Saturday, July 9, 2011

အက်ဒင်ဘရာမြို့က မြန်မာဟိုတယ်

စကော့တလန်ရဲ့မြို့တော် အက်ဒင်ဘရာမှာ မြန်မာဟိုတယ်တစ်ခုရှိတာ ဒီမြို့ကို ရောက်ဖူးကြတဲ့ မြန်မာ အများစု သိကြမယ်ထင်ပါတယ်။ နာမည်က မင်္ဂလာ တဲ့။ ပိုင်ရှင်အမျိုးသမီးက ဒေါ်မြင့်စုလို့ သိရပါတယ်။ ဟိုတယ်ကတော့ ပုံစံတူ တောာင်းဟောက်စ် နှစ်ထပ် အိမ်ခန်း တွဲတွေထဲက အိမ်တွဲ တစ်လုံးပါပဲ။ ဂျော်ဂျိယန်းခေတ်က အိမ်ပုံစံမျိုးပါ။ ဒီဟိုတယ်ရှိတဲ့ လမ်းထဲမှာကိုပဲ တခြားတည်းခိုခန်းတွေ၊ ဟိုတယ်တွေလည်း ရှိပါတယ်။ အက်ဒင်ဘရာ မြို့လည် တည့်တည့်မဟုတ်ပေမယ့် မြို့သစ်ထဲမှာပါ။ ဒီမြို့မှာက မြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး ရှိပါတယ်။
ဟိုတယ်ရဲ့ အခန်းခ ဈေးနှုန်းတွေကလည်း အလယ်အလတ်တန်း လောက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူတစ်ယောက်ကို ဧည့်ပါးတဲ့ရာသီဆိုရင် ၂၅ ပေါင်ကနေ ဧည့်များတဲ့ရာသီမှာဆိုရင် ၈၅ ပေါင်ထိ ရှိပါတယ်။ နှစ်ယောက် သုံးယောက် တည်းမယ်ဆိုရင် တစ်ခန်းတည်းဆိုပေမယ့် အရေအတွက် အလိုက် ထပ်တိုးပြီး ပေးရပါတယ်။ ပျှမ်းမျှအနေနဲ့ဆိုရင်တော့ တစ်ခန်းကို ၄၀-၅၀ ကနေ ၁၀၀ ကျော်လောက်အထိ ရှိနိုင်ပါတယ်။
ဟိုတယ်ရဲ့လိပ်စာကတော့
Mingalar
2 East Claremont Street
Edinburgh
EH7 4JP
Scotland
Tel.: (+44 or 0) 131 558 7868

ဝက်ဆိုက်ကနေ ချက်ချင်း အခန်းမှာယူလို့လည်း ရပါတယ်။ http://mingalar.eu

0 comments:

Post a Comment