင် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြသည်။

    အကျီင်္ရှည်အဖွဲ့ပြီးရင် အနက်ကို အခြေခံသော ဝတ်စုံများဝတ်ဆင်သည်။ အခြားကျေးရွာများမှ အကအဖွဲ့များကလည်း မိမိတို့၏ တူရိယာများဖြင့် ဝင်လာပြီး ဝိုင်းပတ်ကကြသည်။ တစ်ဖွဲ့လျှင် အိုးစည်နှစ်လုံး၊ မောင်း၊ လင်းကွန်များပါသည်။ အမျိုးသမီးများလည်း တီးကြသည်။ သီချင်းမဆိုကြ။ သီချင်းမပါသော သံစဉ်များဖြင့် သွက်လက်ထူးခြားစွာ ဝိုင်းပတ်ကကြရသော ထူးခြားသည့် ရိုးရာမြေဝိုင်းအကတစ်ခုဖြစ်သည်။ သုံးရက်တိုင် သူတို့ကကြမည်ဖြစ်သည်။ ကာခေ့ပွဲ၏ အကတွင် လူကြီးပိုင်းများပြီး လူလတ်ပိုင်းပါသည်။ လူငယ်ပိုင်းနည်းသည်။

    စင်မြင့်ပေါ်၌ ခေတ်သစ်စတိတ်ရှိုးစလျှင် အီလက်ထရောနစ်သံစဉ်များက ကာခေ့ပွဲအသံကို လွှမ်းသွားသည်။ လူငယ်တွေက စတိတ်ရှိုးကို အများဆုံး သွားအားပေးကြသည်။ လားဟူ အဆိုတော်တွေကလည်း များသည်။ လူငယ်များစတိတ်ရှိုးကို ပိုအားပေးတာကတော့
 ခေတ်သစ်ရေစီးကြောင်းဖြစ်၍ မလွန်ဆန်နိုင်။ စတိတ်ရှိုးသီချင်းနှင့် ကြားတွင် အကအဖွဲ့များတစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြကြသည်။ ညတွင်ပို၍ စည်သည်။ ညတွင် မြေဝိုင်းအကမရှိပေ။

    လားဟူတိုင်းရင်းသား နှစ်သစ်ကူးတွင် တောင်ပေါ်မြို့နေ အားလုံးလာကြသည်။ ခွဲခြားထားခြင်းမရှိ။ တပေါင်းတည်းကပြီး တပေါင်းတည်းစားကြသည်။ လားဟူမိဘများသည် ခေတ်သစ်ပညာရေးကို အားပေးသည်။ ရွာတွင် မူလတန်းအောင်ပါက မြို့ကိုရအောင်ပို့ပြီး စာကြိုးစားခိုင်းလေ့ရှိသည်။ လားဟူပညာတတ်များလည်း တိုးမြှင့်လာသည်ဟု မိတ်ဆွေ လားဟူများကဆိုကြသည်။

    ဇန်နဝါရီလ ၂၆ ရက်သည် လားဟူတိုင်းရင်းသားတို့၏ နှစ်ဆန်းတနင်္လာနေ့ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ညက ပွဲတော်တွင် ရောင်စုံမီးပန်း၊ မီးကျည်များ ပစ်ပေါက်ခဲ့ကြသည်။
 တောင်ပေါ်ရွာနှင့် ကျေးရွာများမှ ရောက်ရှိလာသည့်သူများကို ယဉ်ကျေးမှုအဖွဲ့က လိုလေးသေးမရှိအောင် ဧည့်ခံကြသည်။ လားဟူတိုင်းရင်းသားတို့၏ ပွဲတော်တွင် အခြားတိုင်းရင်းသားများကလည်း ဝင်ရောက်ဆင်နွှဲကြပြီး နောင်နှစ်တွင်သည့်ထက် ပိုစည်မည်ဟု ကျွန်တော်ထင်ပါသည်။


မှတ်ချက်။      ။ ၄.၂.၂၀၀၉ခုနှစ်တွင် ထွက်ရှိသော Weekly Eleven News Journal တွင် ဖော်ပြထားသည့် ဆုလဏီး၏ ဆောင်းပါးအား မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။
 ဆောင်းပါးတွင် ပါရှိသော ပုံများမှာ ၉.၂.၂၀၁၃ခုနှစ်တွင်ပြုလုပ်သော ပွဲတော်မှ ပုံများဖြစ်ပြီး ကျန်ပုံများမှာ Google မှာ ရယူအသုံးပြုထားပါသည်။
 -------------
iMyanmarGo ထပ်ဆင့် မှတ်ချက်။ ။ tachileik.net မှ ပြန်လည် မျှဝေပါတယ်။ 

အင်ဒိုနီးရှား၊ အမ်းဘောင်မြို့ကိုအလည်တစ်ခေါက် ကိုယ်ရောက်တယ်

မင်းအောင်သက်လွင် (ခရီးသွားဆောင်းပါး)

၂၀၁၁

(နိဒါန်း)
̏ဟေး- မစ္စတာ မင်း၊ မနက်ဖြန် ခရီးထွက်ရမယ်။ အင်စပက်ရှင် စစ်ဆေးရေး သက်သက်ဘဲ။ အရှေ့အင်ဒိုနီးရှားကို သွားရမှာ။ ဟိုမှာ ၂ရက်ဘဲနေပြီး ပြန်လာခဲ့။ ဟောဒီမှာ လေယာဉ် လက်မှတ်၊ လိုအပ်တာ ပြင်ဖို့ ဒီနေ့စောစော အိမ်ပြန်။ ̋  လို့ မန်နေဂျာက ကျနော့်ကို လာပြောပါတယ်။
လေယာဉ် လက်မှတ်ကို ကြည့်လိုက်တော့ ကျနော် သွားရမဲ့နေရာက လျှပ်စစ် ဓါတ်အားပေး စက်ရုံ။ အမ်းဘောင်မြို့ Ambon (မာလုကူMaluku)။ အရှေ့အင်ဒိုနီးရှား ဖြစ်ပါတယ်။
လုပ်ရမဲ့ အလုပ်က အင်တာနေရှင်နယ် ကာတာပေလာ ကုမ္ပဏီ လက်အောက်က ထရန်ကင်ဒို က အင်ဂျင်ကို စစ်ဆေးရမှာဖြစ်ပါတယ်။ အင်ဂျင်က ကာတာပေလာ လုပ် စီအေတီ (ကက်) အင်ဂျင် ဖြစ်ပြီး။ အင်ဂျင် ဘယ်ယာရင် ပေါ့ကက် နံပါတ်ဝမ်း စတတ်ပေါက် အရစ် မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ပျက်သွားတာ ဖြစ်ပါတယ်။
ကျနော့် တာဝန်က အင်ဂျင် ဘယ်ရာရင် အလိုင်းမန့် မှန်မမှန် လေဆာ နဲ့ စစ်ဆေးပြီး။ ဘယ်ရာရင် ဆိုဒ် ကောင်းမကောင်း တိုင်းထွာပေးရမှာဖြစ်ပါတယ်။
အဲဒီ အင်ဂျင်ကို ကတ်စတာမာတွေက သေချာပေါက် ပြင်မှာမို့ လာပြင်တဲ့ အခါကျရင် တပ်ဆင် ခုတ်စား ပြင်ဆင်ဖို့ လိုအပ်တဲ့ အင်ဂျင်ဘလောက် ကနေရာ တစ်ချို့ကို တိုင်းထွာ စစ်ဆေး ရမှာဖြစ်ပါတယ်။
တနေ့တည်းနဲ့ ပြီးနိုင်တဲ့ သက်သက်သာသာ လုပ်ရမဲ့ အလုပ်ဖြစ်ပါတယ်။ အလုပ်က တစ်ရက်တည်း ပြီးနိုင်ပေမဲ့ သွားရမှာက ဇွန်၉ ရက် ည ၉နာရီမှာ စင်ကာပူ ကနေ ဂျာကာတာကို အဲဒီည သန်းခေါင် အရောက်သွားရမှာ ဖြစ်ပါတယ်။ ဂျာကာတာ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ပြည်တွင်းလေဆိပ်ကို တက္ကစီနဲ့ သွားပြီး အဲဒီကနေ အမ်းဘောင်မြို့ကို ပြည်တွင်းလေကြောင်းနဲ့ ဇွန်၁ဝရက် မနက်စောစော ၁နာရီခွဲမှာ ထွက်ရမှာ ဖြစ်ပါတယ်။ အဲဒီ မနက်စောစော ၇နာရီမှာ အမ်းဘောင်မြို့ကို ရောက်မှာ ဖြစ်ပါတယ်။

(အမှားများနှင့်ကစားခြင်း)
စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် Terminal 1 ကနေ ထွက်ကတည်းက ကျွန်တော်တို့ အမှားအယွင်းနဲ့ ကြုံရပါတယ်။ ပထမဦးဆုံး အမှားက အင်ဒိုနီးရှား လေကြောင်းလိုင်း ကောင်တာ စာရေးမ ရေးပေးလိုက်တဲ့ လက်မှတ်ဖြတ်ပိုင်းပါဘဲ။ ဂျာကာတာမြို့ကို သွားမဲ့ ကျွန်တော်တို့ လေယာဉ်ဟာ Gate 33 လို့ရေးထားတဲ့ အတွက် ကျွန်တော် အဲဒီ ဂိတ်ကို သွားခဲ့ပါတယ်။ ည ၉နာရီခွဲံမှာ လေယာဉ်ထွက်မှာ ဖြစ်တဲ့ အတွက် ဂိတ်ထဲကို တခြားခရီးသည်တွေနဲ့ ရောရောနှောနှော တိုးဝင် လာခဲ့ပါ တယ်။ လေဆိပ် အဆောက်အဦက Renovation လုပ်နေတဲ့အတွက် မြေအောက်ထပ် ထဲကို ဆင်းရပါတယ်။ တိုင်မှာ ကပ်ထားတဲံ နာရီတစ်လုံးက ညနေ ၂နာရီကို ပြနေတဲ့ အတွက် လက်ရှိည ၉နာရီခွဲ ရှိပြီမို့ ကျွန်တော့်ရှေ့မှာရှိနေတဲ့ ယူရုတ်(Europe) က လာတဲ့ အဖြူကောင် လင်မယားက တဟားဟားနဲ့ တအားအော်ရယ်ပြီး မင်းတို့ အာရှ သားတွေ အမြဲတမ်းမှား နေတယ်လို့ပြောပါတယ်။
မင်းတို့ အာရှသားတွေလို့ သိမ်းကြုံး ပြောလို့ ကျွန်တော် သူတို့နဲ့ လိုက် မရယ်နိုင်ပါဘူး။ နာရီကလေး မှားတာ ရယ်စရာလား။ သူများကို မယုံရင် ကိုယ့် လက်ပါတ် နာရီနဲ့ကိုယ်၊ ကိုယ့် ဟန်းဖုန်းထဲက နာရီနဲ့ ကိုယ့်ကိုကိုယ် အားကိုးပါလားလို့ အသံ မထွက်တဲ့ စကားနဲ့ စိတ်ထဲကနေ အဖြူကောင် လင်မယားကို ပြန်ပြောနေမိ ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်လဲ ̏ မင်းတို့ အာရှနိုင်ငံတွေ အမြဲတမ်းမှား ရခြင်း ̋ ကို ကိုယ်တိုင် ကြုံရပါတော့တယ်ခင်ဗျာ။
ဟုတ်ကဲ့ ဒီခရီးစဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ အမ်းဘောင်  (Ambon) မြို့လေးကို သွားရမဲ့ ခရီးစဉ် အစဘဲ ဖြစ်ပါတယ်။
ဂိတ် အဝက လေကြောင်းတာဝန်ခံက ကျွန်တော့် လက်မှတ်ကို ကြည့်ပြီး ခေါင်း တယမ်းယမ်း လုပ်နေပါတယ်။ ဘာများ မှားလို့လဲပေါ့။ မင်းလက်မှတ်က မှားနေ တယ်တဲ့။ ကျွန်တော် သေသေချာချာ ပြန်ကြည့်ပါတယ်။ ̏ ချန်ဂီလေဆိပ်။ တာမယ်နယ် ဝမ်း။ ဂိတ် ၃၃။ ည ၉နာရီခွဲ။ အရှေ့ အင်ဒိုနီးရှား၊ အမ်းဘောင်မြို့။ အားလုံး မှန်နေတာဘဲ။ ̋ ဆိုတော့ သူက ဟုတ်တယ်။ မင်းလက်မှတ်ထဲမှာ မှန်တယ်။ ဒါပေမဲ့ လေယာဉ်ရုံးက နောက်ဆုံး ဝင်လာ တဲ့ သတင်းအရ မှားနေတယ်။ မင်းက ဂျာကာတာ သွားမှာဆိုတော့ ဂိတ် ၃၃ မဟုတ်ဘူး။ ဂိတ် ၄၅ကို သွားရမှာတဲ့။ အဲဒီတော့မှ အဖြူကောင် လင်မယား ပြောသွားတဲ့ အားလုံး မှားနေတယ် ဆိုတဲ့ စကားကို ကျွန်တော် သဘော ပေါက်လိုက်မိပါတော့တယ်။
နာရီကို ကြည့်တော့ ညကိုးနာရီကျော်နေပြီ။ လေယာဉ်က ၉နာရီခွဲ။ နာရီဝက်ဘဲ  အချိန်ရ တော့တယ်။ လူအုပ်ကြီးကို နောက်ပြန်တိုး။ Excuse me. Sorry ဆိုတဲ့ နိုင်ငံတကာ နားလည်တဲ့ စကားလုံးကို အကြိမ်ပေါင်း မြောက်များစွာ တတွတ် တွတ်ရွတ် သွားသုံးရင်း လူစီးကြောင်းကို နောက်ပြန်ဆန်ပြီး အပြင်ကို ပြန်တိုးထွက် ရပါတယ်။ ကျောပိုးအိတ်နဲ့ ဟန်းကယ်ရီအိတ်ကို မြဲမြဲဆွဲပြီး ဂိတ် ၃၃ ကနေ ၄၅ ကို အူယားဖါးယား ပြေးလာခဲ့ ရပါတယ်။ ဟောတွေ့ပြီ ဂိတ်၄၅။ အဲ- မတွေ့တာက ခရီးသည် တွေဘဲ။ ဂျာကာတာကို သွားရမဲ့ ည၉နာရီခွဲံ လေယာဉ်၊ ဂိတ် ၄၅ မှာ ခရီင်္းသည် တစ်ယောက်မှ မရှိပါ။ ဂိတ်ရှေ့မှာလဲ ဝန်ထမ်းတွေ တစ်ယောက်မှာ မရှိ။ သူရဲ ခြောက် မှာတောင် စိုးရိမ်ရပါတယ်။ ခရီးသည်တွေအားလုံး လေယာဉ်ပေါ် တက်ကုန်ကြပြီလား။
ဘေးနားကို ကြည့်လိုက်တော့မှ တူညီ ပါတိတ် အဝါရောင် ဝတ်ထားတဲ့ သက်ကြီးပိုင်း ဘုရားဖူး အပြန် အင်ဒိုနီးရှားနိုင်ငံသား လူအုပ်ကြီးက လေဆိပ် ကော်ဇော ကြမ်းပြင်ပေါ် အေးအေးလူလူ ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။ ဘိုလို မေးလိုက်တယ်။ ဂျာကာတာ သွားမဲ့ လေယာဉ် အမှတ်၁၅၉ က ဘယ်မှာလဲလို့။ သူတို့ အားလုံးက ကျွန်တော့်ကို အသားညိုညိုနဲ့ လူမို့ သူတို့လို အင်ဒိုနီးရှား နိုင်ငံသား ထင်ပြီး တတော်တော် တတီတီနဲ့ စကားလာပြောပါတယ်။ Can you speak English? လို့ အော်လိုက်တော့မှ ဘေးနား ၀ိုင်းးနေတဲ့ အန်တီကြီးတွေ ရှဲသွားပြီး  ယောကျာ်း တစ်ယောက် လူအုပ်ထဲက ထွက်လာပြီး ကျွန်တော်သွားမဲ့ ဂျာကာတာ ည၉နာရီခွဲ လေယာဉ် ၁၅၉ နဲ့ သူတို့ လေယာဉ်ဟာ အတူတူဖြစ်ကြောင်း လာပြောပါတယ်။ ဒါဆို ၉နာရီခွဲနေပြီး ဂိတ်ထဲ မဝင်သေးဘူးလားဆိုတော့ နောက်က ရောက်နေတဲ့ စင်ကာပူ နိုင်ငံသား လေဆိပ် ဝန်ထမ်းက မိတ်ဆွေ ကျွန်တော်တို့ ဂျာကာတာ လေယာဉ် ခရီးစဉ် တစ်နာရီ နောက်ကျမှာ ဖြစ်ပါတယ်တဲ့။ ည ဆယ်နာရီခွဲမှ ထွက်မှာတဲ့လေ။ မှားပြန်ပြီပေါ့။
ညဆယ်နာရီခွဲချိန်မှာ လေယာဉ်ပေါ်ကို ရှောရှောရှုရှု တက်လာခဲ့ပါတယ်။ ဘာမှ မမှားတော့ပါဘူး။ ထိုင်ခုံ နေရာကအစ အဆင်ပြေပါတယ်။ ပျံသန်းချိန် တစ်နာရီခွဲဘဲ ကြာမှာ ဆိုတော့ သက်သက် သာသာပါဘဲ။ လေယာဉ် ကောင်းကင်ပေါ် အမြင့်ပေ သောင်းဂဏန်း ထိရောက်ပြီး ပျံသန်းချိန် တစ်နာရီကျော် ကြာလာတော့ အာခေါင် ခြောက်လာတဲ့အတွက် လေယာဉ်မယ်ကို ကိုကာကိုလာ တောင်းသောက် မိပါတယ်။ ကောင်မလေးက သောက် ရေသန့် တစ်ပုလင်း လာပေးပြီး အင်ဒိုနီးရှားငွေနဲ့ ရူပီ တစ်သောင်း (S$1.10) နီးပါး တောင်းပါတယ်။ ဘေးနားက အင်ဒိုနီးရှားနိုင်ငံသား ကောင်လေးကို ကျတော့ ပိုက်ဆံ မတောင်းဘဲ အလကား ပေးလိုက်တာ မြင်ရပါတယ်။ စိတ်ထဲမှာတော့ ငါက နိုင်ငံခြားသား မို့လို့လား။ ဟိုကောင်လေးလောက် ရုပ်မချော လို့လား။ အင်ဒိုစကား မတတ်လို့ ငွေတစ်သောင်း တောင်းတာလားလို့ တွေးနေမိ ပါတယ်။

(အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရောက်ခြင်း)
ဂျာကာတာ အပြည်ပြည်လေဆိပ် ရောက်တော့ ညသန်းခေါင်ကျော် ၁၂နာရီခွဲ နေပါပြီ။ နောက်ဆုံး လေယာဉ် ဖြစ်တာမို့ လူဝင်မှု စစ်ဆေးရေးအရာရှိတွေနဲ့ ရဲတွေ ဝန်ထမ်းတွေ အားလုံးက ခရီးသည်တွေကို စောင့်နေပါတယ်။ တာဝန်ပြီးရင် အိမ်ပြန် တော့မယ့် ပုံတွေပါဘဲ။ ကျွန်တော်တို့က အရှေ့အင်ဒိုနီးရှားက ကျွန်းမြို့လေးဖြစ်တဲ့ အမ်းဘောင်(Ambon)မြို့ကိုသွားမဲ့ နောက်လေယာဉ် တစ်စီးကို မနက်စောစော ၁နာရီခွဲမှာ ပြောင်းစီးရမှာမို့ Transit နေရာကို သွားရမှာ ဖြစ်ပါတယ်။ International air port ကနေ Domestic Air port ကိုသွားရမှာဖြစ်လို့ Immegration counter ကိုလဲ ဖြတ်ရမှာ ဖြစ်ပါတယ်။ ခရီးဖော်အဖြစ် အတူတူပါလာတဲ့ သူက နိုင်ငံတကာကို အလုပ် ကိစ္စနဲ့ အကြိမ်ကြိမ်သွားဖူးနေတဲ့ စင်ကာပူနိုင်ငံသား (အိန္ဒြိယနိုင်ငံသား အဖြစ်မှ စလုံးနိုင်ငံသား ပြောင်းလဲခံထားသူ) ဖြစ်တာမို့ သူ့ကို ဆရာ တင်ပြီး ကျွန်တော် က Follow လုပ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က စင်ကာပူနဲ့ မလေးရှားက လွဲရင် တခြား နိုင်ငံတွေကို တစ်ခါမှ မရောက်ဖူးတဲ့အပြင် အလုပ်ကိစ္စနဲ့လဲ တစ်ခါမှ ပြည်ပ ခရီး မသွားဖူးတဲ့ အတွက် ခရီးဖော်ကိုဘဲ အားကိုးနေရပါတယ်။ Transit ဆိုင်းဘုတ်နဲ့ အင်မီဂရေးရှင်း ဆိုင်းဘုတ်ကို မြင်နေရလို့ ဟေ့လူ ဒီမှာလို့ လှမ်းပြော တော့ သူက ဆရာကြီး ပုံစံနဲ့ No No လို့ပြန်ပြောပါတယ်။ သူ့စကားအတိုင်း နောက်က လိုက်တော့ လုံခြုံရေးဝန်ထမ်းက မင်းတို့ မှားနေပြီ အင်မီဂရေးရှင်းကို မဖြတ်ရသေးဘူး လေ။ နောက်ပြန်ဆုတ်လို့ ပြောပါတယ်။ ထင်တဲ့အတိုင်းပါဘဲ ကျွန်တော် ပြောခဲ့တဲ့ Transit နဲ့ အင်မီဂရေးရှင်း နေရာကို ပြန်သွားရတာပါဘဲ။
အင်မီဂရေးရှင်း အရာရှိက ဘယ်သွားမလို့လဲ။ ဘာသွားလုပ်မှာလဲ။ ဘယ် လောက်ကြာ မှာလဲလို့ မေးပါတယ်။ အရှေ့ အင်ဒိုနီးရှားက အမ်းဘောင်မြို့ကို သွားမှာ ဖြစ်ကြောင်း၊ ၅ရက်နေမှာ ဖြစ်ကြောင်းနဲ့ Amaris ဟိုတယ်မှာ တည်းမဲ့အကြောင်း ပြောပြ လိုက်ပါတယ်။ ဘာသွားလုပ်မှာလဲ ဆိုတော့ ကယ်မီကယ်ပလန့် က အင်ဂျင်ကို သွားစစ်ဆေး ပေးမလို့လို့ ပြန်ဖြေလိုက်ပါတယ်။ အရာရှိက ဘာမှ ထပ်မပြောတော့ဘဲ ရက် ၃၀ တုံး ထုပေးလိုက်ပါတယ်။ နောက်မှ သိရတာက ကျွန်တော်တို့ သွားစစ်ဆေး ပေးရမဲ့ နေရာက အမ်းဘောင်မြို့ ကျွန်းမြို့လေးက ဓါတ်အားပေးစက်ရုံ ပါဝါပလန့် က ဂျင်နရေတာ အင်ဂျင်ဘဲ ဖြစ်ပါတယ်။ ခပ်တည်တည်နဲ့ ကယ်မီကယ် စက်ရုံလို့ မှားပြော မိပေမဲ့ ကိုယ့်နိုင်ငံ ဘယ်မြို့မှာ ဘာစက်ရုံရှိမှန်းတောင် မသိရှာတဲ့ အင်မီ ဂရေးရှင်း အရာရှိလဲ ယောင်တောင်ပေါင်တောင်နဲ့ ခွင့်ပြုလိုက်ပါတယ်။ အမှား ကောင်းလေးပေါ့။
(အညာသားနှင့်တွေ့ဆုံခြင်း)
အင်မီဂရေးရှင်းက လွန်တော့ Transit လေယာဉ်စီးဖို့ ပြည်တွင်း လေဆိပ်ကို သွားရမှာ ဖြစ်ပါတယ်။ စင်ကာပူက အထွက်မှာ တစ်နာရီ နောက်ကျခဲ့တဲ့အတွက် ပြည်တွင်းလေယာဉ် (ဂျာကာတာ - အမ်းဘောင်) ခရီးစဉ်က မနက်စောစော ၁နာရီခွဲ ထွက်မှာ အခုက ည သန်းခေါင်ကျော် နာရီဝက်ရှိနေပြီဆိုတော့ တစ်နာရီဘဲ အချိန် ရပါတော့တယ်။ လေဆိပ် အပြောင်းအလဲ တက္ကစီ စီးဖို့ လေယာဉ်လက်မှတ် ပြန်လဲ ဖို့ အပေါ့အပါးသွား၊ ကော်ဖီသောက်ဖို့ တစ်နာရီဘဲ အချိန်ရပါတယ်။ နေရာက တစ်ခါမှ မရောက်ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အပြည်အပြည် ဆိုင်ရာ လေဆိပ် ထဲမှာပါ။ အချိန်က ညသန်းခေါင်ကျော်မို့ ကြောင်တောင်တောင်ဖြစ်နေပါတယ်။ အရေးထဲမှာ အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက် ကျနော့် အဖေါ်က ( အိန္ဒြိယပြည်ပေါက် စင်ကာပူ နိုင်ငံသား ပြောင်းလဲ ခံယူထားတဲ့ တမီးလ်ကုလား ဖြစ်ပါတယ်။)
ကျွန်တော်တို့ရဲ့ ခရီးဆောင် အိတ်ကြီး ၄ အိတ်ကို ဂျာကာတာမှာ ယူရ မလား။ အမ်းဘောင် ကျမှ ယူရမ လားဆိုတာ ဇဝေဇဝါ ဖြစ်နေပါတယ်။ စင်ကာပူ လေဆိပ်မှာ ကတည်းက လေဆိပ် ကောင်တာ စာရေးမက အမ်းဘောင်မြို့ရောက်မှ ထုတ်ယူရမှာ ဖြစ်ကြောင်း Transit လေယာဉ် ဖြစ်တဲ့အတွက် လေကြောင်းက စီစဉ်ပေးမှ ဖြစ်လို့ ဂျာကာတာ ရောက်ရင် အိတ်တွေ သွားရွေးစရာမလိုဘဲ လူချည်း သက်သက်နဲ့ လက်ဆွဲအိတ်တွေဘဲ လေဆိပ်ပြောင်း လေယာဉ် ပြောင်းစီးဖို့ ပြောခဲ့တာကို မှတ်မိတဲ့ ကျွန်တော်က မလိုကြောင်း တက္ကစီနဲ့ ပြည်တွင်းလေဆိပ်ကို သွားမဲ့အကြောင်း ပြောပေမဲ့ ကိုရွှေ ကုလားက Double confirm ဆိုတဲ့ စကားလုံးနဲ့ ( အဲဒီအချိန်မှာ စင်ကာပူ Channel 5 TV  အစီစဉ်မှာ We are Singaporean ဆိုတဲ့ Game တစ်ခု စတင် ခေတ်စားနေချိန်မို့ စင်ကာပူ ဟာသမင်းသား တစ်လက်ဖြစ်တဲ့ စုတ်ချွန်းချွန်းနဲ့ တရုတ်က Double confirm ဆိုပြီး ခနခန ကြော်ငြာ နေကျ ဖြစ်ပါတယ်) နှစ်ထပ်ကွမ်း သေချာအောင် ဂျာကာတာ ရုံးစိုက် လေကြောင်းက တာဝန်ခံနဲ့သွားတွေ့ပြီး ခရီးဆောင် အိတ်တွေ အမ်းဘောင်မြို့ထိ ရောက် မရောက် သွား မေးဖို့ လုပ်နေပါတာယ်။ ခရီးဆောင်အိတ် ၄လုံး ရှိတဲ့ အထဲက ၂လုံးဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဝတ်အစားတွေ ဖြစ်ပေမဲ့ နောက်နှစ်လုံး ကတော့ အင်ဂျင်ကို လေဆာ အလိုင်းမန့် စစ်ဆေးပေးဖို့အတွက် လိုအပ်တဲ့ စက်မှု လုပ်ငန်းသုံး တိုင်းတာရေး လေဆာနဲ့ တပ်ဆင်ပစ္စည်း အီကွင့်မန့် တွေ ဖြစ်ပါတယ်။
ဟော - တွေ့ပါပြီ ကျွန်တော်တို့ စီးလာတဲ့ လေကြောင်းက တာဝန်ခံ အင်ဒို နိုင်ငံသား အသက် ၃ဝ ဝန်းကျင် ယူနီဖေါင်းဝတ် လူငယ်က ပြုံးရွှင်ရယ်မောစွာဖြင့် ̏ဟဲလို ကျွန်တော် -- လေကြောင်းကပါ။ ကူညီပါရစေ ̋ တဲ့။ သူရဲ့ အမူအယာ၊ ယူနီဖေါင်း နဲ့ အင်္ဂလိပ်စကား ပြောပုံက ကျွန်တော်တို့ နှစ်ယောက်ကို ရင်အေး စိတ်ချသွားစေပါတယ်။ ပြည်ခြား နယ်မြေမှာ မိတ်ဆွေ ဆွေမျိုးရင်းချာကို တွေ့လိုက်ရသလိုပါဘဲ။ သူက ကျွန်တော့်ကို ကြည့်ပြီး အင်ဒိုစကား တတ်သလားလို့မေးပါတယ်။ ကျွန်တော်က အသားညိုညို မြန်မာရုပ် ဆိုတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ အသားအရောင် ချင်းတူ။ မျက်လုံး နှာခေါင်း ကျပုံချင်း တူတဲ့အတွက် နိုင်ငံခြားသားလို့ ထင်မိပုံ မပေါ် ပါဘူး။ ကျွန်တော်က ငါ နိုင်ငံခြားသားပါ။ ဘိုလိုဘဲ ပြောပါလို့ပြောတော့။ ကျနော့် အဖေါ်က ဆရာကြီး လုပ်ပြီး ဂျာကာတာ ကနေ အမ်းဘောင်သွားမဲ့ လေယာဉ်ပြောင်း ခရီးစဉ်မှာ အိတ်တွေ ရွေးသယ်ဖို့ လိုမလို ဘယ်လိုသွား ရွေးရမယ်ဆိုတာ Double confirm နေပါတယ်။ လေကြောင်း တာဝန်ခံက သူ ကူညီပေးမဲ့အကြောင်း ပြောပါတယ်။ သူ့နောက် လိုက်ဖို့လဲ ပြောပါ တယ်။ စိတ်ချစွာ သူ့နောက် လိုက်လာချိန်မှာ လူပြတ်တဲ့ တစ်နေရာရောက်တော့ သူက အိတ်တွေ အမ်းဘောင်မြို့ အထိရောက်ဖို့ အင်ဒိုနီးရှားငွေ ရူပီယာ ၃သိန်း (စင်ကာပူငွေ ဒေါ်လာ ၅ဝခန့်) ထပ်ပေးရမဲ့အကြောင်း ပြောပါတယ်။
ငွေက များလွန်းတဲ့အတွက် ကျွန်တော်တို့ နှစ်ယောက် ဇဝေဇဝါ ဖြစ်နေပါ တယ်။ ပေးဖို့ အင်တင်တင် ဖြစ်နေချိန်မှာ တာဝန်ခံက အချိန်မရှိတော့ကြောင်း ပြည်တွင်း လေယာဉ် ထွက်တော့မှာ ဖြစ်ကြောင်း လော နေပါတယ်။ ငွေမပေးရင် အိတ်တွေ မရောက်တဲ့အကြောင်း ထပ်ပြောလာတာ့ အလုပ်လုပ်ရမဲ့ စက်မှုလုပ်ငန်းသုံး လေဆာ စစ်ဆေးရေး ပစ္စည်းတွေ ကျန်ခဲ့မှာ စိုးတာကြောင့် ကျနော့် အဖေါ်က ငွေထုတ် ပေးလိုက် ပါတယ်။ ကျွန်တော်က မပေးသင့်ကြောင်း  ငါတို့ကို လိမ်နေတာဖြစ်ကြောင်း မျက်ရိပ် မျက်ခြည်နဲ့ ပြောပေမဲ့ အဖေါ်က ပစ္စည်းတွေ မရောက်ရင် မင်းတာဝန် ယူရမယ်လို့ ပြန်ပြောတော့ ကျွန်တော်လဲ နိုငံခြားခရီးစဉ် အလုပ်ကိစ္စနဲ့ တစ်ခါမှ မထွက်ဖူး တဲ့ အတွက် မင်းသဘောဘဲလို့ ပြောလိုက်ပါတယ်။ အရင်အခေါက်တွေတုံးကလဲ ဒီလိုဘဲ ပေးရတယ်လို့ အဖေါ်က ထပ်ပြောပြန်ပါတယ်။ သေချာအောင်တော့ ငါငွေပေး ပြီးရင် မင်းငါ့ကို ငွေဖြတ်ပိုင်းပြန်ပေးရယ် ဒါမှ ဒီငွေတွေ သူဌေးဆီမှာ ပြန်တောင်းရမဲ့ အကြောင်း အဖေါ်က ပြောတော့ တာဝန်ခံက စိတ်ချ ပေးပါ့မယ်။ သူကိုယ်တိုင်လဲ ပြည်တွင်း လေဆိပ်အထိ လိုက်ပို့ပေးပါ့မယ် ဆိုတော့ ပို စိတ်ချ သွားပါတယ်။ တက္ကစီငှားပြီး သွားရပါ တယ်။ ၅မိနစ်အတွင်း ရောက်ပုံထောက်တော့ လေဆိပ် နှစ်ခု တော်တော်နီးးပုံ ရပါတယ်။ ညသန်းခေါင်းကျော် မှောင်နေတဲ့ အတွက် ဘယ်လိုသွားရမှန်း မသိပါ။ နောက်မှ သိရတာက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြည်တွင်း Doemestic လေဆိပ်ကို အခမဲ့ ဘတ်စ်ကားတွေနဲ့ ပို့ပေးနေကြောင်းပါ။
တာဝန်ခံက ပြည်တွင်း လေဆိပ် ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို ထားခဲ့ပြီး ငွေဖြတ်ပိုင်း သွားလုပ်ပေးမယ်၊ ပြီးရင်ပြန်လာခဲ့မယ်လို့ ပြောပါတယ်။ လေယာဉ်ထွက်ဖို့ကလဲ အချိန်အရမ်း နီးနေပြီမို့ ဘာလုပ်ရမှန်း မသိပါ။ နောက်ဆုံး ကျနော့် အဖေါ်က တာဝန်ခံရဲ့ လည်ပင်းမှာ ချိတ်ဆွဲ ထားတဲ့ ဝန်ထမ်းကဒ်ကို ဓါတ်ပုံ ရိုက်ယူထားလိုက်ပါတယ်။ ထင်တဲ့အတိုင်း တာဝန်ခံ ပြန် မလာပါဘူး။ သူလိမ်တော့မယ် ဆိုတာ သိပေမဲ့ ငွေဖြတ်ပိုင်း ပြန်လာပေးခဲ့ရင် ဘာဘဲ ဖြစ်ဖြစ် သူဌေးဆီက ငွေပြန် တောင်းလို့ ရနိုင်တာမို့ လူကြားထဲ ရုတ်ရုတ်သဲသဲ မဖြစ်လို တာကြောင့် အသာငြိမ် နေလိုက်ကြပါတယ်။ ပြည်တွင်းလေဆိပ်က ဝန်ထမ်းတွေကို ရိုက်ထားတဲ့ သူ့ဓါတ်ပုံပြပြီး ငွေလိမ်သွားတဲ့အကြောင်း သူ့ကိုပြန်ခေါ်ပေးဖို့ မန်နေဂျာ ဖုန်းနံပါတ် ပေးဖို့ တောင်းဆို ပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ နိုင်ငံခြားသားမှန်း သိသွားတဲ့အပြင် လေယာဉ် ထွက်ချိန် ဆယ်မိနစ်ခန့်သာ လိုတော့တဲ့ အတွက် ကျန်တဲ့ လေဆိပ် ဝန်ထမ်းတွေလဲ ဝေ့လည်ကြောင်ပတ်နဲ့ လူလိမ် တာဝန်ခံဘက်က ကာကွယ် ပြောဆို ပေးနေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက် လက်လျော့လိုက်ပြီး အမ်းဘောင် ကို ထွက်မဲ့လေယာဉ်ပေါ် တက်လာခဲ့ကြပါတယ်။
ဂျာကာတာမြို့ကနေ အမ်းဘောင်မြို့ကို လေယာဉ်က ပျံသန်းချိန် ၄နာရီနီးပါး ကြာပါတယ်။ အချိန်က ညသန်းခေါင်ကျော် မနက်စောစော တစ်နာရီခွဲမို့ အိပ်ပြီး လိုက်လာခဲ့ကြပါတယ်။ ဂျာကာတာနဲ့ အမ်းဘောင်က စံတော်ချိန် ၂နာရီကွာပါတယ်။ အမ်းဘောင်က အရှေ့ဘက် ပိုကျတာမို့ အချိန်စောပါတယ်။ လေယာဉ်က အရှေ့စူးစူး နေစတင် ထွက်ရာ မိုးကုပ်စက်ဝိုင်းကြီးဆီ တည့်တည့်ပျံသန်းနေတာမို့ မနက် မိုးလင်းခါ နီးချိန်မှာ နေလုံးကြီးကို စတင်တွေ့လိုက်ရပါတယ်။ အမြင့်ပေ သုံးသောင်းကျော် ကနေ တစ်နာရီ ကီလိုမီတာ ၈ဝ၀ နှုန်းနဲ့ ပျံသန်းနေတဲ့ လေယာဉ်အောက်မှာ တိမ်တိုက်တွေကို ပုံစံ အမျိုးမျိုးနဲ့တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ တိမ်တိုက်တွေဟာ ၂နှစ်သား ကလေး ငယ်လေး တစ်ယောက်က ဂွမ်းစတွေကို ပရမ်းပတာ ဖြန့်ထားတဲ့ပုံစံ မညီမညာ တွေ့ရ တတ်သလို။ တစ်ခါတလေမှာတော့ အပျိုပေါက်မလေးတစ်ယောက်က ဂွမ်းစတွေကို စနစ် တကျ အစီအရီ စီတန်းထားသလို ညီညီညာညာတွေ့ရပြန်ပါတယ်။
ကြက်အိပ်ကြက်နိုးနဲ့ မနက် စောစော ၇နာရီလောက် အချိန်မှာ  နောက်ဆုံး ခရီး ဖြစ်တဲ့ အမ်းဘောင်မြို့ကို ကျွန်တော်တို့ ရောက်လာခဲ့ပါတော့တယ်။ အမ်းဘောင် ကျွန်း တစ်ကျွန်းလုံးဟာ မဲမှောင်နေတဲ့ တိမ်တိုက်ကြီး ဖုံးထားတာကို ကြောက်လန့်စရာ မြင်ကွင်းမျိုးနဲ့ လေယာဉ်ပေါ်ကနေ မြင်နေရပါတယ်။

(အမ်းဘောင်မြို့ကို အလည်တစ်ခေါက် ကိုယ်ရောက်တယ်)
လေယာဉ်ပေါ်ကနေ မြေပြင်ပေါ်ဆင်း လမ်းလျှောက်ပြီး လေဆိပ်ခန်းမထဲကို ဝင်လာခဲ့ ကြပါတယ်။ ရာသီဥတုက မြန်မာပြည်လိုပါဘဲ။ နေ့လည်ခင်း အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရက်စ် ဖြစ်ပါတယ်။ မထင်မှတ်ဘဲ ခရီးဆောင်အိတ်လေးလုံး ထဲက အရေး အကြီးဆုံး အလုံး ဖြစ်တဲ့ လေဆာ အီကွင့်မန့် ထည့်ထားတဲ့ အိတ် ပါမလာပါဘူး။ ခရီး ဆောင်အိတ်တွေ အမ်းဘောင်မြို့ထိရောက်ဖို့ ဂျာကာတာမှာ လေကြောင်း တာဝန်ခံနဲ့ တွေ့ခဲ့၊ ငွေပေးခဲ့ရဲ့သားနဲ့ အရေးကြီးတဲ့အိတ် ပါမလာခဲ့ပါ။ တကယ်တော့ အိတ်တွေ အားလုံးက အပိုငွေ ထပ်ပေးစရာမလိုဘဲ Transit အဖြစ်နဲ့ လေကြောင်းက တာဝန်ယူပြီး ပို့ပေးမှာ ဖြစ်ပါတယ်။ Double confirm တတ်တဲ့ ကျနော့် အဖေါ်ရဲ့ စပ်စပ်စုစု ကောင်းမှု ကြောင့်သာ အခုလိုဖြစ်သွားခဲ့တာပါ။ အမ်းဘောင်လေဆိပ် Lost & Found ဌာနမှာ အိတ် ပါမလာတဲ့ အကြောင်း သွားသတင်းပို့တော့ အဲဒီဌာနမှာ ဘိုစကား တတ် တဲ့သူ မရှိလို့

တခြားဌာနက လူကို သွားခေါ်လာကာ စကားပြန်နဲ့ပြောရပါတယ်။ လာကြိုမဲ့ Customer ဘက်က လူကလဲ ဖုန်းနဲ့လှမ်းခေါ်တာ ဖုန်းမကိုင်တဲ့အတွက် အိတ် ပျောက်တဲ့ ပြသနာ အပြင် ဘာသာစကား အခက်အခဲပြသနာနဲ့ပါ ကျွန်တော်တို့ နှစ်ယောက် ပြသနာတက် နေပါတော့တယ်။ နောက်ဆုံး စကားပြန် ရောက်လာပါတယ်။ ပျောက်သွားတဲ့ အိတ်ကို မေးတော့ ကျွန်တော်က Laser mersuring equipment လို့ပြောပေမဲ့ ကျနော့်အဖေါ်က Laser Instrument လို့ ထပ်ပြောလိုက်တော့ စကားပြန် က Laser musical instrument လို့ နားကြားလွဲ ဘာသာလွဲပြန်ပေးလိုက်တဲ့အတွက် Lost & Found ဌာနက အင်္ဂလိပ်စကား မတတ်တဲ့ တာဝန်ခံက အင်ဒိုစကားနဲ့ တူရိယာ ပစ္စည်းထဲ့တဲ့ အိတ်လို့ Form ထဲမှာ ရေးထည့်လိုက်ပါတယ်။ ကျွန်တော်တို့ ကလဲ အင်ဒိုစာ မဖတ်တတ်တဲ့ အတွက် ဘာရေးထားမှန်း မသိပါဘူး။ ခနနေတော့ Customer ဘက်က လာကြိုတဲ့ သူနဲ့ ဆက်သွယ်မိပြီး အဆင်ပြေသွားပါတယ်။

(အင်ဒို ရဲသား)
အဆင်ပြေကာမှ နောက်ကနေ လူတစ်ယောက် လိုက်လာပြီး စကား တတွတ် တွတ် လာပြောပါတယ်။ ဆံပင် နီကြောင်ကြောင် ဆေးဆိုးထားတဲ့ လမ်းသရဲလိုလို။ ဂိုဏ်းစတားလိုလို၊ အခြောက်လိုလို နားကွင်း ဖေါက်ထားတဲ့သူမို့ ကားသမား လူလိမ် ထင်ပြီး ကျနော် စကားအပြောမခံတော့ သူက စိတ်ဆိုးပြီး လာကြိုတဲ့ လူခံကို အင်ဒိုလို တကွိကွိ သွားပြောတော့မှာ သူဟာ အရပ်ဝတ် ရဲသားမှန်း သိလိုက် ရပါတယ်။ အမှန် တကယ်က ဒီရဲသားနဲ့ သူ့အရာရှိဟာ ကျနော်တို့ဆီက ငွေညှစ်ချင်လို့ သူတို့ ရုံးခန်းထဲ ခေါ်သွားပြီး အာရှက ဘာသာရေးအယူသီး သောင်းကျန်းသူတွေ၊ ဗုံးဖေါက်ခွဲသူတွေ၊ လူလိမ်တွေ၊ နိုင်ငံတကာ လှည့်ပတ်ပြေးနေတဲ့ လူဆိုးတွေအကြောင်း စီကာပတ်ကုံးပြော၊ ဝရမ်းစာရွက်တွေ ထုတ်ပြပါတယ်။ လူခံက ဒီလူနှစ်ယောက် (ကျနော်တို့နှစ်ယောက်) ဟာ စင်ကာပူက လာတဲ့ တက္ကနင်ရှင် အင်ဂျင်နီယာတွေ ဖြစ် ကြောင်း၊ အမ်းဘောင်မြို့က လျှပ်စစ်ဓါတ်အားပေး စက်ရုံက ဂျင်နေရေတာ အင်ဂျင် ပျက်လို့ လာပြင်တာ၊ စစ်ဆေးတာ ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားပေး စက်ရုံဟာ နိုင်ငံတော်ပိုင် ဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရ အလုပ်ကိစ္စနဲ့လာခြင်းဖြစ်တဲ့အတွက် ငွေ မပေးနိုင်ကြောင်း၊ ငွေ လိုချင်လျှင် အထက်အရာရှိမှ တဆင့်ပေးမည်ဖြစ်ကြောင်း ပညာသားပါပါ ပြန်ပြောတော့ ရဲနှစ်ယောက် ပါးစပ် ပိတ်သွားပါတော့တယ်။
လာကြိုတဲ့ကားနဲ့ အမ်းဘောင်မြို့ထဲကို ၄ဝကီလိုမီတာ လောက် စီးပြီး လာခဲ့ ရပါတယ်။ လမ်းမှာ ဒေသဖြစ် ဖုန်းကဒ် ဝင်ဝယ်ပြီး။ တည်းခိုရာ Amaris hotel ကိုလာခဲ့ ကြပါတယ်။ ဟိုတယ်မှာ တရေးအိပ် ထမင်းစားပြီး ညနေ ၂နာရီမှာ Power plant က အင်ဂျင် အပျက် ရှိရာကို ရောက်သွားကြပါတယ်။ တိုင်းတာရေး လေဆာ ကိရိယာ ပါမလာတဲ့အတွက် ဘာမှ လုပ်ဖို့မရဘဲ လိုအပ်တာမှာ ကြားပြီး ရုံးခန်းက မန်နေဂျာနဲ့ ဝင်တွေ့ကာ အိတ်ပျောက်သွားကြောင်း ပြောပြတော့ သူတို့ ကိုယ်တိုင် ဂျာကာတာ လေဆိပ်ကို ဖုန်းလှမ်းဆက်ပါတယ်။ မကြာခင် ကျွန်တော်တို့ အိတ်လို့ ယူဆရတဲ့ အိတ်တစ်လုံး ဂျကာတာလေဆိပ်မှာ တွေ့တဲ့ အကြောင်း အိတ်ပုံစံ အမှတ်အသား အသေးစိတ်ကို ထပ်ပြောပြတော့ သေချာကြောင်း အိတ်မှာ ကပ်ထားတဲ့ လေဆိပ်က နံပါတ် ပြုတ်ပြီး ကွာသွားတဲ့အတွက် စင်ကာပူကနေ ဂျကာတာ အရောက်မှာ အိတ်ကို ဘယ်မှ မပို့ဘဲ Lost & Found ဌာနမှာ ထားထားကြောင်း သတင်းရခဲ့ပါတယ်။ နေ့လည် လေယာဉ်နဲ့ ပို့ပေးလိုက်မယ်လို့ ပြောပေမဲ့ အိတ်က ရောက်မလာဘဲ နောက်နေ့ မနက်မှ အမ်းဘောင်လေဆိပ်ကို ရောက်လာပါ တော့တယ်။


အဲဒီညက ညလုံးပေါက် အိပ်ရေးပျက်ထားတဲ့အတွက် ဟိုတယ် အခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ အိတ်ရောက် လာပြီ ဖြစ်လို့ လေဆိပ်ဆင်းပြီး အိတ်သွားရွေးရပါတယ်။ လေဆာ တိုင်းတာရေး အိတ် ရောက်လာတဲ့ အတွက် အဲဒီနေ့ နေ့လည်မှာ အင်ဂျင် စစ်ဆေးရေး အလုပ် စလုပ်ဖို့ ပြင်ဆင် ရပါတယ်။ တစ်နေကုန် အလုပ် လုပ်ကြ ပါတယ်။ လိုအပ်တဲ့ အရာတွေကို လေဆာ အလိုင်းမန့် နဲ့ တိုင်း၊ အင်တာနယ် မိုက်ခရီုမီတာ နဲ့တိုင်း ထွာပြီး သွားတော့ ညနေ စောင်းသွားပါပြီ။ ညနေပိုင်းမှာ အရောင်းတာဝန်ခံ မိုက်ကယ်က အမ်းဘောင်မြို့ရဲ့ Nature park လို့ခေါ်တဲ့ ပင်လယ် ကမ်းခြေကို ခေါ်သွားပါတယ်။ အမ်းဘောင် ဒေသ ထွက် သဘာဝ အုန်းရည်ကို နီု့ဆီ ထည့်ထားတဲ့ အမ်းဘောင် အုန်းရည်ကို သောက်ကာ သစ်သီးစုံ ထန်းလျက် ငရုတ်သီးထောင်း သွားရည်စာကိုလဲ စားခဲ့ရပါတယ်။ ဂွေးသီး။ နာနတ်သီး။ ပန်းသီး၊ စောင်းလျားသီးတွေကို ထန်းလျက် မြေပဲ ငရုတ်သီးနဲ့ ရောထောင်းပြီး စားရတဲ့ အရသာကို တစ်ခါမှ မစားဖူးဘဲ စားခဲ့ရတဲ့ အင်ဒိုနီးရှားက အမ်းဘောင် စားသောက် ကုန်ပါဘဲ။

နောက်နေ့ မနက်မှာ စင်ကာပူပြန်ဖို့ လေဆိပ်မှာ ရက်သွားပြောင်းပါတယ်။ လေဆာအိတ် ကျန်ခဲ့တဲ့ အတွက် တစ်ရက် နောက်ဆုတ်ပြီး ပြန်ရမှာဖြစ်လို့ လေဆိပ် စာရေးမကို Form သွားပြတဲ့ အချိန်မှာ လေဆိပ် စာရေးမက မင်းတို့ရဲ့ lost & found form ထဲမှာ ပျောက်တဲ့အိတ်အမျိုးအစားက Laser musical instrument လို့ ရေးထား တယ်။ မင်းတို့ပြောတော့ Engineering လုပ်ငန်းသုံး Laser measuring equipment ဆို။ မင်းတို့က musical instrument လို့ရေးထားလို့ တို့ဘက်က အရေးမကြီးဘူး ထင်ပြီး စင်ကာပူ အပြန် ဂျာကာတာမှာ ဝင်ယူဖို့ စီစဉ်ထားတာတဲ့။ ကောင်းရော။ ဘာသာ စကား နားမလည်မှုရဲ့ ရလဒ်လေးတွေပါဘဲ။

( အမ်းဘောင် ဆိုသည်မှာ - )
အမ်းဘောင်မြို့လေးဟာ စိတ်ဝင်စားစရာ မြို့လေး ဖြစ်ပါတယ်။ အမ်းဘောင်ကို မာလုကူ လို့လဲ အခြားနာမည်နဲ့ ခေါ်ကြပါသေးတယ်။ အမ်းဘောင်မြို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ် တွေက ဟော်လန် နိုင်ငံရဲ့ နဲ့ ဖက်စစ်ဂျပန် တို့ရဲ့ နယ်ချဲ့ လက် အောက်ခံ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ နယ်ချဲ့ ကျူးကျော် စော်ကားသူ ဟော်လန် လူမျိုးတွေနဲ့

စစ်ဘီလူး ဂျပန် ငပု တွေကို အမ်ဘောင်းမြို့ရဲ့ သမီးပျို သူရဲကောင်းမ ခရစ္စတီးနာ က ဦးဆောင်ပြီးတော်လှန်တိုက်ခိုက် လွတ်လပ် ရေး ရခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီးနားကို ဂုဏ်ပြုတဲ့အနေနဲ့ အမ်းဘောင်မြို့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ အမြင့်ပေ ၁၅ ပေနီးပါးရှိတဲ့ ကြေးရုပ်တုကြီးကို အမှတ်တရ ထုလုပ် ထားရှိ ထားပါတယ်။ နောက် စိတ်ဝင်စားစရာ တစ်ခုကတော့ အမ်း ဘောင်မြို့ လယ်ကောင်မှာ တစ်ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေး မောင်း (World Peace Gaung) ကို ထုလုပ် ဆောက်လုပ် ထားပါတယ်။ အဲဒီ ငြိမ်းချမ်းရေး မောင်း ကို ကမ္ဘာ့ကုလ သမဂ္ဂက အမ်းဘောင်မှာ လာဆောက်ထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲဖြစ်တဲ့နေရာ သုံးခု အနက်က ဘာသာရေးစစ်ပွဲ စတင်ရာ အမ်းဘောင်မြို့ ကိုရွေးပြီး ငြိမ်းချမ်းရေးမောင်း ဆောက်ထား တာ ဖြစ်ပါတယ်။ မောင်းပေါ်မှာ ကမ္ဘာပေါ်က ရှိရှိသမျှ နိုင်ငံပေါင်းစုံရဲ့ ကိုယ်စားပြု နိုင်ငံတော် အလံတွေကို ရိုက်နှိပ်ထားပါတယ်။ ကျွန်တော်နဲ့ ပါတ်သက်တဲ့ မြန်မာနိုင်ငံ အလံနဲ့ စင်ကာပူနိုင်ငံအလံတွေကို တွေ့ခဲ့ရလို့ ဓါတ်ပုံရိုက်ယူခဲ့ပါယတ်။ မောင်းရဲ့ အလယ် ကောင် မှာ ငြိမ်းချမ်းရေးမောင်း လို့ ရိုက်နှိပ်ထားပြီး ဘေးပတ်ပတ် လည်မှာ နိုင်ငံတကာ ဆိုင်ရာ ဘာသာတရားပေါင်းစုံရဲ့ အမှတ်တံဆိပ် လက္ခဏာ တွေကိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးမောင်းရဲ့ အမှတ်လက္ခဏာ သဘောတူညီချက်က နိုင်ငံတကာ ဘာသာတကာ ဘာအငြင်းပွားမှုမှ မလုပ်ရ။ ရန် မဖြစ်ရ။ စစ်မဖြစ်ရ အငြင်းမပွားရဘဲ ဆိုတဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေသောသူသည် မင်္ဂလာရှိ၏ လို့ ကျမ်းစကားအရ နိုင်ငံတကာ ခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းစေတဲ့ ငြိမ်းချစ်ရေး မောင်း တည်ရှိရာ အမ်းဘောင်မြို့လေးဟာ မင်္ဂလာရှိတဲ့ မြို့လေးပါဘဲ။
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၈နှစ်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာသာရေးပြည်တွင်းစစ် ကထိကရုဏ်း စစ်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံက အင်အားကြီး ဘာသာ နှစ်ဘာသာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီ စစ်ပွဲဟာ အမ်းဘောင်မြို့က စခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကို ကူးစက်ပြန့်ပွားသွားတာ ဖြစ်ပါတယ်။ အမ်းဘောင်မြို့မှာ ခရစ်ယာန်ဘာသာဝင် ၇ဝ ရာခိုင်နှုန်း နေထိုင်တာမို့ ခရစ်ယာန် လူအင်အားကြီးတယ်လို့ ဆိုရာမှာ ဖြစ်ပါတယ်။ ဘာသာရေးစစ်ပွဲဖြစ်တုံးက အမ်းဘောင်မှာ စစ်ရေးနိမ့်ခဲ့တဲ့ အခြား ဘာသာဝင်တွေဟာ တခြားမြို့။ တခြား ကျွန်းပေါ်က သူတို့လူတွေကို စစ်ကူတောင်းပြီး ဘာသာရေး စစ်ပွဲဆင်နွှဲခဲ့ ရတာ ဖြစ်ပါတယ်။ အခုတော့ စစ်မဖြစ်ရ။ သဘောတူညီချက်နဲ့ ငြိမ်းချမ်းစွာ ပြန်လည် သင့်မြတ်ပြီး အဆင်ပြေပြေ နေထိုင်ခဲ့တာ ၄နှစ်တိုင်ခဲ့ပါပြီ။ စစ်ပွဲအတွင်း စာ ကောင်းကောင်း သင်ကြားခွင့် မရခဲ့ကြ၊ အလုပ်ကောင်းကောင်း လုပ်ခွင့်မရခဲ့ကြဘဲ အခုမှ ပြန်လည်ထူထောင်ရေး လုပ်ခါစ နိုးထလာတဲ့ ကျွန်းမြို့လေး ဖြစ်ပါတယ်။ စစ်ပွဲပြီးသွားလို့ ဘာသာနှစ်ခု ငြိမ်းချမ်းရေးယူပြီးသွားပေမဲ့ ဒီနေ့ထိတိုင်အောင် အမ်းဘောင်မြို ထဲက တိုက်အမြင့် တစ်ချို့ဟာ ကျည်ဆန်ရာ။ လောင်ချာရာ တွေကို မပြုပြင်နိုင်သေးဘဲ ပျက်ဆီးနေတဲ့ အတိုင်း ထားရှိနေပါသေးတယ်။
ကျနော် တည်းခိုတဲ့ Amaris hotel နားက တိုက်မြင့်မြင့်တစ်လုံးရဲ့ နံရံမှာ ကျည်ဆန်ရာတွေကို တွေ့နေရပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစု ၇ဝ ရာခိုင်နှုန်း နေထိုင်တဲ့ မြို့လေးဖြစ်တဲ့အတွက် ဂိုဏ်းပေါင်းစုံ အသင်းတော် အဆောက်အဦးတွေကို မြို့အနှံ့ ကားလမ်းမကြီးတလျှောက်မှာ တွေ့ရပါတယ်။ အသင်းတော်အများစုဟာ ကောင်းမွန် လှပ ခိုင်ခံ့တဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။ ခရစ်ယာန်အများစု နေထိုင်တဲ့ ရပ်ကွက်ရယ်လို့လဲ သီးသန့် ရှိနေပါတယ်။ ဘာသာရေးစစ်ပွဲကာလ အတွင်းမှာ ခရစ်ယာန် ရပ်ကွက်တစ်ခုနဲ့ အသင်းတော်အဆောက်အဦး တစ်ခု ကြီးကြီးကျယ်ကျယ် ပျက်ဆီးသွားတာကို ပြန်မပြုပြင်ဘဲ ဒီအတိုင်း ထားခဲ့ပါတယ်။
ဒေသခံလူ ဖြစ်တဲ့ မိုက်ကယ် က စက်ရုံပိုင်ကားနဲ့ လိုက်ပြလို့ စစ်ဒဏ်ခံခဲ့တဲ့ ခရစ်ယာန်ရပ်ကွက်ကို မီးလောင်ပြင် အတိုင်း လူသူမနေတဲ့ သချိုင်းတစပြင်လို ဖြစ်နေတာ တွေ့ခဲ့လို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။
အမ်းဘောင်မြို့ဟာ ပထဝီအနေအထားအရ အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက် အပိုင်းမှာ ရှိတဲ့အတွက် နေရောင်ခြည် စောစောရတဲ့ မြို့လေးဖြစ်ပြီး စင်ကာပူနိုင်ငံထက် စံတော်ချိန် တစ်နာရီ စောသလို အမိမြန်မာပြည်ထက် နှစ်နာရီခွဲ စောတဲ့ မြို့လေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာထက် ၂နာရီစောပြီး နေရောင်ခြည် ရတဲ့ မြို့လေးလဲ ဖြစ်ပါတယ်။ ကျွန်း တစ်ကျွန်းလုံးပေါ်မှာ လူဦးရေ ထူထပ်တဲ့နေရာကတော့ မြန်မာ အက္ခရာ ဂငယ် လိုလို ရောမ အက္ခရာ အိုမီဂါ ပုံစံ နေရာလေးမှာ နေထိုင်လို့ ကောင်းတဲ့အတွက် လူဦးရေ ထူထပ်ပါတယ်။ မြို့ရဲ့ပုံစံလေးက ရေအနည်းငယ် ထဲ့ ထားတဲ့ ဒယ်အိုးကြီးကြီးနဲ့ တူပါတယ်။
ပင်လယ်ရေက ဂငယ်ပုံစံ ကျွန်းမြေထဲမှာ မြန်မာပြည်က  အင်းလေးအိုင်လို ရှိနေပြီး ပင်လယ်ရေ ပတ်ပတ်လည်မှာ တောင်စောင်းက ပတ်ပတ်လည် ဝိုင်းရံထားသလို အိမ်တွေတိုက်တာ အဆောက်အဦး တွေကလဲ တောင်စောင်း ပတ်ပတ်လည်မှာ ဆောက်ထားတဲ့ အတွက် ကြည့်လိုက်ရင် နေရာတိုင်းမှာ အနိမ့်အမြင့်နဲ့ ကွေ့ပတ်နေတဲ့ အနက်ရောင် ကတ္တရာ မြို့ပတ်လမ်း ကို တွေ့ရသလို ဆင်ခြေလျှော တောင်စောင်း တလျှောက် လူနေအိမ် တစ်ထပ်တိုက်ပုလေး တွေ အစီအရီ ဆောက်ထားတာဟာဖြင့် ကျနော့် မျက်စိထဲမှာ လှပ လို့နေပါတယ်။ မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်း တစ်နေရာမှာ အမ်းဘောင် သူရဲကောင်း ခရစ္စတီးနာ ရုပ်ပုံကို ထုလုပ်ပြီး အမှတ်တရ ဂုဏ်ပြု ထားရှိပါတယ်။ ရာသီဥတုကတော့ မိုးများသော လများနဲ့၊ မိုးနဲသော လများ ရယ်လို့ သတ်မှတ်ရမလို မိုးရာသီနဲ့ နွေရာသီ နှစ်မျိုးဘဲ ရှိပါတယ်။ မြေ ငလျင်ဒဏ်။ ဆူနာမီလှိုင်း ဒဏ်တွေ မရှိလို့ အေးချမ်းသာယာတဲ့ မြို့လေးလို့ ဆိုရပါမယ်။ မြို့ထဲက အဓိက စားသောက်ကုန်တွေကတော့ ငါးမျိုးစုံကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူ ရနိုင်သလို တုတ်ထိုး ငါးကင်တွေကို လမ်းဘေးဈေးဆိုင်အစ အဆင့်မြင့် စားသောက် ဆိုင်။  ဟော်တယ် အဆုံး ဈေးပေါပေါနဲ့ အလွယ်တကူ တွေ့မြင် စားသုံးရမှာ ဖြစ်ပါ တယ်။ ငှက်ပျောသီးနဲ့ အုန်းသီးကိုလဲ နေရာတိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ လေယာဉ် ကွင်းနဲ့ မြို့လယ်ကောင်ဟာ ကီိလိုမီတာ ၄၀ကျော် ရှည်တဲ့ တစ်ခုတည်းသော ကျွန်းပတ် မော်တော်ကား ကတ္တရာလမ်းနဲ့ ဆက်သွယ်ထားပါတယ်။ ပင်လယ် အကျဉ်း ဆုံး နေရာမှာ ဖယ်ရီလို့ခေါ်တဲ့ ပြည်တွင်းသွား သင်္ဘော (ဇက်) နဲ့ မော်တော်ကား ဆိုင်ကယ် တွေကို ဖြတ်လမ်းသဖွယ် ပေါင်းကူး သွားလာနိုင်ပါတယ်။ အစိုးရက မကြာခင် ပင်လယ် အကျဉ်းဆုံးနေရာကို ဖြတ်ပြီး ဆောက်မဲ့ တံတား တစ်ခုကို ဆောက်လုပ်ဖို့ စီစဉ် ထားတယ် လို့ သိရပါတယ်။
အမ်းဘောင်ကို မသွားခင်တုံးက အင်ဒိုနီးရှားနိုင်ငံဟာ ခရစ်ယာန် ဘာသာ ဝင်တွေနဲ့ အခြားဘာသာဝင်တွေ ပြသနာ မကြာခန တက်တတ်တယ်လို့ သတင်း ကြားထားဖူးတဲ့အတွက် ကျနော်သာ ခရစ်ယာန်ဖြစ်မှန်း အင်မီဂရေးရှင်းက လူတွေ သိသွားရင် ပြည်ဝင်ခွင့် တုံး မထုပေးမှာ စိုးတာရယ်။ အလုပ် သွားလုပ်ရမဲ့ အလုပ်ရှင်နဲ့ ဒေသခံလူတွေက အလုပ် လုပ်ခွင့် မပေးမှာ၊ နှောက်ယှက်မှာကို စိုးရိမ်တာရယ်ကြောင့် ဝတ်နေကျ အသင်းတော်မှာ ရောင်းတဲ့ လက်ဝါးကပ်တိုင်ပုံပါတဲ့ Youth camp က သင်တန်း တီရှပ်တွေကို သတိထား ပြီး ယူမသွားခဲ့ပါဘူး။ လက်ဝါးကပ်တိုင်ပုံ ပါတဲ့ ဆွဲကြိုး ကိုလဲ မဝတ်မိဖို့ သတိထားရပါ တယ်။ ကျနော် ခရစ်ယာန်မှန်း အမ်းဘောင်က လူတွေ သိသွားရင် အလုပ်အကိုင် အဆင် မပြေမှာစိုးလို့ပါ။
ဒါပေမဲ့ အလုပ်ကိစ္စ တစ်ခုတည်း အဆင်ပြေဖို့၊ ဒေါ်လာရဖို့လောက်နဲ့ ဘုရားကို ငြင်းပယ်ဖို့ ပြင်ဆင်မိတဲ့ ကျနော့်ရဲ့ အထင်နဲ့ အမြင်ဟာ ဟိုရောက်မှ တက်တက် စင်အောင် လွဲနေတာကို တွေ့ရပါတယ်။ အမ်းဘောင် မြို့ပေါ်မှာ ဆိုက်ကား သမားက အစ လမ်းဘေး ဓါတ်ဆီဆိုင်က အရောင်း သမားတွေ အဆုံး လက်ဝါးကပ်တိုင် အမှတ်အသား ဆွဲကြိုးလေးတွေ ဆွဲထားကြပြီး တနင်္ဂနွေ နေ့ညနေ ဆိုရင် လူတိုင်းနီးပါး ဘုရားကျောင်းသွားတက်ကြလို့ မြို့လယ်က ဆိုင်တွေ စားသောက်ဆိုင်တွေ KFC ဆိုင်တွေမှာ စားသုံးသူ မရှိသလောက် တွေ့ရပါတယ်။ ကျနော်တို့ကို လာကြိုတဲ့ အရောင်း ကိုယ်စားလှယ် ကိုယ်တိုင် ခရစ်ယာန်ဖြစ်သလိုက သူတို့ ကုမ္ပဏီက ဝန်ထမ်း တွေကလဲ ခရစ်ယာန်တွေဖြစ်နေပါတယ်။ ကျနော် တည်းတဲ့ ဟိုတယ် ဝန်ထမ်းတွေ အားလုံးလဲ ယုံကြည်သူတွေဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ အမ်းဘောင် ဆိုတဲ့ အင်ဒိုနီးရှား ကျွန်းမြို့ သေးသေးလေးမှာနေထိုင်သူအားလုံးထဲမှာ ယုံကြည်သူ ဦးရေ ၇ဝ ရာခိုင်နှုန်း ရှိနေပြန် ပါတယ်။
အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ဝန်ခံအံ့။ ထိုသူကို ကောင်းကင်တမန်တို့ ရှေ့မှာ ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ငြင်းပယ်အံ့။ ကောင်းကင် တမန်တို့ ရှေ့တွင် ထိုသူကို ငါငြင်းပယ်မည်။ ဆိုတဲ့ ကျမ်းစကားကို သတိရမိတဲ့ အချိန်မှာတော့ ကိုယ် ဒေါ်လာငွေရဖို့လောက်။ အလုပ်အကိုင် အဆင်ပြေဖို့လောက်  အတွေး တိမ်တိမ်လေးနဲ့ ဘုရားကို ငြင်းပယ်ဖို့ ပြင်ဆင်ထားတဲ့ ကျနော့်ရဲ့ စိတ်ဓါတ်တွေ အငွေ့ပျံ ပျောက်ကွယ် သွားပါတော့တယ်။
အစေခံလမ်းမှ -
မင်းအောင်သက်လွင်
(ဝန်ခံချက်။ ဤဆောင်းပါးသည် ခရီးသွား အတွေ့အကြုံ ဆောင်းပါးဖြစ်ပါသည်။ ဆောင်းပါးပါ အချက်အလက်များသည် စာအုပ်စာတမ်းများမှ ကူးယူ ရေးသား ထားခြင်း မဟုတ်ဘဲ ဒေသခံများ၏ ပြောပြချက်များနှင့် စာရေးသူ ကိုယ်တိုင်မြင်ခဲ့ ကြားခဲ့သော အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်သောကြောင့် အမှားအယွင်း အနည်းငယ် ရှိနိုင် ပါသည်။ အမှားအယွင်း နှင့် ထိခိုက် နစ်နာမှုများ ရှိပါက ခွင့်လွှတ်ပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်)။
----------------------------------------------------------------------------
ဓါတ်ပုံများ (အမ်းဘောင်မြို့) အင်ဒိုနီးရှား
၁) ငြိမ်းချမ်းရေးမောင်း နှင့် နိုင်ငံတကာအလံများ
၂) ရိုးရာ အစားအစာများ
၃) အမ်းဘောင်ကမ်းခြေအလှ
၎) အမ်းဘောင်မြို့တွင်းနှင့်ဈေးရှုခင်း
၅) အမ်းဘောင်မြို့တွင်းမှ ဂိုဏ်းပေါင်းစုံ ဘုရားရှိခိုးကျောင်းများ
၆) အမ်းဘောင်မြို့တွင်း ဖယ်ရီသဘောင်္နှင့် ကမ်းခြေရှုခင်း


၁) ငြိမ်းချမ်းရေးမောင်း နှင့် နိုင်ငံတကာအလံများ



၂) ရိုးရာ အစားအစာများ








၃) အမ်းဘောင်ကမ်းခြေအလှ





၎) အမ်းဘောင်မြို့တွင်းနှင့်ဈေးရှုခင်း


၅) အမ်းဘောင်မြို့တွင်းမှ ဂိုဏ်းပေါင်းစုံ ဘုရားရှိခိုးကျောင်းများ








၆) အမ်းဘောင်မြို့တွင်း ဖယ်ရီသဘောင်္နှင့် ကမ်းခြေရှုခင်း





Sunday, June 30, 2013

မုံရွာအနီး အလောင်းတော်ကဿပသွား တောလား

အလောင်းတော်ကဿပသွား တောလား 
 
ဒီနေ့ တပေါင်းလပြည့် အခါသမယမှာ  မြန်မာပြည်သူ ပြည်သားတွေ  ကြည်ညို သဒ္ဓါပွားများနိုင်ဖို့ ပေးပို့လာတဲ့ အလောင်းတော်ကဿပ ခရီးသွား ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို လိုအပ်တာ ပြန်လည် ပြင်ဆင်ပြီး အမိမြန်မာပြည် အမှတ်တရ အနေနဲ့ တင်ပြပေးလိုက်ပါတယ်..။ ရောက်ဖူးသူတွေလည်း ယခုလက်ရှိ အနေအထားကို သိရှိနိုင်ဖို့နဲ့ မရောက်ဖူးသေးတဲ့ သူတွေအတွက်လည်း အမိမြန်မာပြည်က လက်ရှိမြင်ကွင်းတွေကို သိမြင်ခံစားနိုင်စေဖို့ အလောင်းတော်ကဿပ သွားတောလားပေါ့ဗျာ..။   

အလောင်းတော်ကဿပ လှိုဏ်ဂူရှိရာ ကနီမြို့နယ်ကို မုံရွာတစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ မိုင် (၈ဝ) ကျော် ခရီးလောက်သွားရပါတယ်. ။ ရန်ကုန်ကနေ ဘုရားဖူးကားစီးသွား၊ မုံရွာမြို့ရောက်ရင် မောင်းထောင်ကျောင်းတိုက် ၀င်းထဲမှာရှိတဲ့ (ဦးညိုဝင်းနှင့် ရောင်းရင်းများ) Mini Bus တွေနဲ့ အလောင်းတော်ကဿပ တောထဲကို ဆက်သွားရပါတယ်။ ကားခကတော့ တစ်ယောက်ကို အသွားအပြန် (၁၂၀၀၀ကျပ်)ပေးရပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကားခပါ။ မုံရွာကနေ အလောင်းတော်အထိကို မိုင်(၈၀)ကျော်ရှိပါတယ်။ ဟိုးယခင် အခါတွေကတော့ နွားလည်း သို့မဟုတ် ဆင်တွေနဲ့ တောလမ်းခရီးကို စွန့်စွန့်စားစား သွားရပါတယ်..။ ခုခါမှာတော့ နိုင်ငံတော်အစိုးရရဲ့ စေတနာကြောင့် ... ချောမွေ့နေပြီလို့ ဆိုရမှာပေါ့ဗျာ..။ တောင်တက်လမ်း ဖြစ်တဲ့အပြင်၊ မြေသားလမ်း ဖြစ်တာကြောင့် လမ်းခရီး အတော် ကြမ်းတမ်းပါတယ်။ ဘုရားဖူးလာ ဗုဒ္ဓဘာသာဝင်များကတော့ စေတနာဇော နဲ့လာရောက် ဖူးမြှော်တာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ အဆင်မချောမွေ့တဲ့ မည်သည့်ကိစ္စကိုမဆို အင်မတန် သည်းခံကြတာကို တွေ့ရပါတယ်..။ (ဒါကလည်းနိုင်ငံတော် အစိုးရက အနှစ်(၂၀)ကျော် လေ့ကျင့်ပေးထားတာပါ.. ဒီလိုပဲ ကျေးဇူးဆိုတာ ရှာကြံတင်ရတယ်လေ)။

အလောင်းတော် ကဿပ ခရီးတ၀က်ဖြစ်တဲ့ (ကပိုင်ရွာ)မှာ ခရီးတစ်ထောက်နားကြပြီး အမောပြေကြံရည်၊ လက်ဖက်ရည်၊ အဆာပြေ ထမင်းကြော်တွေ ဝယ်စားပေါ့..။ စားသောက်ကြပြီး ခရီးဆက်သွားရင်တော့ (ကပိုင်ရွာ)ကနေ အလောင်းတော်ကို ၂၇မိုင်ကျော်ဆို ရောက်ပြီလေ..။ ဒါပေမဲ့ အလောင်းတော် ကဿပ ဘေးမဲ့ကြိုးဝိုင်း နီးလာလေ တောင်တက်လမ်းများက ကြမ်းတမ်း မတ်စောက်လာလေပါပဲ။ 
 အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်းအနီး ရောက်လာတဲ့ အခါမှာတော့ တောပိုင်၊ တောင်ပိုင် နတ်ကွန်းလို့ ဒေသခံတွေက ပြောကြပေမယ့် ဗုဒ္ဒဘုရားရှင် ဆင်းတုတော်(၃)ဆူ ကိုသာတွေ့ရပြီး၊ ကားဒရိုင်ဘာနှင့် ကားစပါယ်ယာတို့က ကားပေါ်မှဆင်းကာ အမွှေးနံ့သာတိုင်နှင့်၊ ဆီမီးအလင်းတိုင်တွေ ထွန်းညှိ ပူဇော်လှုဒါန်းကြပေါ့..။ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း ဆုတောင်းကြတာတွေ လုပ်ပေါ့။ ကားဒရိုင်ဘာနှင့် စပါယ်ယာတို့မှ ကားပေါ် စီးနင်းလိုက်ပါလာတဲ့ ဘုရားဖူးဓမ္မ မိတ်ဆွေများကို ဤနေရာမှ စပြီးကားပေါ်မှ တံတွေးထွေးချခြင်း၊ ညစ်ညမ်းသော စကားများပြောဆိုခြင်း၊ နောက်ပြောင် ပြောဆိုခြင်း၊ မဆင်မခြင်အပေါ့၊ အလေးသွားခြင်းတို့ကို လုံးဝမပြုလုပ်ကြပါရန် အနူးအညွတ် တောင်းပန်ကြပေါ့ ။ သူ့ရပ်ရွာ စည်းကမ်းတွေကိုတော့ လိုက်နာကြရတယ်လေ..။ အဲ့ဒီကနေနောက်ထပ် တစ်နာရီလောက် ကြာအောင်ကားကို မောင်းနှင်ပြီးရင်တော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ နယ်နိမိတ်အတွင်းသို့ ရောက်ပါပြီ.။

 ဆင်အရောင်မဲ့နဲ့ အကျိုးပြုဆင် ကွာတယ်နော်...
 အသုံးဝင်တဲ့ ဆင်တွေက ဒီမှာလေ.. အသုံးမဝင်တဲ့ ဆင်အရောင်မဲ့ တွေကတော့ နေပြည်တော်မှာဆိုလားပဲ.. ဒါတောင် အဲ့ဒီ့အရောင်မဲ့ ဆင်ကိုရှိခိုး အားကိုးနေတဲ့ လူတွေရှိတယ် ဆိုပဲ.. ကြားမိတာပါ..
အလောင်းတော် သီတင်းသုံးရာ နေရာကို အဲ့ဒီကနေ နောက်ထပ် ၇ဖာလုံ(တစ်မိုင်ခန့်) ထပ်သွားရပါတယ်။ ခြေလျှင် လျှောက်သူများကလည်း ခြေလျှင်ခရီး၊ တချို့သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ၊ ကျန်းမာရေးမကောင်းသူများကတော့ ဆင်စီးပြီး ခရီးဆက်ကြပါတယ်။ ခရီးသည်တင် ဆင်တွေကတော့ အစိုးရ သစ်တောဌာနမှ ဆင်များဖြစ်သလို၊ ကိုယ်ပိုင်ပုဂ္ဂလိက ဆင်များလည်းရှိပါတယ်။ အလောင်းတော်ကဿပ အ၀င် ဆိုင်းဘုတ်နေရာမှ အလောင်းတော် သီတင်းသုံးရာ ဂူအနားထိ ဆင်စီးခ လူတစ်ယောက်ကို(၂၀၀၀ကျပ်)ပေးရပြီး၊ ဆင်တကောင် အပေါ်မှာ လူ(၄)ယောက်သာ လိုက်ပါ စီးနင်းခွင့်ရှိပါတယ်။ အလောင်းတော် ကဿပကိုယ်တော်မြတ်ကြီး၏ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော်တွင်းကို ဘုရားဖူးတွေ ၀င်ရောက် ရှိခိုးပူဇော်ကြပြီး၊ အလောင်းတော် ရုပ်တုတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှုပူဇော်ကြပါတယ်။ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော် ပတ်ဝန်းကျင် အနီးအနားမှာတော့ အလောင်းတော်ကဿပ သမိုင်းစာအုပ်၊ ပုံတော်၊ VCD များအပြင် ဆင်ပြီးလက်စွပ်၊ တောထွက်ဘယဆေးများ၊ မုန့်ဟင်းခါး၊ အသုပ်စုံ၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်တွေလည်း ခင်းကျင်း ရောင်းချနေကြရပါတယ်။ 
 အဲ့ဒီနောက်မှာတော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး နောက်ဆုံးပရိနိဗာန်ပြု အဓိဌာန်ခဲ့တဲ့ ဂူပေါက်ဝကို သွားရောက် ပူဇော်ဖို့အတွက် စတီးလှေကား နဲ့ဂူအောက် တောင်ကြားသို့ ဆင်းကြရပါတယ်။ အလောင်းတော် ကိုယ်တော်မြတ်ကြီး အဓိဌာန် ပရိနိဗာန်ပြုခဲ့တဲ့ ဂူပေါက်ဝကို ရောက်တဲ့အခါမှာ ဦးခိုက်ရှိခိုးကန်တော့ကြပြီး၊ အလောင်းတော်ကြီး သီတင်းသုံးရာ ဂူပေါက်ဝနံရံကို ရွှေသင်္ကန်းများနဲ့ ကပ်လှုပူဇော် ဆုတောင်း အဓိဌာန်ပြုကြပါတယ်။
 ဗုဒ္ဒဘာသာဝင်တွေရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုကို ဒီခရီးစဉ်မှာ ထင်ရှားစွာမျက်မြင် တွေ့ရှိရပါတယ်။ မြန်မာပြည်က ပြည်သူပြည်သား ဗုဒ္ဒဘာသာဝင်တွေဟာ ဘုရားဖူးရာသီ ရောက်တာနဲ့ မိမိတို့တစ်နှစ်တာ ရှာဖွေ စုဆောင်းထားတဲ့ ငွေလေးများနှင့် ကုသိုလ်ထူးရအောင် ဘုရားဖူးခရီးကို ကြိုးစားထွက်ကြရပါတယ်။ သို့ပေမဲ့ (နိုင်ငံတော် အစိုးရရဲ့ စေတနာနဲ့) ပြည်တွင်း  စီးပွါးရေး ကြပ်တည်းမှုကြောင့် အများစုဟာ ဘုရားဖူးခရီးမထွက်နိုင်ကြပဲ၊ စိတ်ရည်မှန်းကာပဲ မြန်မာပြည်တွင်းရှိ တန်ခိုးကြီးဘုရား အဆူဆူတို့ကို ဖူးမြော်ပူဇော်ကြရပါတယ်။ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်း စေတနာကြောင့် မြန်မာပြည်သူလူထုကြီး စိတ်၏ဆောင်ရာ၊ ကိုယ်၏လွတ်မြောက်ရာ တရားဒေသနာတွေကို လွယ်ကူ လျှင်မြန်စွာ ရရှိပါစေကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်မိပါတော့သည်။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။


တာချီလိတ်အနီး နယ်စပ် နဲ့ ကျေးလက်ခရီး

ဂျောပရွာသို့ ခရီးတစ်ခေါက် (ခရီးသွားဆောင်းပါး)

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာသို့ (၁၂.၃.၂၀၁၃) တွင် ရောက်ရှိခဲ့ပါသည်။ ရွာရှိ ပညာရေးမိသားစုမှ ညီငယ် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဇော်မင်း၏ ဖိတ်ကြားချက်အရဖြစ်ပါသည်။ မိမိအနေဖြင့်လည်း ခရီးသွားဆောင်းပါးများ ရေးသားခြင်းကိုနှစ်သက်သဖြင့် ရောက်ဖြစ်အောင် သွားရောက်ခဲ့ပါသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုသည် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အထွက် လမ်းဘေး ဘယ်ညာ တွင် တည်ရှိပါသည်။ ကျောက်တုံးကြီးများအား ညီညာသပ်ရပ်စွာ ခင်းထားသော တာချီလိတ် မိုင်းဆတ် လမ်းမကြီးအတိုင်း သွားပြီး လမ်း၏ ညာဖက်တွင် "ဂျောပသို့ သုံးမိုင်" ဟု ဆိုင်းဘုတ်ငယ်ရေးထားသည့်
 မြေနီလမ်းမတွင်ဝင်ပြီး တောင်ဆင်းတောင်တက် နာရီဝက်ခန့်ကျော်ပါက ဂျောပရွာသို့
ရောက်ရှိပြီဖြစ်သည်။ မတ်စောက်သော အတက်အဆင်းများကို ဖြတ်ကျော်ခဲ့ရ သော်လည်း သာယာလှပသော တောင်ပေါ်ရှုခင်းများကို ကြည့်ရှုခွင့်ရသဖြင့် ကြည်နူးအမောပြေစေပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က စတင်ကြိုးစားသင်ကြားခဲ့သော စာသင်ကျောင်းငယ်ကိုတွေ့ခဲ့ရသည်။
လူကြီးများ အရေးကြီးသောကိစ္စ ရှိ၍ မဟုတ်ဘဲ ရောက်ရှိလေ့မရှိသောနေရာ ဖြစ်လင့်ကစား ညီငယ် ဦးဇော်မင်းသည် သူတတ်နိုင်သလောက် ကျောင်းနှင့်တူသော ကျောင်းဖြစ်အောင်ကြိုးစားနေသည်ကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရသည်။





ထို့ပြင် ကျေးရွာသူကြီးဦးလော်ရိုးနှင့်လည်း စကားပြောခွင့်ရရှိခဲ့ပါသည်။ ထူးခြားသည်မှာကျေးရွာသူကြီးအဖြစ် ကာလရှည်ကြာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကျေးရွာ၏ ကြည်ညိုလေးစားယုံကြည်မှုကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပညာရေးကို အားပေးသဖြင့် တိုးတက်မှုရှိကြောင်းသိရပါသည်။ ယခင်က ယခုကျောင်းမှာ ဆရာတည်မြဲလေ့မရှိဘဲ လက်ရှိကျောင်းအုပ်ဆရာကြီး လက်ထက်မှ ဆရာတည်မြဲလာခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရှိရသည်။




ဤခရီးတွင်ထူးခြားစွာ သိရှိခဲ့ရသည့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။
ဒေသခံ အာခါတိုင်းရင်းသားများအား ပိုမိုတိုးတက်စေရန်အတွက် စီမံကိန်းတစ်ခုကို ၂၀၁၃တွင် စတင်နေခြင်းပင်ဖြစ်ပါသည်။ ၎င်းစီမံချက်မှာ မယ်ဖလုန် (Mae Fae Luang)ဒေသဖွံ့ဖြိုးရေး စီမံချက်ပင်ဖြစ်ပါသည်။ ၎င်းစီမံချက် ကွင်းဆင်းမန်နေဂျာ ဦးဝင်းမြတ်နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ဦးဝင်းမြတ်သည် အာခါတိုင်းရင်းသား ပညာတတ်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် ယခင်ကလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဂျောပရွာ ဘုရားကျောင်း တွင် ယာယီရုံးခန်းဖွင့်ထားပြီး စီမံကိန်းရုံး အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကို စီစဉ်နေသလို ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း စတင်ကြိုးစားနေပြီဖြစ်ကြောင်းသိရသည်။


အာခါတိုင်းရင်းသားအများစုနေထိုင်သော ဒေသပြည်သူလူထု၏  လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကို အဓိကကူညီသွားမည်ဖြစ်ကြောင်း၊ ၎င်းကဏ္ဍများနှင့်
အတူ ပညာရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီမံကိန်းကာလမှာ(၆)နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ဂျောပကျေးရွာအပါအ၀င် ကျေးရွာပေါင်း(၁၄)ရွာ အတွက် အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရပါသည်။ ယခုစီမံကိန်းကို ထိုင်းဘုရင့်အစီအစဉ်ဖြင့် ကူညီပံ့ပိုးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။


မြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင်အတွင်းတွင်လည်း မယ်ဖလုန် (Mae Fae Luang) ဟူသည့် ဒေသတစ်ခုရှိပါသည်။ ၎င်းဒေသတွင် ထိုင်းနိုင်ငံသား အာခါလူမျိုးများနေထိုင်ပြီး လှပသော ပန်းဥယျာဉ်၊ အဆင့်အတန်း မြင့်မားသော လူနေမှုအဆောက်အဦများ
ရေမီး ပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများ ရှိနေပြီဖြစ်ပါသည်။ ဤ ကဲ့သို့ မယ်ဖလုန်ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ထိုင်းဘုရင့် အစီအစဉ်ဖြင့် အကောင်းဆုံး
ဆောင်ရွက်ပေးထားကြောင်းသိရပါသည်။ မယ်ဖလုန်ဒေသဖွံ့ဖြိုးမှုမှာ နေ့စဉ် နိုင်ငံခြားသားများစွာ လာရောက်လေ့လာကြည့်ရှုသည့် အခြေအနေသို့ပင် ရောက်ရှိနေပြီး စည်စည်ကားကားဖြင့်
နိုင်ငံခြားဝင်ငွေများစွာပင် ရရှိနေပြီဖြစ်ပါသည်။


စာရေးသူ ကျွန်တော့်အနေဖြင့် လွန်ခဲ့သော ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာရေးဆရာကြီး လယ်တွင်းသားစောချစ်၊ စာရေးဆရာနေ၀င်းမြင့်၊ ခင်ခင်ထူး တာချီလိတ် စာရေးဆရာအသင်းက ညီအစ်ကိုများနှင့်အတူ တစ်ခေါက် ရောက်ခဲ့ပြီးဖြစ်၍ ယခုဆောင်းပါးကို
ရေးဖြစ်ခြင်းလည်းဖြစ်သည်။ ဒေသခံများ၏ ပါးစပ်ရာဇ၀င်အရ ထိုင်းဘုရင့်မိသားစုနှင့်ပတ်သက်၍ အာခါလူမျိုးများက တစ်ချိန်တစ်ခါက
 ကျေးဇူးရှိခဲ့သဖြင့်
 ပြန်လည်ကျေးဇူးဆပ်သည်ဟု ပြောဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခရီးထွက်ခွာသည့် ကာလလေးတစ်ခုတွင် မြန်မာ့နွယ်ဖွား အာခါတိုင်းရင်းသားများ၏ တိုးတက်မှု့ဖြစ်စေမည့် အခြေအနေကောင်းတစ်ခုကို  တွေ့မြင်ခဲ့ရသဖြင့် ၀မ်းသာရပါသည်။

နောက်တစ်ကြိမ် ဂျောပရွာသို့ အလည်ခရီးတစ်ခေါက် ရောက်ခဲ့ပါမူ ဖွံ့ဖြိုးတိုးတက်နေသော
မြန်မာ့မြေတွင်းမှ အာခါကျေးရွာများကို မြင်တွေ့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးရင်း ဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။

ဆောင်းပါးရှင်။        ။ မြတ်မျိုးမြင့်မှန်














 မြတ်မျိုးမြင့်မှန်ရဲ့ ဘလော့ဂ်မှ ခရီးသွားဆောင်းပါးကို ပြန်လည် မျှဝေပါတယ်။

Friday, June 28, 2013

ဝက်သားတင်တဲ့ နတ်ပွဲ - စစ်ကိုင်း


Friday, August 10, 2012

ဓာတ်ပုံ- မျက်ရှု့ သုတ၊ ရသမဂ္ဂဇင်း

စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာ၌ ၀က်သားများကို အမျိုးစုံစွာ စီရင်ပြုလုပ်ပြီး ပူဇော် ပသသော ထူးထူးခြားခြား နတ်ပွဲကို ဇွန်လ ၂၁ ရက်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်။

နတ်များအား ပူဇော်ပသမှုပြုလုပ်ရာတွင် ၀က်သားကိုအထူး ရှောင်ကြဉ်လေ့ရှိကြသော်လည်း စစ်ကိုင်းမြို့ အနောက်ဘက် မအူလေးရွာအုပ်စုဝင် သာဒွန်းကျေးရွာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကတည်းကပင် ယင်း ကဲ့သို့ ၀က်သားဟင်း အမယ် စုံနှင့် ထူးခြားစွာ ပူဇော်ဆက်သ လာကြကြောင်း သိရှိရသည်။

နတ်ပွဲမှာ မြင်းဖြူရှင်အား ပူဇော်ပသသော ပွဲဖြစ်ပြီး နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့တွင် ကျင်းပလေ့ ရှိကြပြီး အဆိုပါ နေ့မှာ ဗုဒ္ဓဟူးနေ့နှင့် တိုက်ဆိုင်နေပါက( ဗုဒ္ဓဟူး နတ်ရူး တောင် မကပ်ဘူးဟုဆိုကာ) နောက် ၂ ရက် လွှဲ၍ နယုန်လပြည့် ကျော် ၇ ရက်နေ့တွင် ကျင်းပလေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ နတ်ပွဲကျင်းပရာ သာဒွန်းရွာတောင်ဘက် အ၀င်ပေါက်ရှိ နတ်ကွန်းတွင် ညနေ ၃ နာရီ ၀န်းကျင်ခန့်၌ ဆိုင်းသံ၊ ဗုံသံ မပါဘဲ ပူဇော်ပသခြင်းလည်း ဖြစ်သည်။

ပူဇော်ရာတွင် ရွာရှိအိမ်ထောင်စု တစ်စုလျှင် ယခုနှစ်၌ ငွေ ၁၅၀၀ ကျပ် ကောက် ခံ ပြီး ရရှိငွေများမှ ၀က်သား တုံး သီးသန့် ခုနစ်တုံးနှင့် အတူ ၀က်သားနှင့် ငါးရံ့ခြောက်၊ ၀က်သားနှင့် ဖရုံသီး၊ ၀က်သားနှင့် ငရုတ်သီးကြော်၊ ၀က်သား ဆန်ပြုတ် အစရှိသည့် ၀က်သားကို မျိုးစုံစီမံ ချက်ပြုတ်ကာ ကောက် ညှင်းပေါင်းအဖြူ၊ အနီ၊ အုန်းသီး စိပ်၊ ထုံးနှင့် ဆန်ကြမ်းများ ရော၍ တိရစ္ဆန်ရုပ်ပုံ သဏ္ဌာန်များ ပြုလုပ်ထားသော ထိုးမုန့်များဖြင့် ဒေသခံ လူကြီးများ က နတ်ကွန်းပေါ်သို့ တက်ရောက်ပြီး ပူဇော်ပသကာ ရွာသူ၊ ရွာသားများက နတ်ကွန်းအောက် ကွင်းပြင်မှ ပူဇော်ကန်တော့ ကြသည်။

နတ်ကွန်းတိုင်ခြေများတွင်လည်း ဆင်စာ၊ မြင်းစာအဖြစ် ထည့်သွင်းပူဇော်ကြကြောင်း တွေ့ရသည်။ လာရောက် ပူဇော်သူ များအား ဒေသအခေါ် (ဗြုန်းစပ်) ဟု ခေါ်သည့် ၀က်သားဆန်ပြုတ်တစ်အိုး၊ ထမင်း၊ ငှက်ပျောသီး ၈ လုံး၊ ကောက်ညှင်း ပေါင်း အဖြူ၊ အနီ၊ ငရုတ်သီးကြော်၊ ဖရုံသီးချက်များကို ပြန်လည်ဝေငှလေ့ ရှိကြောင်း ရွာသားတစ်ဦးကလည်း ဆိုပါသည်။


နတ်ပွဲတွင် ပြန်လည် ဝေငှသော ၀က်သားဆန်ပြုတ်(ဗြုန်း စပ်) ချက်ပြုတ်ရာတွင် ဆန် ၂ တင်း နှင့်ဝက်သား ၃၅ ပိဿာ အသုံးပြု ချက်ပြုတ်ခဲ့ရပြီး ယခုနှစ်ပူဇော်ပသသည့် ပွဲအရေအတွက်မှာ ၂၆၂ ပွဲရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အညာဒေသများတွင် မြင်းဖြူရှင်နတ်မှာ ကိုးကွယ်မှုများသော နတ်ဖြစ်ပြီး အညာဒေသ ရှိ သစ်ပင် ကြီးများ အောက်တွင် မြင်းဖြူရှင် နတ်ကွန်းများကို မြင်တွေ့နိုင်ပြီး မြင်းဖြူရှင် နတ်လေးမျိုး ရှိသည်ဟု သိရသည်။

တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း မြင်းဖြူရှင်များလည်းရှိရာ သာဒွန်း ရိုးရာ နတ်ပွဲမှာ ပျော်ပွဲ၊ ရွှင်ပွဲအဖြစ် ကျင်း ပ ပြီးစီးရပြီး ပျော်ရွှင်ဖွယ်မဖြစ်ပါက နောက် တစ်ကြိမ်ပြန်လည် ပူဇော် ဆက်သကြရကြောင်း သိရသည်။

ကိုးကွယ်ယုံကြည် မှုများအရ ရိုးရာနတ်ပွဲများကို တစ်ရွာ တစ်ပုဒ်ဆန်း ကိုယ့် အယူအဆနှင့်ကိုယ် ကျင်းပသော ဆိုင်းသံ၊ ဗုံ သံ တညံညံဖြင့် ကျင်းပလေ့ ရှိသော ရတနာ့ဂူ၊ တောင်ပြုန်း၊ ပခန်းကြီး အစရှိသည့် နတ်ပွဲကြီးများထိ နည်းမျိုးစုံနှင့် ပူဇော် ပသရာ ၀ါဆို၊ ၀ါခေါင် လများမှာ အဆိုပါပွဲတော်များ အများဆုံး ကျင်းပလေ့ရှိသောလ များ ဖြစ်သည်။

ရီရ

မျက်ရှု့သုတ ရသ မဂ္ဂဇင်းမှာ ကူးယူဖော်ပြသည်။

လန်ဒန်မြို့အကြောင်း

လန်ဒန်မြို့သည် အင်္ဂလန်နှင့် ယူနိုက်တက်ကင်းဒမ်း တို့၏ မြို့တော်ဖြစ်သည်။

ယူကေတွင် အကြီးမားဆုံး မြို့တော်နှင့် မြို့ပြ နယ်မြေဖြစ်ပြီး ဥရောပ သမဂ္ဂ နယ်မြေတွင်လည်း အကြီးဆုံး ဖြစ်သည်။ သိမ်းမြစ်ကမ်း ပေါ်တွင် တည်ရှိပြီး သမိုင်းကြောင်း အရ ရောမလူမျိုးများ ထူထောင်ခဲ့သည်ဟု သိရှိရသည်။
ကမ္ဘာပေါ်တွင် ထိပ်တန်း ဘဏ္ဍာရေး အချက်အချာ နေရာတစ်ခုဖြစ်ပြီး ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ဂျီဒီပီ အများဆုံး မြို့ပြနယ်မြေ တစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော် တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်မှု အများဆုံး မြို့တော်လည်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး လေကြောင်းပို့ဆောင်ရေး စနစ်လည်း ရှိသည်။
လန်ဒန်မြို့ရှိ တက္ကသိုလ် ၄၃ ခုသည် ဥရောပတွင် အဆင့်မြင့် ပညာရေးကဏ္ဍ၌ အကြီးမားဆုံး ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ် လန်ဒန် အိုလံပစ် ကျင်းပခဲ့ခြင်းကြောင့် ခေတ်သစ် နွေရာသီ အိုလံပစ် ပွဲတော်ကို သုံးကြိမ် လက်ခံ ကျင်းပခွင့်ရသော ပထမဆုံးမြို့တော် ဖြစ်လာခဲ့သည်။
လန်ဒန်မြို့တွင် လူဦးရေနှင့် ယဉ်ကျေးမှု အမျိုးအစား များစွာရှိရာ ဘာသာစကားပေါင်း ၃ဝဝ ကျော် အသုံးပြု လျက် ရှိနေသည်။ လန်ဒန်မြို့တွင် တရားဝင် နေထိုင်သော လူဦးရေ ၈၁၇၄၁ဝဝ ရှိရာ ဥရောပ သမဂ္ဂ နယ်မြေ အတွင်းတွင် လူဦးရေ အထူထပ်ဆုံးသော မြို့ပြနယ်မြေ တစ်ခု ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း တစ်ခုလုံး၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
လန်ဒန်မြို့တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ လေးခုရှိရာ ၎င်းတို့မှာ လန်ဒန်မျှော်စင်၊ ဝက်စ်မင်နင် စတာ ဘုရားရှိခိုးကျောင်း၊ စိန့်မာဂရက် ဘုရားရှိခိုးကျောင်းနှင့် သမိုင်းဝင် ဂရင်းဝစ်ခ်ျအ ဆောက်အအုံများ ဖြစ်သည်။ အခြား ထင်ရှား ကျော်ကြားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ ပစ်ကာဒီလီ အဝိုင်း၊ စိန်ပေါလ် ဘုရားရှိ ခိုးကျောင်း၊ မျှော်စင်တံတားနှင့် ထရာဖယ်လ်ဂါ ပန်းခြံတို့ ဖြစ်သည်။ လန်ဒန်မြို့တွင် မြောက်မြားစွာသော ပြတိုက်များ၊ အနုပညာ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစား ပွဲတော်များနှင့် အခြားသော ယဉ်ကျေးမှု အဖွဲ့အစည်းများ ရှိသည်။
လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး ရထားလမ်း ကွန်ရက်တစ်ခု ဖြစ်သည်။
ဒေသဆိုင်ရာ အစိုးရ
လန်ဒန်မြို့ အုပ်ချုပ်ရေးကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့က မြို့တော်တစ် ဝန်းလုံး အုပ်ချုပ်ရေးကို တာဝန်ယူ၍ နယ်မြေ အစိတ်အပိုင်းများ အုပ်ချုပ်ရေးကို လက်အောက်ရှိ အာဏာပိုင် အဖွဲ့အစည်း ၃၃ ခုက တာဝန်ယူသည်။
လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့တွင် မြို့တော်ဝန်နှင့် လန်ဒန်အုပ်ချုပ်မှု အဖွဲ့တို့ ပါဝင်သည်။ လန်ဒန်မြို့ကို မြို့ပြ ရဲတပ်ဖွဲ့က တာဝန်ယူ စောင့်ရှောက်ပြီး လန်ဒန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့သည် အမျိုးသား မီးရထားနှင့် လန်ဒန် မြေအောက်ရထား လုပ်ငန်းများကို တာဝန်ယူ ကြီးကြပ်သည်။ လန်ဒန် မီးသတ်နှင့် အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင် အဖွဲ့သည် ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး မီးသတ် လုပ်ငန်းဖြစ် သည်။ အမျိုးသား ကျန်းမာရေးလုပ်ငန်း အရေးပေါ်ဌာနကို လန်ဒန် အရေးပေါ် လုပ်ငန်းဌာနမှ ကူညီ ထောက်ပံ့သည်။
ကမ္ဘာပေါ်တွင် အရေးပေါ် လူနာတင်ယာဉ် လုပ်ငန်းကို အခမဲ့ အကြီးမားဆုံး ဆောင်ရွက်ပေးသော အဖွဲ့ဖြစ်သည်။ ထို့ပြင် လန်ဒန် လေကြောင်း အရေးပေါ် အဖွဲ့၊ ဘုရင်မကြီး၏ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် တော်ဝင် အမျိုးသား အသက်ကယ်လှေ အဖွဲ့တို့က သိမ်းမြစ် အတွင်း စောင့်ကြပ် တာဝန်ယူသည်။
လန်ဒန်မြို့တွင် ယူနိုက်တက် ကင်းဒမ်း၏ အစိုးရအဖွဲ့ တည်ရှိပြီး ဝက်စ်မင်နင်စတာ နန်းတော်တွင် ထားရှိ သည်။ အစိုးရဌာန အများအပြားမှာ ပါလီမန်နှင့် ဝှိုက်ဟောလ်အနီးတွင် တည်ရှိသည်။ ဝန်ကြီးချုပ်၏ အမှတ် (၁ဝ) ဒေါင်းနင်း လမ်း နေအိမ်မှာလည်း အဆိုပါ အဆောက်အအုံများ အနီး၌ တည်ရှိသည်။ ဗြိတိသျှပါလီမန်သည် အခြား ပါလီမန် စနစ်များ၏ စံပြဖြစ်ပြီး ပါလီမန်များ၏ မိခင်ဟု ခေါ်ဝေါ်ခြင်း ခံရသည်။
ရာသီဥတု
လန်ဒန်မြို့သည် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုရှိကာ ဗြိတိန် တောင်ပိုင်း ဒေသအများစုနှင့် ဆင်တူ သည်။ ဆောင်းရာသီ အချိန်များတွင် သာမန်အားဖြင့် အေးခဲပြီး နိုဝင်ဘာလမှ မတ်လအထိ နှင်းခဲများ ဖုံးလွှမ်းခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ် ကြုံတွေ့ရသည်။ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ တစ်နှစ်လျှင် လေးကြိမ်မှ ငါးကြိမ် နှင်းများ ကျတတ်သည်။ မတ်နှင့် ဧပြီ အတောအတွင်း နှင်းကျဆင်းမှု နည်းပါးပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ် သာ ဖြစ်ပေါ်လေ့ ရှိသည်။
နွေရာသီ အချိန်များတွင် ပုံမှန်အားဖြင့် ပူနွေးပြီး တစ်ခါတစ်ရံ ပူအိုက်သည်။ လန်ဒန်မြို့လယ်ရှိ အပူချိန်သည် ဆင်ခြေ ဖုံးနှင့် မြို့စွန် ဒေသများထက် ၅ ဒီဂရီ ပိုမိုပူနွေးသည်။
လူနေရပ်ကွက်များ
လန်ဒန်မြို့ မြို့ပြနယ်မြေကို လူနေ ရပ်ကွက်များဖြစ်သော ဘလွန်းဘူရီ၊ မေဖဲ၊ ဝင်ဘလေ စသော နာမည်များ ကို အစွဲပြု ခေါ်ဝေါ်သည်။ လန်ဒန် အနောက်ပိုင်း အရပ်သည် လန်ဒန်မြို့၏ အဓိက ဖျော်ဖြေရေးနှင့် ဈေးဝယ်ရာ နေရာများ တည်ရှိရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်လျက် ရှိသည်။ အရှေ့ဘက် အစွန်း ရပ်ကွက်မှာမူ လန်ဒန် ဆိပ်ကမ်းနှင့် အနီးတွင် တည်ရှိပြီး ပြည်ပမှ လာရောက် နေထိုင်သူ အများဆုံး ရပ်ကွက် ဖြစ်သည်။ လန်ဒန်မြို့၏ အဆင်းရဲဆုံး ရပ်ကွက်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ လန်ဒန်မြို့ ကို ၁၉၆၅ ခုနှစ်မှစ၍ ဘာရာ ရပ်ကွက် ၃၂ ခုအဖြစ် ခွဲခြားခဲ့သည်။
ဗိသုကာလက်ရာ
လန်ဒန်မြို့၏ အဆောက်အအုံများမှာ ခေတ်ကာလ အလိုက် ဗိသုကာပုံစံ အမျိုးမျိုး ရှိသည်။ ခေတ်ဟောင်း လက်ရာများ ပါဝင်သကဲ့သို့ ခေတ်ပေါ် လက်ရာများလည်း တွေ့ရသည်။ ထင်ရှားသော ခေတ်သစ်လက်ရာ များတွင် ဘဲဥပုံသဏ္ဌာန် ရှိသော မြို့တော်ခန်းမနှင့် ဗြိတိသျှ စာကြည့်တိုက်များ ပါဝင်သည်။
လန်ဒန်မြို့ အလယ်ပိုင်းတွင် အကြီးမားဆုံးသော ပန်းခြံများမှာ ဟိုက်ပတ်နှင့် ကင်ဆင်တန် ဥယျာဉ်တို့ ဖြစ်ပြီး မြောက် ပိုင်းရှိ ရီးဂျင့် ပန်းခြံတို့လည်း ပါဝင်သည်။ ရီးဂျင့် ပန်းခြံတွင် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သိပ္ပံတိရစ္ဆာန် ဥယျာဉ်လည်း ပါဝင်ပြီး ၎င်းမှာ ကမ္ဘာလှည့် ခရီးသည် အများဆုံး လာရောက်သော မဒမ်တူးဆော့ ဖယောင်းပြတိုက် အနီးတွင် တည်ရှိသည်။ လန်ဒန် မြို့လယ်ပိုင်းနှင့် နီးစပ်သော ပန်းခြံများတွင် ဂရင်းပတ်ခ် နှင့် စိန့်ဂျိမ်းပတ်ခ်တို့ ပါဝင်သည်။
လူမျိုးစုများ
အင်္ဂလန် အမျိုးသား စာရင်းအင်းရုံးမှ ရရှိသော အချက်အလက်များ အရ ၂ဝ၁၁ ခုနှစ် သန်းခေါင် စာရင်းတွင် လန်ဒန်မြို့၌ နေထိုင်သူများ၏ ၅၉ ဒသမ ၈ ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်ပြီး ၂ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ အာရှ တိုက်သားများနှင့် အာရှ ဇာတိဖွားများ ဖြစ်သည်။ အိန္ဒိယ လူမျိုးများမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းစီ ရှိသည်။ တရုတ်လူမျိုး ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အာရပ်လူမျိုး များမှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ နောက်ထပ် ၄ ဒသမ ၉ ရာခိုင်နှုန်းမှာ အခြား အာရှတိုက်သားများ ဖြစ်သည်။ ၁၅ ဒသမ ၆ ရာခိုင်နှုန်းမှာ လူမည်းနှင့် လူမည်းဇာတိဖွားများ ဖြစ်ကြသည်။
ဘာသာရေး
၂ဝ၁၁ ခုနှစ် သန်းခေါင်စာရင်း အရ ခရစ်ယာန် ဘာသာဝင်များမှာ လန်ဒန်မြို့တွင် အများဆုံး ဖြစ်ပြီး ၄၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။ ၎င်းတို့နောက်တွင် ဘာသာမဲ့ ၂ဝ ဒသမ ၇ ရာခိုင်နှုန်း၊ မူဆလင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅ ရာခိုင်နှုန်း၊ ဂျူး ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ဆစ် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာ ၁ ရာခိုင်နှုန်းတို့ ရှိကြသည်။
လန်ဒန်မြို့တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း များစွာတည်ရှိပြီး မူဆလင် ဗလီများ၊ ဆစ်ဘုရား ကျောင်းများ၊ ဟိန္ဒူ ဘုရားကျောင်းများလည်း ရှိသည်။
စီးပွားရေး
လန်ဒန်မြို့ အနေဖြင့် ယူနိုက်တက် ကင်းဒမ်း (GDP) ၏ ၂ဝ ရာခိုင်နှုန်းကို ရယူ စွမ်းဆောင်နိုင်သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အချက်အချာ ကျသော ဘဏ္ဍာရေး ဗဟိုဌာနများ အနက် တစ်ခုဖြစ်ပြီး နယူးယောက် ကဲ့သို့ပင် နိုင်ငံတ ကာ ငွေကြေးလုပ်ငန်း အတွက် အရေးကြီးသော နေရာတစ်ခု ဖြစ်သည်။
လန်ဒန်မြို့ရှိ အကြီးဆုံး လုပ်ငန်းမှာ ငွေကြေးလုပ်ငန်း ဖြစ်ပြီး ယူကေ၏ ငွေကြေး ဈေးကွက်တွင် အဓိက ပါဝင်လျက် ရှိသည်။ လူပေါင်း ၃၂၅ဝဝဝ မှာ လန်ဒန်ရှိ ငွေကြေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လန်ဒန်မြို့တွင် နိုင်ငံရပ်ခြားဘဏ် ၄၈ဝ ကျော် ရှိရာ ကမ္ဘာပေါ်ရှိ မည်သည့် မြို့ကြီးထက် မဆို ပို မိုများပြားသည်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် တစ်နှစ်အတွင်း၌ အလုပ်အကိုင် ၇ဝဝဝဝ ကျော် လျှော့ချ ခဲ့ရသည်။ လန်ဒန်မြို့တော်သည် အင်္ဂလန်ဘဏ်၊ လန်ဒန် စတော့အိတ်ချိန်းနှင့် Lloyd's of London အာမခံ ဈေးကွက်တို့၏ တည်နေရာလည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက စီးပွားရေးရပ်ကွက် ငါးခုရှိရာ မြို့တော်ရပ်ကွက်၊ ဝက်စ်မင်စတာ၊ ကနေရီ၊ ကမ်ဒန်နှင့် လမ်းဘတ်တို့ ဖြစ်ကြသည်။
ခရီးသွားလုပ်ငန်း
လန်ဒန်မြို့သည် ခရီးသွားလုပ်ငန်း၏ ထင်ရှား ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ လန်ဒန်မြို့သို့ နိုင်ငံ တကာ ခရီးသွားများ နှစ်စဉ် ၁၄ သန်းကျော် လာရောက်လျက် ရှိပြီး ဥရောပ၌ ခရီးသည် လာရောက် လည်ပတ်မှု အများဆုံး မြို့တော်လည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်သည့် နေရာများမှာ ဗြိတိသျှပြတိုက်၊ အမျိုးသား အနုပညာ ပြခန်း၊ အမျိုးသား သမိုင်း ပြတိုက်၊ သိပ္ပံ ပြတိုက်၊ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ် ပြတိုက်၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ အမျိုးသား ပင်လယ်ရေကြောင်း ပြတိုက်နှင့် လန်ဒန်မျှော်စင် တို့ ဖြစ်ကြသည်။ ။
ကျော်ဇင်ထွဋ်  - မြ၀တီ 10 June 2013 

Sunday, May 26, 2013

စင်္ကာပူမှာ လည်စရာ၊ စားစရာ

စင်္ကာပူအကြောင်း ဓာတ်ပုံတွေနဲ့တကွ ခရီးသွားဆောင်းပါးတပုဒ် ကိုညီလင်းသစ် ဘလော့ဂ်မှာ တွေ့လို့ ဓာတ်ပုံအနည်းငယ် ပြန် ရှယ်ပါတယ်။ သူက စာအရေးကောင်းသူဖြစ်သလို ဓာတ်ပုံ အရိုက်ကောင်းသူမို့ ဖတ်လို့လည်းကောင်း ကြည့်လို့လည်း ကောင်းလှပါတယ်။ စင်္ကာပူက ကိုယ်မရောက်ဖူးသေးတဲ့ နေရာတချို့လည်း ပါလို့ ဖတ်လို့ ပိုကောင်းပါတယ်။ အပြည့်အစုံကို သူ့ဘလော့မှာပဲ ဖတ်ရှုနိုင်ကြပါတယ်။










ဒီဝက်ဘ်ဆိုက်က ခရီးသွားအကြောင်းပဲမို့ နံပါတ် ၃ ဖြစ်တဲ့ စာပေဟောပြောပွဲအကြောင်းကိုတော့ လင့်ခ် မတင်ထားပါဘူး။