Beauty of Thailand ထိုင်းနိုင်ငံကို သွားလည်မယ်
Welcome to iMyanmarGo.com
Beauty of Shan State ရှမ်းပြည်နယ် အလှ
Welcome to iMyanmarGo.com
Beauty of Rakhine State ရခိုင်ပြည်နယ် မြောက်ဦးက စေတီ ပုထိုးများ
Welcome to iMyanmarGo.com
Beauty of UK ယူကေနိုင်ငံမှာ လည်စရာ ပတ်စရာ
Welcome to iMyanmarGo.com
Beauty of Brighton ယူကေက ဘရိုက်တန် ကျောက်စရစ်ကမ်းခြေ
Welcome to iMyanmarGo.com
Beauty of France ပြင်သစ်က ရှေးဟောင်းယဉ်ကျေးမှုနဲ့ ခေတ်သစ်အနုပညာ
Welcome to iMyanmarGo.com
Beauty of Singapore စင်္ကာပူကို သွားလည်မယ်
Welcome to iMyanmarGo.com
Thursday, February 4, 2010
စင်ခေါန် နယ်စပ်ဂိတ်
စင်ခေါန် နယ်စပ်ဂိတ်ဟာ တနင်္သာရီမြို့ နယ်နဲ့ ဆက်စပ်နေတဲ့ မော့တောင်ကြားလမ်းမှာ ရှိပါတယ်။ စင်ခေါန် နယ်စပ်ဂိတ်ဟာ ပရာ့ကျွ(ပ်)ခီရီခန်ခရိုင်၊ ပရာ့ကျွ(ပ်)ခီရီခန် မြို့ နယ်၊ ခလောင်းဝမ်းကျေးရွာ အုပ်မှာရှိပါတယ်။ စင်ခေါန် နယ်စပ်ဂိတ်မှာ မြန်မာ ဘက်ခြမ်းက မော့တောင်ရွာခံ တွေလာရောက်ရောင်း ချတဲ့ ကျွန်းသစ်ပရိဘောဂပစ္စည်း၊ သစ်ခွပန်းနဲ့  ဟင်းသီးဟင်းရွက်တွေ အပြင် မြန်မာအလှကုန်နဲ့  အထည်တွေလည်းရောင်းတာကိုတွေ့ ရတယ်။
ဗန်ကောက်မြို့ ကနေ ကီလိုမီတာ ၃၅၀ နီးပါးဝေးပါတယ်။ ကိုယ်ပိုင်ကားနဲ့ ဆိုရင် ၃ နာရီလောက် သွားရပါတယ်။ ဗန်ကောက်မြို့ ကနေ တောင်ဘက်ကိုဆင်းသွားရတယ်။ ဖေ့တ်ကစေမ်အဝေးပြေး လမ်းမကြီး အတိုင်းသွားရပြီး စမွတ်စာခေါန်းခရိုင်၊ စမွတ်စုံ ခရမ်းခရိုင်နဲ့ ဖေ့တ်ဘူရီခရိုင်တွေ ကိုဖြတ်သွားပြီးနောက် ပရာ့ကျွ(ပ်)ခီရီခန်မြို့ ပြင် အဝေးပြေးလမ်း အတိုင်းဖြတ် သွားပြီးနောက် ကီလိုမီတာ ၃၃၂ အရောက်မှာ ညာဖက်ခြမ်းကိုချိုးသွားရပါတယ်။ ဖေ့တ်ကစေမ် အဝေးပြေးလမ်းမကနေ စင်ခေါန်နယ်စပ်ကို ၁၂ ကီလိုသွားရပါတယ်။ အဝေးပြေးကားနဲ့  သွားမယ်ဆိုရင် ဗန်ကောက်မြို့  တောင်ပိုင်းကားဂိတ်ဖြစ်တဲ့ စိုင်တိုက်မိုင်ကားဂိတ်မှာ သွားစီးရပါတယ်။
ပရာ့ကျွ(ပ်)ခီရီခန် မြို့  ကားဂိတ်ကိုရောက်ပြီးနောက် စင်ခေါန်နယ်စပ်ကို လိုင်းကားနဲ့  တဆင့်သွားရပါတယ်။ နယ်စပ်ကိုသွားတဲ့ လိုင်းကားက နံနက်စောစောပိုင်းသာရှိပါတယ်။ ညနေပိုင်းဆိုရင်တော့ ပုဒ်ပြတ်ငှါးသွားရမှာဖြစ်ပါတယ်။
စလုံးကို သုံးရက်ခရီး

ပထမဆုံးတွေ့ရမှာက ချန်ဂီးလေဆိပ်။ သန့်ရှင်းသပ်ရပ်တယ်ဆိုလို့ လေဆိပ်ရောက်ရောက်ချင်း လေဆိပ်ကိုကြည့်တော့ တကယ်သပ်ရပ်ပါတယ်။ မြန်မာပြည်နဲ့စာရင် ကွာတယ်လို့ပြောလို့ရပေမယ့် ဘန်ကောက်လေဆိပ်လောက်တော့ မကြီးပါဘူး။ ဒါပေမယ့် စင်္ကပူက ပိုသပ်ရပ်တယ် ထင်ပါတယ်။ ဆိုက်ရောက် အဆောင်ကနေ အောက်ထပ်ကို တစ်ထပ်ဆင်းတော့ ဗီဇာနဲ့ပတ်စပို့စစ်တဲ့ လ၀ကရောက်၊ အဲ ဒီမှာ ကြုံတုန်းပြောရရင် စင်ကာပူဗီဇာက A4 စာရွက်တစ်ရွက်ကို ပရင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက်ပါပဲ။ တချို့နိုင်ငံတွေဆိုရင် အွန်လိုင်းကနေ လျောက်လို့ရတယ်။ မြန်မာနိုင်ငံလည်းပါတယ်။ ဗီဇာကြေး အစိမ်း ၆၅ ဒေါ်လာ ပေးရတယ်။ တခြားနိုင်ငံတွေကို ပတ်စပို့စာရွက်မှာ ကပ်မပေးဘူး။ လ၀ကမှာ ၁၀ မိနစ်လောက်တန်းစီပြီး ကိစ္စပြီးသွားတော့ နောက်ထပ် အောက်တစ်ထပ်ဆင်းပြီး အိပ်တွေဝင်ယူပြီးနောက် အပြင်ဘက်မှာ တန်းစီးစောင့်နေတဲ့ တက္ကစီတစ်စီးပေါ်တက်လိုက်ပါတယ်။ စင်ကာပူမှာက တက္ကစီပေါ် စတက်တက်ချင်း ၃ ဒေါ်လာလောက်ပေးရပါတယ်။ စလုံး ၃ ဒေါ်လာဆိုတော့ အစိမ်း ၂ ဒေါ်လာလောက်ရှိမှာပေါ့။ ကားအမျိုးအစားနှစ်မျိုးရှိတယ်လို့ လာကြိုတဲ့သူငယ်ချင်းက ပြောတယ်။ နည်းနည်းကောင်းတဲ့ကား မာစီဒီးလို ကားလိုင်းမျိုးက စတက်တက်ချင်းမှာ နည်းနည်းပိုပေးရတယ်လို့ပြောတယ်။ ဒါပေမယ့် စင်္ကပူမှာက လူအများသုံး ဘတ်စ်ကား၊ MRT မြေအောက်ရထားတွေနဲ့ အဆင်ပြေပြီး ဈေးနှုန်းလည်းပိုသက်သာတော့ အများသုံးယဉ်တွေကိုပဲ အသုံးပြုကြတာ များပါတယ်။ လေဆိပ်ကနေ စီးတီးဟောလ် မြို့ထဲကို ရထားနဲ့လာရင် ၁ ဒေါ်လာခွဲလောက်ပဲ ပေးရပေမယ့် ကားနဲ့ဆိုရင် ဒေါ်လာ ၂၀ လောက်ပေးရပါတယ်။

အထပ် ငါးထပ်ခြောက်ထပ်လောက် ရှိတဲ့ ပင်နီဆူးလာထဲကို ရောက်တော့ တကယ့် မြန်မာပြည်က ယုဇနပလာဇာတို့၊ ဒဂုံစင်တာတို့ ရောက်သွားတဲ့အတိုင်းပါပဲ။ မြန်မာထမင်းဟင်း၊ လက်ဘက်ရည်၊ အသုံးအဆောင်၊ အ၀တ်အစား၊ ကွမ်းယာကအစ အကုန်ရှိတယ်။ လူတွေကလည်း စနေ၊ တနင်္ဂနွေဆိုတော့ ပြွတ်ခဲနေတာပဲ။ သူငယ်ချင်းတွေနဲ့ဆုံဖို့၊ မြန်မာစာလေးတွေ စားသောက်ဖို့၊ (ယောင်္ကျားလေးတွေကတော့ မျက်စေ့အစာကြွေးဖို့လည်း ပါမယ်ထင်တယ်) မြန်မာတွေ လာကြတယ်။
စင်္ကပူမှာ သုံးရက်လည်ဖို့ သွားမယ့်နေရာတွေကို ဒီလို ခွဲလိုက်တယ်။
ပထမနေ့
ပင်နီဆူးလားပလာဇာ (မြန်မာကုန်တိုက်)
Esplanade ပြဇာတ်ရုံ
Merlion (မာလီယွန်ဆိုတာ ဓာတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ ခြင်္သေ့တစ်ပိုင်းနဲ့ငါးတစ်ပိုင်းရုပ်)
Asian Civilisation Museum အာရှယဉ်ကျေးမှုပြတိုက်
စင်ကာပူမြစ်တစ်လျောက်
- - -
ဒုတိယနေ့အောချပ်လမ်းတစ်လျောက် လျော့ပင်း၊ VivoCity
စန်တိုဆာကျွန်းဥယျာဉ် (ရေအောက်ငါးပြတိုက်၊ လင်းပိုင်ပြပွဲ၊ Song of the Sea ညပိုင်း)
တတိယနေ့
အီလက်ထရောနစ်လျော့ပင်း, Funan, Sim Lim Square
တရုတ်ပန်းခြံ၊ သစ်ခွပန်းခြံNight Safari ညပိုင်း တိရစ္ဆာန်ရုံ
သူငယ်ချင်းများဖြင့် ညရှုခင်းများလည်ပတ်
စင်ကာပူမှာက သုံးရက်လောက် ဆက်တိုက်လည်ရင် လည်စရာကုန်သလောက်ဖြစ်သွားမယ်ထင်ပါတယ်။ ပထမနေ့လျောက်လည်ရတဲ့ စင်ကာပူမြို့လယ်နေရာကတော့ စင်ကာပူရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ခေတ်မီတိုက်တာအဆောက်အအုံတွေရဲ့ ခန်းနားမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ စင်္ကပူမြစ်ကလည်း မြစ်ဆိုတာထက် အုတ်ဘောင်တွေနဲ့ သန့်ရှင်းလှပတဲ့ ချောင်းကြီးတစ်ခုလို့ ပြောရမှာပါ။ မြို့လယ်ကောင်မှာ တစ်နေရာနဲ့တစ်နေရာ ခြေလျင်လျောက်လည်လို့ရပါတယ်။ ခြေထောက်တော့ နည်းနည်းညောင်းတာပေါ့။ မြန်မာတွေကတော့ နေရာအများအပြားမှာ တွေ့ရပါတယ်။ မြန်မာစကားပြောသံတွေ တချို့နေရာတွေမှာ သွားရင်းလာရင်း ကြားနေရပါတယ်။
စန်တိုဆာကျွန်းကတော့ မဖြစ်မနေသွားရမယ့်နေရာပါ။ မြို့လယ်ကနေ မိနစ် ၂၀ လောက် မြေအောက်၊ မြေပေါ်ရထား နှစ်ဆင့်စီးရင် ရောက်ပါတယ်။ ကုန်တင်ကုန်ချဆိပ်ကမ်းဘေးကနေ ဖြတ်သွားတော့ ကွန်တိန်နာတွေ၊ ကရိန်းတွေကို လှမ်းမြင်နေရတယ်။ ကျွန်းထဲမှာရှိတဲ့ ရေအောက်ကမ္ဘာငါးပြတိုက်ကတော့ မရောက်ဘူးသေးရင် သွားကြည့်သင့်ပါတယ်။ စကောလောက်ရှိတဲ့ ငါးလိပ်ကျောက်ကြီးတွေကို ကိုင်ရဲရင် ရေထဲလက်နိုက်ပြီး ကိုင်ကြည့်လို့ရသလို ငါးမန်းတွေ၊ အမည်မသိတဲ့ ငါးတွေအများကြီးရှိပါတယ်။ နောက်ပြီး လင်းပိုင်ပြပွဲလည်းရှိပါတယ်။ လင်းပိုင်းတွေ လေထဲပျံတက်တာ၊ ကြိုးကွင်းခုန်တာ၊ ဘောလုံးကစားတာတွေ ပြပါတယ်။ လင်းပိုင်နဲ့ ဓာတ်ပုံတွဲရိုက်လို့လည်း ရပါတယ်။ ပိုက်ဆံတော့ ပေးရတယ်။ သဲသောင်ပြင်ပေါ်မှာတော့ လူတွေ ဘောလီဘောပုတ်တဲ့သူတွေ ကစားနေကြသူတွေရှိသလို တချို့လည်း ကမ်းစပ်မှာ ရေချိုးနေကြတယ်။ (ဒီကမ်းစပ်က ခပ်သေးသေးပါ။ ဒါက အနောက်ဘက်ကမ်း West Coast ထဲမှာ ရှိပါတယ်။ စင်္ကပူကလူတွေ အေးအေးဆေးဆေးကမ်းစပ်ထိုင်ချင်ရင် လေဆိပ်နားက East Coast ကို သွားကြတယ်လို့ ဆိုပါတယ်)။ ကြိုးတံတားလေးတစ်ခုကို ဖြတ်ပြီး နောက်ထပ် ကျွန်းကမူသေးသေးလေးပေါ်ရောက်တော့ ပင်လယ်ပြင်ထဲမှာ သင်္ဘောတွေ ကျောက်ချထားတာတွေ့ရတယ်။ ညပိုင်းမှာ ကြည့်ရတဲ့ ပင်လယ်ရဲ့သီချင်းသံ (Song of the Sea)ကတော့ ရေပန်းတွေပေါ်ကို ဆလိုက်တွေထိုးပြီး ရေပန်းကို ပိတ်ကားသဏ္ဍန်လုပ်ပြီး ရုပ်ရှင်သရုပ်ဖော်လုပ်တဲ့ပြကွက်တွေပါ။ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။
နောက်နေ့တွေမှာတော့ အောချပ်လမ်းတို့ ၊ ဘူးကစ်စ် တို့၊ နောက် ပင်နီဆူလားရှော့ပင်းကွန်ပလက်စ်၊ Funan အီလက်ထရောနစ်ဆိုင်တို့ကို ရောက်ပါတယ်။ လျောက်ကြည့်ရင်း ဈေးဝယ်ချင်ရင် ၀ယ်ရအောင်လို့။ ပစ္စည်းတွေက ကောင်းတယ်လို့ ယူဆရသလို ဈေးတွေကလည်း မချိုပါဘူး။ Night Safari ကလည်း မရောက်ဘူးရင် သွားကြည့်လို့ ကောင်းပေမယ့် ထူးထူးခြားခြားပြကွက်တွေ၊ မြင်ကွင်းတွေ မတွေ့ရပါဘူး။ ညဘက်မှာ တိရစ္ဆန်ရုံကို တွေ့ရတာပါပဲ။ သစ်ပင်ချုံနွယ်အုံ့မှိုင်းမှိုင်းတွေအောက်မှာ မီးအလင်းအမှောင်တွေတော့ ချိန်ထားတာ တွေ့ရပါတယ်။ သုံးရက်ခရီးကတော့ အများကြီးလည်ရလို့ တန်တယ်လို့ ပြောရမှာပါ။
စလုံးဓာတ်ပုံများကြည့်လိုလျင်
စလုံးအချက်အလက်များ
မြန်မာနဲ့ ကမ္ဘာ့အရပ်ရပ်မှာ ရှိနေကြတဲ့ စာဖတ်သူမိတ်ဆွေတို့အနေနဲ့လည်း ရောက်ဖူးတဲ့ အတွေ့အကြုံတွေရှိရင် သိချင်ပါတယ်။ အချက်အလက်တွေ ပေးပို့စေလိုပါတယ်။
ချင်းမိုင်မြို့ အချက်အလက်များ
တည်ရှိရာနိုင်ငံ
| | ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ဒုတိယမြို့ တော်၊ ခရိုင်မြို့  ဖြစ်တယ်။ ၂၅ မြို့ နယ်ရှိတယ်။
|
စတင်တည်ခဲ့တဲ့နှစ် | | ၁၂၉၆ ခုနှစ်မှာ သီးခြားနိုင်ငံအဖြစ် မန်းရိုင်း စော်ဘွားမင်းက စတင်တည်ထောင်တယ်။ |
အကျယ်အ၀န်း
| | ၂၀၁၀၇ စတုရန်းကီလိုမီတာ
|
လူဦးရေ
| | ၁ ဒသမ ၆၇ သန်းကျော်
|
ဖုန်းကုတ်
| | ချင်းမိုင်အ၀င် +66-053 (landline) +66-8 (mobile)
|
ဘာသာစကား
| | မြောက်ပိုင်း ရှမ်းစကား
|
ကိုးကွယ်ဘာသာ
| | ဗုဒ္ဓဘာသာ
|
လည်စရာပတ်စရာများ | | |
| | ချင်းမိုင် မြို့ ရိုးချုံးပတ်ပတ်လည်၊ အင်းထနွန်းတောင်ပေါ်ဘုရား၊ ဗန်နာဝက်ဝံ တိရိစ္ဆာန်ရုံ၊
|
(ဈေးဝယ်စရာ) | | နိုက်ဘဇားဈေး၊ |
ကားဂိတ် | ဗန်ကောက်မှ ချင်းမိုင်းအသွား | မော်ချစ်ကားဂိတ်မှာ စီးရပါတယ်။ ဖုန်းနံပတ် 02-9362841- 48 / 02-9362852-66 လိုင်းခွဲ 442, 311 |
| ခရီးအကွာအဝေး | ၇၁၃ ကီလိုမီတာ။ |
| ကြာမြင့်ချိန် | ၉ နာရီ မှ ၁၀ နာရီ အထိကြာမြင့်တယ်။ |
| ကားခနှင့် ဗန်ကောက်မှစထွက်ချိန် | ဗွီအိုင်ပီ ဘတ်စ်ကား ၈၀၆ ဘတ် နံနက် ၉ နာရီ ည ၈ နာရီ (၁၁.၂.၂၀၁၀ အချက်အလက်) |
| | လေအေးစက(၁) ၅၁၈ ဘတ် ည ၉ နာရီ ၄၅ မိနစ် (၁၁.၂.၂၀၁၀ အချက်အလက်) |
ဘန်ကောက်လေဆိပ် နဲ့ ဆေးရုံ (ကျော်ကျော် - မိုးမခ ခရီးသွားဆောင်းပါး)
ခရီးစဉ်အသွားအပြန်တခုလုံးကို China Airlines နဲ့ သွားခဲ့ပါတယ်။ ချိုင်းနားအဲယားရဲ့ လက်မှတ်က အခြားလိုင်းထက် သက်သာပါတယ်။ အေးဂျင့်တွေကနေတဆင့် ၀ယ်စရာမလိုပါဘူး၊ www.china-airlines.com ကနေ တိုက်ရိုက်လွယ်ကူစွာ မှာယူလို့ရပါတယ်။ အမေရိကန် ဆန်ဖရန်စစ်စကို ဘေးဧရိယာအတွင်း နေထိုင်သူများ လေဆိပ်အသွားအပြန် အခက်အခဲရှိသူတွေအတွက် east bay shuttle ဗင်ကားကုမ္ပဏီရဲ့ ၀န်ဆောင်မှုဟာ အလွန်ကောင်းပါတယ်။ အခြားသူများနဲ့မရောပဲ သီးသန့်ကြိုပို့တယ်၊ ကားတွေကသန့်တယ်၊ ဒရိုင်ဘာတွေလည်း ဆက်ဆံရေး အလွန်ကောင်းပါတယ်။ ကြိုပို့ကားကို မှာဖို့အတွက် eastbayshuttle.net မှာ ဘွတ်ကင်လုပ်နိုင်ပါတယ်။
ဘန်ကောက်အပြည်ပြည်ဆိုင်ရာ သုဝဏ္ဏဘုံမိလေဆိပ်(Suvarnabhumi Airport) ကို ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာဖြတ်၊ အထုတ်အပိုးတွေရွေးပြီးရင် Arrival Exit ကိုရှာပြီး အပြင်ကိုထွက်ပါ။ လေဆိပ်အတွင်းမှာ အခမဲ့ယူနိုင်တဲ့ ဘန်ကောက်မြေပုံတခုကို ယူထားလိုက်ပါ။ ဓာတ်လှေကားနဲ့ အောက်ထပ်ကိုဆင်း၊ Public Taxi ဆိုင်းဘုတ်ကိုရှာပြီး အပြင်ကိုထွက်သွားလိုက်ရင် အ၀ါနဲ့အစိမ်းရောင်ပါ တက်စီကားတွေ စီတန်းထားတဲ့နေရာကို တွေ့ရပါမယ်။ ကောင်တာမှာ မိမိသွားလိုတဲ့နေရာကိုပြောပြရင် ဈေးနှုံးသိရပါမယ်။ ဥပမာ ကျနော်တည်းခိုတဲ့ စူကွန်ဗစ်အရပ်(Sukhumvit)ဆိုရင် ဟိုင်းဝေးဂိတ်ကြေးအပါအ၀င် ထိုင်းဘတ်ငွေ ၄၀၀ (ခရီးသည်နဲ့ပစ္စည်းများရင် ၅၀၀) ဟာ ပုံမှန်ဈေးနှုံးဖြစ်ပါတယ်။ ဒရိုင်ဘာတွေက ဟိုင်းဝေးဂိတ်ကြေး ၂ ခု အတွက် (၄၅ + ၂၅) ဘတ် ၇၀ ပေးရပါတယ်။
လေဆိပ်ကနေမြို့တွင်းကိုသွားဖို့ ပိုပြီးအကုန်အကျသက်သာတဲ့ အခြားနည်း၂ခုကတော့ ဘတ်စ်ကားလိုင်းနဲ့ ဖြစ်ပါတယ်။ အထုတ်အပိုးနည်းနည်းနဲ့ စုံတွဲ သို့မဟုတ် တယောက်တည်းသမားအတွက် ပိုသင့်တော်ပါတယ်။ မိမိသွားလိုတဲ့ နေရာပေါ်မူတည်ပြီး Airport Express Bus AE01,02,03,04 လေးလိုင်းရှိပါတယ်၊ လူတယောက်ကို ဘတ် ၁၅၀ ပေးရပါတယ်။
အသက်သာဆုံးကတော့ ရိုးရိုးဘတ်စ်ကားလိုင်း ဖြစ်ပါတယ်။ ၂ ဆင့်စီးရပါတယ်။ public taxi စီးရမဲ့နေရာရဲ့ ညာဖက်ကိုဆက်လျှောက်သွားပါ၊ အဆုံးနားမှာ ဘတ်စ်ကားမှတ်တိုင်လေးနဲ့ ထိုင်ခုံတန်းလေးတွေ့ရပါမယ်၊ အဲဒီမှာ ဘတ်စ်ကား စောင့်ရပါမယ်။ Airport shuttle/bus ဆိုတဲ့ကား မှတ်တိုင်မှာလာရပ်ရင် တက်စီးသွားပါ၊ အဲဒီဘတ်စ်က အခမဲ့ဖြစ်ပါတယ်။ လေဆိပ်ကနေ ထွက်ခွာပြီး ၁၅ မိနစ်လောက်အကြာမှာ bus terminal (ဘတ်စ်ကားဂိတ်ဝင်းအကြီးကြီး) မှာ ရပ်တယ်၊ အဲဒီမှာဆင်းပြီး ဆိုင်းဘုတ်ကြီးတခုမှာ ကိုယ်သွားချင်တဲ့ လမ်းနာမည်ကိုရှာပြီး သက်ဆိုင်တဲ့ ဘတ်စ်ကားနံပတ်မှာ သွားစီးရပါတယ်။ ကျနော်တည်းတဲ့ စူကွန်ဗစ်လမ်းကို ၃၄ ဘတ်ပဲ ပေးရပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး(၁ နာရီခွဲလောက်) စီးရပါတယ်။
ဘန်ကောက်မှာ အမေက ကျန်းမာရေးစစ်ဆေးဖို့လည်း ရှိနေတယ်ဆိုတော့ သူသွားနေကျ ဘန်ရမ်ဂရတ်ဆေးရုံ(Bumrungrad International Hospital) ကိုလည်း ကျနော်ရောက်ခဲ့ပါတယ်။
အဲဒီဆေးရုံရဲ့ နာမည်ကျော်ကြားမှု ၀န်ဆောင်မှုကောင်းမှုကိုတော့ အထူးမရေးတော့ပါဘူး။ bumrungrad.com မှာ သွားပြီးလေ့လာလို့ရပါတယ်။ ဆေးရုံက Sukhumvit soi 1 စူကွန်ဗစ်လမ်းမကြီး လမ်းသွယ် (၁)နဲ့(၃) ကြားမှာ တည်ရှိပါတယ်။ ကျနော်တို့က လမ်းသွယ်(၁)က တိုက်ခန်းတခုမှာနေပါတယ်။ ဆေးရုံက မျက်နှာချင်းဆိုင်မှာဆိုတော့ အမေဆေးစစ်ဖို့အတွက်သာမက အစာစားဖို့ အင်တာနက်သုံးဖို့အတွက် မကြာခဏ ဆေးရုံကိုရောက်ဖြစ်ပါတယ်။
ဆေးရုံမှာ ဆေးလာကုကြတဲ့ နိုင်ငံတကာကလူနာတွေထဲမှာ မြန်မာပြည်ကလူတွေလည်း မနည်းပါဘူး။ ဆေးရုံအနားတ၀ိုက် တည်းခိုခန်းမှာ စားသောက်ဆိုင်တန်းမှာ ဆေးရုံထဲမှာ နေ့စဉ်လိုလို မြန်မာဧည့်သည်တွေနဲ့ ဆုံတတ်ပါတယ်။ ဆေးရုံထဲက စားသောက်ဆိုင်တွေထဲမှာလည်း မြန်မာပြည်က အလုပ်သမား စုစုပေါင်း ၁၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ ဒါတင်မကပါဘူး ဘန်ရမ်ဂရတ်ဆေးရုံမှာ မြန်မာစကားပြန်ရှိတယ်၊ ငွေလဲလှယ်ပေးတဲ့ မြန်မာရှိတယ်၊ မြန်မာသူနာပြုတွေလည်း ရှိပါတယ်။
အထူးသဖြင့် မြန်မာပြည်ကနေ ဆေးလာကုကြတဲ့ လူနာတွေ အဆင်ပြေဖို့အတွက် ဆေးရုံအနားမှာ တည်းခိုခန်းတွေ၊ apartment (ဟိုမှာ ကွန်ဒုံ condominium လို့ခေါ်တယ်) တွေ၊ တိုက်ခန်းဌားစားတဲ့ မြန်မာကိုယ်စားတွေ ရှိကြပါတယ်။ အကြမ်းဖျင်း အိပ်ခန်း၁ခု နဲ့ အိပ်ခန်း၂ခုပါ တိုက်ခန်းဌားခဟာ တရက်ကို ဘတ် ၉၉၀ နဲ့ ဘတ် ၁၅၀၀ အတွင်းရှိပါတယ်။ (ဒီရက်ပိုင်းအတွင်း ငွေလှဲနှုံးကတော့ ၁ ဒေါ်လာ = ၃၃ ဘတ် ခန့် ရှိပါတယ်)
စူကွန်ဗစ်အရပ်မှာ နေထိုင်သူများအတွက် ငွေလဲလှယ်ဖို့ super rich money exchange ဆိုင်မှာလဲရင် အခြားနေရာတွေထက် နဲနဲပိုရပါတယ်။ တလမ်းထဲမှာ Super Rich ဆိုင်ခွဲတွေ ၄ ခုလောက်ရှိပြီး ဈေးနှုံးတွေအတူတူ ဖြစ်ပါတယ်။ လိပ်စာကတော့ 67-69 Rachadamri Rd ဖြစ်ပြီး Big C စတိုး နဲ့ Central World Plaza နဲ့ နီးပါတယ်။ အရေးပေါ်လဲလှယ်ဖို့ဆိုရင်တော့ နီးစပ်ရာဘဏ်တခုခုမှာ လဲနိုင်ပြီး ၀.၃၀ ခန့််သာကွာခြားပါတယ်။
ဘန်ကောက်မှာ အစားအသောက်တွေက ပေါများပါတယ်။ လမ်းဘေးဆိုင်တွေမှာ ခေါက်ဆွဲတပွဲ ၂၅ ဘတ်၊ အုန်းသီးတလုံး ၂၀ ဘတ်၊ သင်္ဘောသီးထောင်း ၄၀ ဘတ်၊ ကန်ဇွန်းရွက်ကြော် ၄၀ ဘတ်၊ ထိုင်းအချိုပွဲ(သရက်သီးနဲ့ ကောက်ညှင်းထမင်း နို့ဆမ်း) ၄၀ ဘတ်။ ဆေးရုံထဲကဆိုင်တွေမှာတော့ ဈေးအနည်းငယ်ပိုပေးရပါတယ်။ ခေါက်ဆွဲ၊ ကြက်ဆီထမင်း၊ ကီးမားပလာတာ၊ ဆန်ပြုတ် တွေက ၅၀ - ၉၀ ဘတ်အတွင်းရှိပါတယ်။ ဒါပေမဲ့ အဲယားကွန်းအခန်းနဲ့ အေးအေးဆေးဆေးတော့ စားသောက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံဟာ လည်ပတ်လို့လည်းကောင်း အကုန်အကျလည်း သက်သာတယ်လို့ ဆိုရပါမယ်။ ခရီးသွားမှတ်စုကို ဆက်လက်ရေးသား သွားပါမယ်။
၁။ Bumrungrad Hospital - 33 Sukhumvit Soi 3, Bangkok 10110 (bumrungrad.com)
မြန်မာပြည်အေးဂျင့် - လှကေခိုင်၊ ခင်သန္တာ Summit Parkview Hotel, Yangon, phone – (951) 723999 ext. 238
၂။ ဆေးရုံမြန်မာစကားပြန် - ဒေါ်မြမြ၀င်း(Tammy), phone - 0818014496
၃။ ဆေးရုံအနား အခန်းဌားရန် - ဒေါ်အားရင်(Ah Yin), phone - 0800493175
၎။ အလည်အပတ်အတွက် ကားဌားရန် - ကိုဝင်းလွင်, phone – 0863022672
၅။ လေယာဉ်လက်မှတ်စုံစမ်းဖို့ - www.china-airlines.com
ဘန်ကောက်ခရီး (ကျော်ကျော် - မိုးမခ ခရီးသွားဆောင်းပါး)
တိုးရစ်တွေက Tok Tok လို့ခေါ်တဲ့ သုံးဘီးကားကို စီးရတာ သဘောကျတယ်။ တုတ်တုတ်က ကိုယ်ထည်သေးတော့ ဟိုကြားတိုး ဒီကြားကွေ့နဲ့ တက်စီထက်တော့ ခရီးပိုတွင်တယ်။ နေ့ခင်းပိုင်းက ပူတော့ ညပိုင်းစီးတာက ပိုကောင်းပါတယ်။ တယောက်တည်းဆိုရင် မော်တော်ဆိုင်ကယ်နဲ့သွားရင် ပိုမြန်ပါတယ်။ လမ်းတွေ ဘယ်လောက်ပိတ်ပိတ် မတုန်မလှုပ်ဖြစ်နေတဲ့ ကားတွေကြားထဲ ဆိုင်ကယ်သမားတွေက မြွေလိမ်မြွေကောက်မောင်းပြီး ထိပ်ဆုံးကပဲ ပြေးနေကြတယ်လေ။
ကျနော့်ရဲ့အကြိုက် ခရီးသွားနည်းတခုကတော့ မော်တော်ဘုတ်စီးတာပါ။ ကျနော်တည်းတဲ့ စူကွန်ဗစ်လမ်းသွယ် ၁ ရဲ့ အဆုံးမှာ ချောင်းကလေးတခုရှိပါတယ်။ အဲဒီချောင်းထဲမှာ ခရီးသည်တင် မော်တော်ဘုတ်တွေ အထက်အောက် ပြေးဆွဲပါတယ်။ လမ်းသွယ် ၁ က သင်္ဘောမှတ်တိုင်က Nana လို့ခေါ်တယ်။ အဲဒီကနေ ကျနော်တို့ အမြဲ ဈေးဝယ်သွားနေကျ Big C market ကို မော်တော်ခ ဘတ် ၁၀ ပဲကျပါတယ်။
ထိုင်းနိုင်ငံမှာ ကျနော်သဘောကျတာ တခုက ဆဲလ်ဖုန်းကို လွယ်ကူစွာ ဈေးပေါပေါနဲ့ ၀ယ်ယူသုံးစွဲနိုင်တာပါပဲ။ ဘယ်သူမဆို နိုင်ငံခြားဧည့်သည်တွေပါ ဆဲလ်ဖုန်းတလုံး ကောက်ဝယ်လို့ ရပါတယ်။ အမေရိကန်မှာလို စာချုပ်မလို၊ plan ရွေးစရာမလို၊ ခရက်ဒစ်သမိုင်း စစ်စရာမလိုပါဘူး။ ထိုင်းမှာတော့ ဘတ် ၁၀၀၀ (ဒေါ်လာ ၃၀) နဲ့ ဆဲလ်ဖုန်းတလုံး ဆင်းကဒ်အပါ ရော့အင့်ပေးပြီး ၀ယ်လိုက်ရုံပါပဲ။ လိုသလောက်မိနစ် ထပ်ဖြည့်ဖို့ 7 Eleven ဆိုင်တွေမှာ ဖုန်းကဒ်ကို လွယ်ကူစွာ ၀ယ်ယူနိုင်ပါတယ်။ ဆဲလ်ဖုန်းဆိုင် အမြောက်အများကို တနေရာတည်းမှာ စိတ်ကြိုက်ရွေးဝယ်ချင်တယ်ဆိုရင် MBK ရှော့ပင်းစင်တာရဲ့ ၃ ထပ်မှာ ရှိပါတယ်။
ပတ္တရားကမ်းခြေ (ကျော်ကျော် - မိုးမခ ခရီးသွားဆောင်းပါး)