Thursday, November 1, 2012

Wednesday, October 24, 2012

မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်လေကြောင်း ပျံသန်းတော့မည်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာ ဘုရားဖူးများအတွက် ခရီးစဉ် ပိုမိုလွယ်ကူစေမည့် မန္တလေး-ဂါယာ လေကြောင်းပျံသန်းမှုကို မြန်မာ့လေကြောင်းလိုင်း MAI မှ နိုဝင်ဘာလတွင် စတင်ပျံသန်းတော့မည်ဟု သိရှိရသည်။

ယခင်က ဘုရားဖူးများအတွက် ကိုလ်ကတ္တား Kolkatta နှင့် ဂါယာ Gaya မြို့ ရန်ကုန်မြို့မှသာ တိုက်ရိုက်လေကြောင်း ရှိခဲ့ရာမှ ယခုတဖန် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မန္တလေးမှ တိုက်ရိုက်ပျံသန်းတော့မည်ဖြစ်၍ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းများမှ ဘုရားဖူးများအတွက် ခရီးလမ်းကြောင်း ပိုမို တိုတောင်းကာ စရိတ်စကနှင့် အချိန်လည်း ပိုမိုသက်သာစေမည်ဟု သိရသည်။

“ရန်ကုန်-ဂါယာတော့ စက်တင်ဘာ ၂၄ ရက်နေ့က စဆွဲထားတယ်။ တပါတ်ကို သုံးရက်လောက်စီ ဆွဲတယ်။ Air India ရော၊ MAI ရော” ဟု ဗုဒ္ဓဂါယာ မြန်မာကျောင်းတိုက်မှ ဦးတေဇိဏ္ဏ က မိန့်ကြားသည်။

ဂါယာမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘီဟား Bihar ပြည်နယ်တွင် ရှိပြီး ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရရှိရာ မဟာဗောဓိ
ညောင်ပင်၊ ပလ္လင်နှင့် စေတီတော်တို့ တည်ရှိရာဖြစ်၍ မဇ္ဈိမ ဒေသ ဘုရားဖူးများအနေနှင့် မရောက်မဖြစ်သည့် ဌာနတရပ် ဖြစ်သည်။

“ဘုရားဖူးရာသီက အောက်တိုဘာကနေ ဧပြီထိပေါ့။ ဘုရားဖူးက ဦးဇင်းတို့ ကျောင်းမှာတင်ကို တလတလ ငါးရာ
လောက် တည်းကြတာ ရှိတယ်။ ကျန်တဲ့ကျောင်းတွေမှာ တည်းကြတာတွေလည်း အများကြီးရှိတယ်။ နီးစပ်ရာ တည်းကြတယ်။ ဘုရားဖူး တဖွဲ့ကို လူက လေးငါးဆယ် ပါတယ်” ဟု ဦးတေဇိဏ္ဏ က မိန့်ကြားသည်။

မြန်မာဘုရားဖူးများမှာ ဂါယာမှ အခြားသော သံဝေဇနိယ လေးဌာန အပါအဝင် ဗုဒ္ဓဝင် နှင့် သာသနာတော်နေရာ များသို့ လှည့်လည်ဖူးမြော်လေ့ရှိကြသည်။

Saturday, September 1, 2012

SST Tours ရဲ့ အလောင်းတော် ကဿပ ၂ ညအိပ် ၃ ရက် - ခရီးစဉ်


Monywa/Alaungdaw Kathapa

Extension from Mandalay 
Monywa (Alaungdaw Kathapa National Park) 3-Day/2-Night
Day 01: Mandalay - Monywa – Phowin Cave & Shwe Ba Cave - Monywa
Day 02: Monywa - Alaungdaw Kathapa National Park
Day 03: Alaungdaw Kathapa National Park - Monywa Mandalay
This ASEAN heritage site is 616.84 sq mile in size with a well forested mountainous area and well known for its wealth of biological diversity. Also an ideal place for bird watchers and nature lovers!

Day 01: Mandalay - Monywa – Phowin Hill Cave & Shwe Ba Hill Cave
   Early morning approx. 7 a.m, pick-up from hotel and drive to Monywa (approx. 3 hrs drve). Arrival and proceed to visit a sandstone cave system of Po Win Hill - full of Buddhist statues wood carvings and murals dating to the 17th  centuries. A covered stairway climbs a hill to the main cave shrine, but there are dozens of large and small caves in the area filled with old Buddha images. Then visit Shwe Ba Hill - features unique pavilions cut from the surrounding sandstone and filled with plain Buddha images. Evening back to Monywa and overnight at hotel.
Day 02: Monywa - Alaungdaw Kathapa National Park
  Early breakfast at hotel. Approx. 7 a.m, drive to Alaungdaw Kathapa. The journey involves approx. 17 miles of off-road plus elephant ride. Trekking in natural forests and visiting the historical famous Alaungdaw Kathapa Shrine. Overnight at Guest house. 
Day 03: Alaungdaw Kathapa National Park - Monywa – Mandalay
  Simple breakfast at guest house. Birding & wild expedation in the forest. In the afternoon, back to Monywa and proceed drive to Mandalay. Arrive back to hotel.

Wednesday, August 1, 2012

test

စရာ test

Sunday, July 1, 2012

Tour Guides ဧည့်လမ်းညွှန်များ

(The Union of Myanmar Travel Association (UMTA) ခရီးသွား အသင်းမှာ ဖော်ပြထားတဲ့ စာရင်းသာ ဖြစ်ပါတယ်။ ၂၀၁၂ မေလက စာရင်း ဖြစ်ပါတယ်။)

Address
Phone
Fax
Email & Website
Daw Tin Than Yu (German)
No.25, Shwe Hninzee Road, Side Lane 3, Qr 5, Mayangone Tsp, Yangon, Myanmar.
663151, 650314,
095011871
 
Daw Pyinsa Kalayar Ni Khine
(German)
No.25, Golden Rose Street, Green Valley, Mayangone Tsp, Yangon, Myanmar.
549919
 
Daw Khin Khet Khet Khaing (English)
No.3, Ahlone Foresty Ward, Ahlone Tsp, Yangon, Myanmar.
50166
 
 
Daw Mar Mar Aye
(Chinese, English, Spanish)
No.7 (Ground Fl), 145 Street, Tarmway Tsp, Yangon, Myanmar.
297945, 297379, 293390
 
 
Daw Tin Nwe Aye (English, Japanese)
No7, Top Floor(L), Hledan(1)st, Kamayut Tsp, Yangon, Myanmar.
722974
 
U Yan Myo Aung (Guide)
No.3, 4th Floor, Maupin Street, Sanchaung Township, Yangon, Myanmar.
536734, 095041634
 
Daw Hnin Thuzar (English)
Rm-607, Yadana Condo, 1-B, 9th Mile, Mayangone Tsp, Yangon, Myanmar.
666849, 667470
 
Daw Than Than  Htay
No. 162-164, 8B, 51st Street, Pazundaung Tsp, Yangon, Myanmar.
095159013, 721410
 
DAW HNIN KHINE
German/ English
Bldg 352/9, Set Mu (1) Road, Yankin Township, Yangon, Myanmar.
559834
559834
DAW THANDA OO
German
Bldg 14, Room No.6, Pyinmapin Housing, Yebawhow Mingalardon Township, Yangon, Myanmar.
095143091

U MYO MIN ZAW
English
No.25, 5th Floor, Yadana Street, Kyaikkasan Quarter, Bahan Township, Yangon, Myanmar.
095035603


U MYO NYUNT AUNG (English)
E/Nga-19, Khattar Road, Shwe Laung Ward, Bagan, Myanmar.
061-65125, 09402501321
 

Last Updated ( Friday, 11 May 2012 )

Friday, June 1, 2012

Useful Numbers - အသုံးဝင်မယ့် ဖုံးနံပါတ်များ

Ministry of Hotels & Tourism
The Republic of the Union of Myanmar
Building No. (33), Naypyitaw
Tel: (+95-67) 406454, 406061, 406130
Fax: (+95-67) 406061, 406060, 406057
Email:mo.moht@mptmail.net.mm, dg.dht@mptmail.net.mm, mtt.mht@mptmail.net.mm
Website:www.tourism-myanmar.org, www.myanmartravelsandtours.com

The Union of Myanmar Travel Association (UMTA)
No.29, Min Ye Kyawswa Road,
Lanmadaw TSP, YGN
Myanmar
Fax: (+95-1) 214945
Tel: 73050761, 214941, 214945 http://www.umtanet.org

Tuesday, May 1, 2012

ချင်းပြည်နယ်မှာ လည်စရာ

ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနည်းပြီး ဝေးလံခေါင်သီတာမို့ ခရီးသွားတွေ အရောက်အပေါက် နည်းကြပါတယ်။ ဒါပေမယ့် ချင်းပြည်နယ်က အဆိုတော်တွေ၊ ချင်းရိုးရာတွေကိုတော့ မကြာမကြာ မြင်တွေ့ရပါတယ်။ ချင်းအ၀တ်အစားက တမူ ထူးခြားပါတယ်။

ခရီးသွားဖို့အတွက်ဆိုရင် လူအရောက်အပေါက်နည်းတဲ့ ဒေသမို့ လူတွေ့ မတွေ့ရသေးတဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် အလှအပတွေကို မြင်တွေ့နိုင်မယ် ထင်ပါတယ်။

ချင်းပြည်နယ် အကြောင်း ဖတ်ဖူးတဲ့အထဲမှာ ကဗျာဆန်ဆန် တည်ရှိနေတာက ရိဒ် ရေကန်ကြီးပါ။ အသဲပုံ ရှိတယ်လို့ ဆိုပါတယ်။ ချင်းတောင်တန်းတွေထဲမှာတော့ အမြင့်ဆုံးက ၀ိတိုရိယ ခေါ် ခေါနုသုန် တောင်လို့ သိရပါတယ်။ သွားလည်ချင်ပါတယ်။




Sunday, January 1, 2012

ဗုဒ္ဓဂါယာ ခရီးစဉ်

ကျွန်မတို့ ဗုဒ္ဓဂါယာကို ၁ရ၊ ၃၊ ၂၀၀၈ မှာ ဘုရားဖူးအဖွဲ့နဲ့ ထွက်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်က အထွက် အပေါ်အဖြူအောက် ယောဂီနဲ့ တူညီဝတ်စုံတွေနဲ့ လေယာဉ်ပေါ်ကို တက်ရပါတယ်။ လေယာဉ် တစ်စီးလုံးက ဗုဒ္ဓဂါယာသို့ သွားမည့် သူများပါပဲ၊ ဂါယာသို့ နေခင်းလောက်မှာရောက်ပါတယ်။ ဂါယာသို့ တိုက်ရိုက်လေယာဉ်ပါ၊ ဂါယာလေဆိပ်ကတော့ ခပ်သေးသေးရယ်ပါ။ Immigration ကိုဖြတ်ပြီးတာနဲ့ လာကြိုနေတဲ့ ကားတွေက အဆင့်သင့်ပါပဲ။ ကားတွေက အဲယားကွန်းနဲ့ လေအိပ်ကားတွေပါ။ တစ်လျှောက်လုံးကား စီးရတာ အဆင်ပြေပါတယ်။ အိန္ဒိယမှာ ၂၈ ပြည်နယ်ရှိတဲ့ အထဲက ၄ ပြည်နယ်ကို ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဂါယာအမည်က ဂယာမြို့ အနီးမှာ တည်ရှိမှုကို အစွဲပြုပြီး ဖြစ်လာတာပါ။ ဗီဟာပြည်နယ်အတွင်းမှာ တည်ရှိတာပါ။ ကာလကတ္တား ဂယာမြို့ဟာ ကီလိုမီတာ ၄၅၀ကျော်ကွာဝေးပါတယ်။ ဗုဒ္ဓဂါယာမှာက မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတယ်လို့ ကြားပါတယ်၊ အသစ်နဲ့ အဟောင်းပါ။ ကျွန်မတို့ တည်းရတာက ဘုန်းကြီးကျောင်းအဟောင်းမှာပါ။ မဟာဗောဓိစေတီနဲ့ နီးပါတယ်၊ လမ်းလျှောက်သွားရင်လဲ အနီးလေးပေါ့၊ ကုလားဆိုက်ကားနဲ့သွားလို့ ရပါတယ်။ ၅ ရူပီး လောက်ပဲပေးရပါတယ်။ ဗုဒ္ဓဂါယာမှာ ၄ညအိပ် ၅ရက်လောက်ကြာပါတယ်။ မဟာဗောဓိစေတီကြီးက အင်မတန်မှ သပ္ပယ်ပါတယ် ကြည်ညိုလို့ မ၀နိုင်အောင်ပါပဲ။ စေတီတော်ကြီးမှာ ဖိနပ်တော် ၄၈-ပေ၊ ဉာဏ်တော်အမြင့် ၁၇၀-ပေ ရှိပါသည်။

ဗုဒ္ဓဂါယာမှာ ဖူးမျှော်လေ့လာနိုင်စရာ တွေကတော့-
-မဟာဗောဓိစေတီတော်
-ဗောဓိပင်
-အပရာဇိတပလ္လင်
-သတ္တဌာန ခုနှစ်ဌာန
-မင်းတုန်းမင်းဇရပ်
-မဟန့်နန်းတော်
-သုဇာတာ အိမ်နေရာ
-သုဇာတာ ဃနာနို့ ဆွမ်းကပ်သည့် နေရာ
-ဘုရားအလောင်း ရွှေခွက်မျောရာ နေရာ
-ဒုက္ကရစရိယကျင့်ရာဂူ
-International ဘုန်းကြီးကျောင်းများ
-နေရဉ္စရာမြစ်
လေ့လာစရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ ကိုယ်မှာရှိတဲ့ ပုံတွေနဲ့ အွန်လိုင်းမှ ရှာထားသော ပုံများကို ရောကာ ကုသိုလ်ယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(က) မဟာဗောဓိစေတီ


ဒါကတော့ မဟာဗောဓိစေတီ အ၀င်ဝပါ။


ဒါကတော့ ဘုရားဝင်းအတွေင်းပါ။


ဒါကတော့ မဟာဗောဓိစေတီ ကြီးပါ ကျောက်တုံးတွေနဲ့ ဆောက်တယ်လို့ ဆိုပါတယ်။ အင်မတန်မှ သပ္ပယ်သလို ခဏခဏ ဖူးမျှော်ချင်နေတဲ့ စေတီကြီးပါ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


မဟာဗောဓိစေတီ အတွင်းရှိ International image ပါ။ အလွန်သပ္ပာယ် သလိုနေ့စဉ်နှင့်အမျှ သင်္ကန်းတော်ကို လဲလှယ်ဆက်ကပ်သူ များဟာနိုင်ငံပေါင်းစုံကပါပဲ။ ကျွန်မ တွေခဲ့တဲ့ အဖွဲ့တွေကတော ထိုင်း၊ တိဘက်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘယ်နိုင်ငံကမှန်းမသိရတဲ့ အဖွဲ့တွေကလည်း အများကြီးပါ။
Resigzed ImageClick this bar to view the full image.


(ခ) ဗောဓိပင်

မြတ်စွာဘုရားသည် ဗောဓိပင်ကို နောက်မှီပြု၍ ဗောဓိပင်ရင်းရှိပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပါတယ်။ ဗောဓိပင်မှ ဗောဓိရွက်ကြွေကို စောင့်ပြီးကောက်သူတွေကလည်း အများအပြားပါ။ တစ်ရွက်ကြွေရင် လုကောက်ရပါတယ်။ ကံကောင်းချင်တော့ တစ်ရက်မှာ လေတွေတအားတိုက်ပြီး ဗောဓိရွက်တွေကြွေတာဟာ မကောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


(ဂ) သတ္တဌာန ခုနှစ်ဌာန

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဖော်ပြပါ ၇-ဌာနတို့၌ ၇-၇က်စီစံတော်မူသည်။

၁။ ဗောဓိပင်နင့် ပလ္လင်တော် (ဖော်ပြပြီး)
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် မဟာဗောဓိနှင့် ပလ္လင်တော်ထက်တွင် ထက်ဝယ်ဖွဲ့ခွေလျက် ခုနှစ်ရက်ပတ်လုံး ဖလသမာပတ်ကို ချမ်းသာကို ခံစားတော်မူသည်။

၂။ အနိမိသစေတီ။
ဤစေတီတော်နေရာတွင် ဘုရားရှင်သည် ရပ်တော်မူလျက်ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့်ရှုစား တော်မူသည်။

၃။ ရတနာ စင်္ကြဌာန
မြတ်စွာဘုရားသည် ပလ္လင်တော်ကို ခုနှစ်ရက်တိုင်တိုင် စိုက်ကြည့်တော်မူနေရာ နတ်ဗြဟ္မာတို့က မြတ်စွာဘုရားသည် ပလ္လင်တော်ကို တွယ်တာမူရှိသည်ဟု အထင်မှားကြကုန်၏။ ထိုအထင်မှားမူကိုပယ်ဖျက်ရန် ကောင်းကင်တွင် ရတနာစင်္ကြ ဖန်ဆင်းကာ ကြွတော်မူသည်။

Resigzed ImageClick this bar to view the full image.


၎။ ရတနာ ဃရဌာန
နတ်တို့ဖန်ဆင်းသော ရတနာ ဃရ (ရွှေအိမ်)တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ၍ အဘိဓမ္မာခုနှစ်ကျမ်းကို သုံးသပ်တော်မူရာ နောက်ဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းတော်ကြီးရောက်သော အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ပေါ်ထွက် ကွန့်မြူး၍ အဆုံးမရှိသော အနန္တ အာကာသထဲသို့ ပျံ့နှံ့သွားရာ ယနေ့အထိုရောင်ခြည်တော်များသည် အာကာသထဲသို့ရှေ့ဆက်ပြေးနေဆဲဖြစ်သည်။

၅။ အဇပါလနိဂြောဓ ဌာန
(အဇ=ဆိတ်+ပါလ=ထိန်းကျောင်း+နိဂြောဓ=ညောင်ပင်) ဆိတ်ကျောင်းညောင်ပင်ရင်း၌ တရားကိုဆင်ခြင်သုံးသပ်ခြင်း၊ အရဟတ္တဖိုလ် ချမ်းသာကိုခံစားခြင်းပြုတော်မူသည်။

၆။ မုစလိန္ဒ ဌာန
မုစလိန္ဒ အိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူသည်။ မုစလိန္ဒ နဂါးမင်းက မြတ်စွာဘုရားရှင်ကို ခုနစ်ပတ်ရစ်ခွေ၍ အပေါ်မှ ပါးပျဉ်းအုပ်မိုးလျက်ပူဇော်သည်။ မုစလိန္နအိုင်မှာ အတော့်ကို ကြီးတဲ့ငါးကြီးတွေရှိပါတယ်။ သူတို့ကို ပေါင်မုန့်တွေကျွေးတာ ကျွေးလို့မလောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


၇။ ရာဇာယတ ဌာန
မဟာဗောဓိပင်တော်ဘက် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူ၏။

(ဃ) မင်းတုန်းမင်းဇရပ်
မင်းတုန်းမင်းဇရပ် ဖျက်ဆီးခံရ၍ မရှိတော့ပါ မင်းတုန်းမင်းကျောက်စာသာလျှင် ကျန်ပါတော့တယ်။ ကျောက်စာကိုမူ တဖြည်းဖြည်းဖျက်ဆီးရန် စာကြောင်းများကို ပွတ်တိုက်ထားသည်။

(င) သုဇာတာ အိမ်နေရာ
ဤအုပ်ပုံကို သုဇာတာ အိမ်နေရာဟု ဆိုကြသည်။

Resigzed ImageClick this bar to view the full image.


(စ) နေရဉ္စရာမြစ်
မြစ်ပြင်တစ်ခုလုံးက ရွံ့နွံမရှိပဲ သဲပြင်တွေချည်းပါပဲ၊ မိုးတွင်းသာ ရေရှိပြီး နွေနှင့်ဆောင်းတွင် သဲမျှသာရှိသည်။

Resigzed ImageClick this bar to view the full image.


(ဆ) ဒုက္ကရစရိယာကျင့်ရာဂူ
ဗုဒ္ဓဂါယာမှ ၄မိုင်ခန့်သွားရသည်။ မနက်အစောကြီးရောက်သွားလို့ လားတော့မသိဘူး တော်ခြေနဲ့ တောင်ဝန်းကျင်က အင်မတန်သာယာပါတယ်။ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ကိုယ်ကတောင်တက်ရမှာဆိုတော့ သူတိုကိုတွဲခိုင်း၊ သူတို့ပေးတဲ့တောင်ဝှေးကို ယူမိရင် ပိုက်ဆံအတင်းတောင်းတော့ တာပါပဲ။ တစ်ယောက်ကို ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ၀ိုင်းအုံလာတော့တာပါပဲ။ အရမ်းကိုဆင်းရဲကြပြီး သနားစရာလည်း ကောင်းပါတယ်။

ဂူအတွင်းရှိ ရုပ်ပွါးတော်
Resigzed ImageClick this bar to view the full image.


တောင်ပေါ်သို့တက်ရာလမ်းပါ
Resigzed ImageClick this bar to view the full image.


တောင်တန်းသွယ်ကြီးပါ
Resigzed ImageClick this bar to view the full image.


လိုင်ဂူဝပါ။ တောင်ပေါ်မှာပါ တောင်ပေါ်မှာ တိဘက်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။ ခဏခဏဓားမြတိုက်ခံ ရတယ်လို့ကြားပါတယ်။ တော်ပေါ်တက်ရင်လည်းတစ်ယောက်ကို တစ်ယောက်စောင့်ပြီးတက် ရပါတယ်။ လုံခြုံမှု မရှိလို့ပါ။
Resigzed ImageClick this bar to view the full image.


(ဇ) နိုင်ငံတကာ ဘုန်းကြီးကျောင်းများပါ။

ထိုင်းဘုန်းကြီးကျောင်းပါ


ထိုင်းဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်ပွားတော်ပါ
Resigzed ImageClick this bar to view the full image.


ဂျပန် ဘုန်းကြီးကျောင်းဘေးနားရှိ ရုပ်ပွားတော်ပါ။ ဂျပန်သွားချင်လို့ ဆုတောင်းရင်ပြည့်တယ် လို့ဆိုပါတယ်။ ဘယ်ရမလဲ ကျွန်မလဲဆုတောင်းခဲ့ပါတယ်။ ဂျပန်ရှိ ကမာကူရုပ်ပွားတော်နှင့် ထုထည်တူတည်တယ်လို့ ဆိုပါတယ်။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းပါ။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

ဗုဒ္မ္မဂါယာ ခရီးစဉ်(၂)

မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-

(၁) ဓမ္မေခ စေတီ၊
(၂) မူလ ဂန္နကုဋိဝိဟာရ၊

(၃) ချောက်ခဏ္ဍီစေတီ၊

လေ့လာစရာတွေ ကတော့ ကျန်ပါသေးတယ်။ ကျွန်မမှတ်မိ သလောက်ဘဲဖော်ပြထား ခြင်းပါ။ ဒါကတော့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ

Resigzed ImageClick this bar to view the full image.


ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။

ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၁၄၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


သာဝတ္တိသို့

ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -

(၁) ဇေတ၀န်ကျောင်းတော်ရာ၊

(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊

(၃) အာနန္ဒာဗောဓိ၊


ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.



http://chitsanoe.blogspot.com မှ တဆင့် ကူးယူ မျှဝေခြင်း ဖြစ်ပါတယ်။ Posted 2010